နယ်မြေဒေသများ ဖွံ့ဖြိုးတိုးတက်ရေး လမ်းပန်းဆက်သွယ်ရေးကွန်ရက်များ တိုးမြှင့်ဖော်ဆောင်

ပြည်ထောင်စုကြီးတစ်ရပ်လုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေဒေသတစ်ခုနှင့် တစ်ခုအကြား လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးတို့အတွက် လမ်းပန်းဆက်သွယ်ရေးသည် အဓိကကျပေသည်။ နိုင်ငံတော်အစိုးရသည် ပြည်နယ်နှင့်တိုင်းဒေသအနှံ့ လမ်း၊ တံတားများကို ဖောက်လုပ်တည်ဆောက်ပေးခဲ့ရာ ယခုအခါ ပြည်ထောင်စုကြီး၏ အရှေ့၊ အနောက်၊ တောင်နှင့်မြောက်သို့ ရာသီမရွေး သွားလာနိုင်သည့် လမ်းကွန်ရက်စနစ်များ ဖြစ်ထွန်းလျက်ရှိနေပြီ ဖြစ်သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တံတားဆောက်လုပ်ရေး စီမံကိန်း အထူးအဖွဲ့(၁)က တည်ဆောက်ခဲ့သော ပဲခူးမြစ်ကူးတံတား(ကဝ) ဖွင့်ပွဲအခမ်းအနားကို မတ်လ၂၁ရက်နေ့က ပဲခူးမြို့နယ် ထုံးကြီးကျေးရွာဘက်ကမ်းရှိ အဆိုပါတံတားအနီး မင်္ဂလာမဏ္ဍပ်၌ ကျင်းပခဲ့သည်။
ယခင်ကပဲခူးမြစ်ကို ဖြတ်သန်းရန် ကူးတို့လှေကိုသာ အားထားခဲ့ကြရသည်။ ရာသီဥတုအခြေအနေအရ စောင့်ဆိုင်းရသည့်အခါများ ရှိခဲ့သဖြင့် ကုန်စည်ပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများအတွက် အထောက်အကူဖြစ်စေရန် ပဲခူးမြစ်ကူးတံတား(ကဝ)ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တံတားဖြစ်ထွန်းလာခြင်းကြောင့် ရန်ကုန်မြို့သို့ ခရီးမိုင်၃၇မိုင်ခန့် ခရီးကျုံ့သွားခဲ့ပြီး ပဲခူးမြို့သို့ ကိုးမိုင်ခန့် သက်သာစွာ သွားလာနိုင်မည်ဖြစ်သည်။ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအတွက် အချိန်တိုအတွင်း ခရီးပေါက်နိုင်ရန် အခွင့်အလမ်းကောင်းများ ရရှိလာခဲ့ပြီဖြစ်သည်။
ပဲခူးမြစ်ကူးတံတား(ကဝ)သည် ပဲခူးတိုင်းအတွက် အရေးပါသည့်တံတားဖြစ်ပြီး ပဲခူးတိုင်းအတွက် ပေ၁၈၀နှင့်အထက် ၁၇စင်းမြောက်ဖြစ်ကာ နိုင်ငံတော်၏ ၂၂၁စင်းမြောက် တံတားလည်းဖြစ်သည်။ ပဲခူးတိုင်းအတွင်း၌ စစ်တောင်းမြစ်ကူး (ရွှေကျင်-မဒေါက်)၊ ဧရာဝတီမြစ်ကူးတံတား (နဝဒေးတံတား-ပြည်)စသော မြစ်ကူးတံတားကြီးများကို တည်ဆာက်ပေးထားပြီဖြစ်သည်။ နိုင်ငံတော်အစိုးရသည် ပဲခူးမြစ်ကူးတံတား(ကဝ) အပါအဝင် ပြည်နယ်နှင့်တိုင်းအနှံ့ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံကောင်းများကို ဖြည့်ဆည်းတည်ဆောက်ပေးထားပြီဖြစ်ရာ ဒေသခံတိုင်းရင်းသား ပြည်သူများကလည်း မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းလက်တွဲ၍ ကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

တွံ့တေးမြို့နယ်အတွင်း ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ၀န်ကြီးဦးစိုးသာနှင့် ၀န်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်း ကွင်းဆင်းဆောင်ရွက်

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၀န်ကြီင်္းဦးစိုးသာနှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာန ၀န်ကြီးဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းတို့သည် ယမန်နေ့နံနက် ၉နာရီတွင် ရန်ကုန်တိုင်း တွံ့တေးမြို့နယ် တလုပ်ထော်ကျေးရွာ ရွာမကျောင်းတိုက်၌ တလုပ်ထော် ကျေးရွာအုပ်စု ကွမ်းခြံနှင့်ဈေးသစ်ရပ်ကွက်တို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင်ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်းနှင့် ၀န်ကြီးဦးစိုးသာတို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် ၀န်ကြီးဦးစိုးသာနှင့် ၀န်ကြီင်္းဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းတို့သည် တလုပ်ထော် ကျေးရွာအုပ်စု ကွမ်းခြံနှင့် ဈေးသစ်ရပ်ကွက်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနိက အဆောက်အအုံများ ပြုပြင်မွမ်းမံရန်၊ တလုပ်ထော်၊ မူးလမန်း၊ တောင်ကုန်းကျေးရွာတို့၌ လမ်းနှင့်တံတား ပြုပြင်တည်ဆောက်ရန်တို့အတွက် ပံ့ပိုးဖြည့် ဆည်းပေးကြသည်။ ထို့အပြင်ကျေးရွာများနှင့် ရပ်ကွက်များ၌ အများသုံး တယ်လီဖုန်း တပ်ဆင်ရေး၊ အခြေခံပညာကျောင်းများအတွက်စာရေးခုံများရရှိရေးနှင့် စာသင်ဆောင် များပြုပြင်ဆောက်လုပ်ရေး ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ နှင့်အများသုံးစက်ရေတွင်းတူးဖော်ရေးလုပ်ငန်းများအတွက် လုပ်ငန်းဆိုင်ရာလိုအပ်ချက် များကို ပံ့ပိုးဖြည့်ဆည်းပေးခဲ့ကြကြောင်း သတင်းရရှိသည်။

တိုင်းမှူးဗိုလ်ချု့ပ်ဝင်းမြင့် လျှပ်စစ်ရေတင်စီမံကိန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ဝင်းမြင့်သည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် သရက်ပင်ညောင်ကျေးရွာရှိ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ငရုတ်သီးမှုန့်လုပ်ငန်းစီမံကိန်းဇုန်သို့ရောက်ရှိရာ ရှင်းလင်းဆောင်၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှူးက မြေကွက်များဖော်ထုတ် ထားမှု၊ လမ်းရေနုတ်မြောင်းများ ဆောင်ရွက်ထားမှု၊ လျှပ်စစ်မီးနှင့် ရေရှိရေးဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းမှူးက လိုအပ်သည်များကိုမှာကြား၍ စီမံကိန်း ဇုန်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့်တိုင်းမှူးနှင့်အဖွဲ့သည် လှည်းကူးမြို့နယ်ရှိ ရေကျော်လျှပ်စစ်ရေတင်စီ မံကိန်း သို့ရောက်ရှိရာ တိုင်းရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနမှူးက နွေစပါးအောင်ရေပေးဝေမှုအခြေအနေနှင့် ဟိုက်ဒရိုတာဘိုင် ဂျင်နရေတာစက်ဖြင့် ရေကျော်ကျေးရွာသို့ လျှပ်စစ်မီးပေးဝေနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းမှူးက လိုအပ်ချက်များပံ့ပိုးဖြည့်ဆည်းပေး၍ ပင်မမြောင်းအတွင်းရေပို့လွှတ်မှုနှင့် ဟိုက်ဒရိုတာဘိုင် ဂျင်နရေတာ စက်တို့ကို ကြည့်ရှုစစ်ဆေးသည်။ ယင်းမှတစ်ဆင့် တိုင်းမှူးနှင့်အဖွဲ့သည် လှည်းကူးမြို့နယ် စစ်ပင်လျှပ်စစ်ရေတင်စီမံကိန်း၊ မလစ်လျှပ်စစ်ရေ တင်စီမံကိန်းနှင့် ဆင်ဖုံလျှပ်စစ်ရေတင်စီမံကိန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

နက္ခတ်တာရာပြခန်း(နေပြည်တော်) အောင်မြင်စွာဖွင့်လှစ်နိုင် မျိုးဆက်သစ်လူငယ်များ အာကာသသိပ္ပံပညာ စူးစမ်းလေ့လာနိုင်ကြမည်

သစ်တောရေးရာဝန်ကြီးဌာန နက္ခတ်တာရာပြခန်း (နေပြည်တော်) ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ တိရိစ္ဆာန်ဥယျာဉ်(နေပြည်တော်) အနီး အဆိုပါပြခန်း၌ မတ်လ၂၆ ရက်နေ့က ကျင်းပရာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်း ရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ နက္ခတ်တာရာပြခန်း(နေပြည်တော်)ကို ပြည်သူလူထုအပန်းဖြေကြည့်ရှုနိုင်ရန်၊ ဗဟုသုတများ တိုးပွားစေရန်နှင့် အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ အာကာသသိပ္ပံပညာရပ်များကို လေ့လာစူးစမ်းလိုစိတ်များ ကိန်းအောင်းဖြစ်ပေါ်လာစေရန် ရည်ရွယ်တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။
နက္ခတ်တာရာပြခန်း ဒီဇိုင်းပုံစံနှင့် အဆောက်အအုံတည်ဆောက်မှုအားလုံးကို နိုင်ငံသားအင်ဂျင်နီယာများ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး မြန်မာအင်ဂျင်နီယာတို့၏ ပညာရပ်စွမ်းပကားဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ ယနေ့ကမ္ဘာပေါ်တွင် ခေတ်မီနက္ခတာရာပြခန်း တည်ဆောက်ထားနိုင်သည့် နိုင်ငံများစွာမရှိသေးဘဲ နက္ခတာရာပြခန်း စုစုပေါင်း ၃၀၀ကျော်ခန့်သာရှိပြီး ခေတ်မီနည်းပညာနှင့် အဆင့်မြင့်ဒစ်ဂျစ်တယ်သုံး စက်ကိရိယာများ တပ်ဆင်နိုင်သော နက္ခတ်တာရာပြခန်းများကို ဖွံ့ဖြိုးပြီးနိုင်ငံအချို့၌သာ တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ နက္ခတ္တဗေဒနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၀၉ခုနှစ်အစပိုင်း၌ နက္ခတ်တာရာပြခန်း(နေပြည်တော်)ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၌သာမက ကမ္ဘာ၌ပါ ဂုဏ်ယူဖွယ်ရာဖြစ်ပေသည်။ ယင်းပြခန်းတွင် နက္ခတ်ပြခန်းပင်မဆောင်၊ ပညာပေးပြခန်းနှင့် ရှင်းလင်းဆောင်တို့ ပါဝင်ဖွဲ့စည်းထားပြီး တင်ဆက်ပြသမှုဆိုင်ရာ စက်ကိရိယာ ပစ္စည်းများကို နောက်ဆုံးပေါ် ခေတ်မီစက်သစ်များဖြင့် တပ်ဆင်အသုံးပြုထားသည်။ သို့ဖြစ်ပေရာ အနာဂတ်မျိုးဆက်သစ်များ နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ အာကာသသိပ္ပံပညာရပ်များတွင် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ခေတ်မီအဆင့်မြင့် နက္ခတ်တာရာပြခန်း(နေပြည်တော်)ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ဂုဏ်အင်ကို ကမ္ဘာသို့တိုင် ဖော်ထုတ်ပြသနိုင်ခြင်းဖြစ်၍ နိုင်ငံဂုဏ်ဆောင် ပြယုဂ်တစ်ခုဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

အမြန်လမ်းမကြီး နေပြည်တော်-ရန်ကုန် လမ်းအပိုင်း ဖွင့်လှစ် နေပြည်တော်ကို ဗဟိုပြု လွယ်ကူစွာသွားလာနိုင်

နိုင်ငံတော်၌ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ကုန်စည်ကူးသန်းမှု များပြား လာသည်။ လူဦးရေတိုးတက်လာခြင်းနှင့် လမ်းမကြီးများ တစ်လျှောက်ရှိ မြို့ရွာများ ဖွံ့ဖြိုး လာခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက လမ်း၊တံတားများစွာကို တိုးချဲ့ဖောက်လုပ်တည် ဆောက်ပေးနေသည် ကိုတွေ့ရသည်။
ယင်းသို့ လမ်း၊ တံတားများ အရှိန်အဟုန်ဖြင့် ဖောက်လုပ်တည်ဆောက်လျက်ရှိရာတွင် မိုင်သုံးရာကျော် ရှည်လျားသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် တစ်ခုအပါအ၀င် ဖြစ်သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်း အပိုင်း )ကို မတ်လ ၂၅ရက် က ဖွင့်လှစ်ခဲ့သည်။ အဆိုပါလမ်းမကြီးကို ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းနှင့် ကာကွယ်ရေး ၀န်ကြီးဌာန စစ်အင်ဂျင်နီယာ ညွှန်ကြားရေး မှူးရုံးတို့က တာဝန်ယူ ဖောက်လုပ် ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးဖောက်လုပ်ရေး စီမံကိန်းကို ၂၀၀၅ခုနှစ် ဧပြီလက စတင်၍ အကောင်အထည်ဖော်လျက်ရှိရာ ယခုအခါ ရန်ကုန်အမှတ် (၃) လမ်းမကြီးမှ နေပြည်တော်အထိ ၂၀၂မိုင်ကျော်ကို Tw0 Way, Two Lane ပြီးစီးပြီဖြစ်၍ ပြည်သူများအသုံးပြုနိုင်ရန် ဖွင့်လှစ်ပေးခြင်းဖြစ်သည်။
ယခုအခါ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းအပိုင်း) ကို ဖွင့်လှစ်နိုင်သဖြင့် နေပြည်တော်ကိုဗဟိုပြုပြီး မြန်မာနိုင်ငံ အထက်ပိုင်းနှင့် တောင်းပိုင်း ဒေသများ လွယ်ကူစွာဆက်သွယ်သွားလာနိုင်ကြ ပြီဖြစ်သည်။ ခရီးသွားချိန် လေနာရီိခန့် ဖြင့် အရောက်သွားလာနိုင်သဖြင့် ဒေသ၏ စီးပွားရေး၊ ကုန်သွယ်ရေး၊ လူမှုရေး၊ ကျန်းမာရေးလုပ်ငန်းများ ပိုမိုမြန်ဆန်သွက်လက်စွာ ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။
ယနေ့အချိန်အခါတွင် နိုင်ငံတော်အစိုးရက နယ်မြေဒေသတစ်ခုနှင့် တစ်ခု ကူးသန်းဆက် သွယ်သွားလာမှု ချော့မွေ့ကောင်းမွန်ရေး ၊ တိုင်းရင်းသားပြည်သူများ အကြား ကူလူးဆက်သွယ်မှု လွယ်ကူစေရေးတို့အတွက် လမ်းတံတားပေါင်းများစွာတို့ကို တိုးမြှင့်ဖောက်လုပ် တည်ဆောက်ပေးလျက်ရှိရာ ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်မြှင့်မားမှုကို ပိုမိုအကျိုးပြုလာမည်ဖြစ်ပါသည်။

ပေါင်းစည်းညီညွတ်မှုအင်အားဖြင့် နိုင်ငံတော်သစ်တည်ဆောက် နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့်တပ်မတော် ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်

နိုင်ငံတော်အစိုးရသည် နိုင်ငံတစ်ဝန်းလုံး၌ စီးပွားရေးအခြေခံများ၊ လမ်းပန်းဆက်သွယ်မှုအခြေခံများနှင့် အခြားဖွံ့ဖြိုးတိုးတက်ရေးအခြေခံများကို ပြည့်စုံလုနီးပါး ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။ ယင်းသို့ကြိုးပမ်းတည်ဆောက်ခဲ့၍ ဧရာဝတီတိုင်းအပါအဝင် ပြည်ထောင်စုတစ်ဝန်း သိသာထင်ရှားစွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရသည် ဧရာဝတီတိုင်းတစ်တိုင်းလုံး ကွက်ပြည့်ဖွံ့ဖြိုးလာစေရန် ပုသိမ်၊ ဟသာင်္တနှင့် မအူပင်ဒေသများကို ဖွံ့ဖြိုးရေးအထူးဒေသများအဖြစ် သတ်မှတ်၍ ပညာရေးနှင့်ကျန်းမာရေး အဆင့်အတန်းများကို ဖြည့်ဆည်းပေးခဲ့သဖြင့် ပိုမိုမြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက် စည်ပင်လာခဲ့သည်။
ဤကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်ခဲ့ခြင်းသည် နိုင်ငံတော်အကြီးအကဲ၏ ဦးဆောင်မှုအောက်၌ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများ၏ တက်ညီလက်ညီ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ ဧရာဝတီတိုင်းသားများ၏ ပူးပေါင်းဆောင်ရွက်တတ်မှု၊ အပြန်အလှန်စေတနာထား ပံ့ပိုးကူညီ စောင့်ရှောက်တတ်မှု စသည့်ကောင်းမြတ်သော အလေ့အထကောင်းများကို နာဂစ်မုန်တိုင်းကယ်ဆယ်ရေး၌ လက်တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ ဒေသခံပြည်သူများ မိမိမွေးရပ်ဇာတိ၏ ဖွံ့ဖြိုးရေးကို စိတ်ဝင်စားစွာ စေတနာရှိရှိ လုပ်ကိုင်ဆောင်ရွက်မှု၊ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးအထောက်အကူပြုမှု စသည်တို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် ရရှိလာခဲ့ခြင်းဖြစ်သည်။
ဤမျှပြင်းထန်သော သဘာဝဘေးဒဏ်ကို မကြုံစဖူးရင်ဆိုင်ခဲ့ရသော်လည်း မျိုးချစ်စိတ်ဓာတ်ရှိရှိ၊ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှု၊ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် စောင့်ရှောက်လုပ်ကိုင်မှုများကြောင့် စိုက်ပျိုးရေးလုပ်ငန်း၊ ဆားလုပ်ငန်း၊ ရေလုပ်ငန်းအဝဝသည် ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိလာခဲ့သည်။ သို့ဖြစ်ပေရာ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ဝန်ထမ်းများ၊ ပြည်သူများသည် ကြိုးကြိုးစားစားနှင့် လုပ်ဆောင်ကြပြီး နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ ဟန်ချက်ညီညီ ပေါင်းစည်းညီညွတ်မှုအင်အားဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ အရောက်ချီတက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

လူမှုစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ရေအားလျှပ်စစ်စီမံကိန်းများ တိုးမြှင့်ဖော်ဆောင်

ဒေသတည်ငြိမ်အေးချမ်းမှုရှိခြင်း၊ လမ်းပမ်းဆက်သွယ်မှု တိုးတက်ကောင်းမွန်ခြင်း၊ ရေ၊ မြေ သဘာဝသယံဇာတ ပေါကြွယ်ဝခြင်းတို့သည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံလိုအပ်ချက်များဖြစ်သည်။
နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းသာယာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူနေမှုဘ၀ ပြောင်းလဲတိုးတက်လာရေးတို့အတွက် အခြေခံကျသော အခြေခံ ကောင်းများကို ဘက်စုံကဏ္ဍစုံက ထူထောင်ဖော်ဆောင်ပေးလျက်ရှိသည်။
ပြည်ထောင်စုတစ်ဝန်းလုံး လွှမ်းခြုံပြီး ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံကိန်းများ ချမှတ်ဖော်ဆောင်ပေးလျက်ရှိရာတွင် လျှပ်စစ်စွမ်းအား ဖွံ့ဖြိုးရေးစီမံကိန်းများလည်း ပါဝင် သည်။ ထို့ကြောင့် နိုင်ငံတော်က စီးပွားရေး ၊ ကုန်ထုတ်လုပ်မှု၊ ၀န်ဆောင်မှုနှင့် လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အဓိကအရေးပါသည့် လျှပ်စစ်စွမ်းအား တိုးမြှင့်ထုတ်လုပ်နိုင်ရန် ရေအားလျှပ်စစ်စီမံကိန်းများကို အရှိန်အဟုန်ဖြင့် တည်ဆောက် လျက်ရှိသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက တည်ဆောက်ခဲ့သည့် ကျိုင်းတောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ကို မတ်(၂၁)ရက်က ဖွင့်လှစ်လိုက်ပါသည်။ အဆိုပါစက်ရုံမှ လျှပ်စစ်ဓာတ်အား ၅၄မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး တစ်နျစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၃၇၇သန်းကျော် ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။
ကျိုင်းတောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံဖွင့်လှစ်လိုက်သည့် အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်အတွင်းရှိ မြို့နယ်များသို့ လျှပ်စစ်ဓာတ်အားပေးနိုင်လျက်ရှိသည့်အပြင် မဟာဓာတ်အားလိုင်းမှတစ်ဆင့် အခြားပြည်နယ်နှင့် တိုင်းများသို့လည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။
နိုင်ငံတော်တွင် ဘက်စုံ ကဏ္ဍစုံ ဖွံကဖြိုးတိုးတက်ရေးအတွက် အကျိုးပြုမည့် ရေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိရာ ကျိုင်းတောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ အပါအ၀င် စက်ရုံ၁၂ရုံတို့က လျှပ်စစ်ဓာတ်အားများ ပေးစက်ရုံအပါအ၀င် စက်ရုံ၁၂ရုံ တို့က လျှပ်စစ်ဓာတ်အားများ တိုးတက်ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ပြီ ဖြစ်သည်။
ယနေ့ကာလသည် နိုင်ငံတော်၌ စက်မှုလုပ်ငန်းကြီးများကို ထူထောင်လုပ်ကိုင်နေချိန် ဖြစ်ရာ ရေအားလျှပ်စစ်စီမံကိန်းများ တိုးမြှင့်တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားလိုင်းများ ပိုမိုဖြန့်ဖြူးပေးနိုင်ခြင်းကြောင့် နိုငငံတော်၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။

စည်းလုံးညီညွတ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တိုးမြှင့်ဖော်ဆောင် ပြည်နယ်နှင့်တိုင်းများ တစ်ဆက်တစ်စပ်တည်းဖြစ်ရေး ဝိုင်းဝန်းကြိုးပမ်း

(၆၄)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားက အကောင်အထည်ဖော် ဖောက်လုပ်ခဲ့သည့် ဥသျှစ်ပင်-ကံမ ရထားလမ်းပိုင်း ဖွင့်ပွဲအခမ်းအနားကို ဥသျှစ်ပင်ဘူတာ ဥပစာရှေ့၌ မတ်လ၂၂ရက်နေ့က ကျင်းပခဲ့ရာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးသူရရွှေမန်း တက်ရောက်ခဲ့သည်။ ပြည်ထောင်စုကြီးတစ်ရပ်လုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံကိန်းများ စနစ်တကျချမှတ်ပြီး ဆောင်ရွက်လျက်ရှိရာ၌ နယ်မြေဒေသတစ်ခုနှင့်တစ်ခုအကြား လွယ်ကူချောမွေ့စွာ သွားလာနိုင်သည့် လမ်းပန်းဆက်သွယ်ရေးကွန်ရက်သည် အခြေခံလိုအပ်ချက်ပင်ဖြစ်သည်။
နိုင်ငံတော်အကြီးအကဲ၏ "လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ခြင်းဟာ ပြည်သူတွေ၏ လူမှုစီးပွားရေးအတွက် အထောက်အကူပြုသကဲ့သို့ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး ကူးလူးဆက်သွယ် သွားလာနိုင်သည့် စည်းလုံးညီညွတ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေလည်းဖြစ်ကြောင်း" ဟူသည့် လမ်းညွှန်မှာကြားချက်နှင့်အညီ လမ်းတံတားများအပါအဝင် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများကို မဟာဗျူဟာကျကျ အကွက်ချ၍ ဘဏ္ဍာငွေအမြောက်အမြား အကုန်အကျခံ တည်ဆောက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရသည် ပြည်နယ်နှင့်တိုင်းများ၏ လူမှုစီးပွားရေးဘဝ တိုးတက်မြင့်မားလာစေရန်အတွက် ရထားလမ်းများကို ကွန်ရက်သဖွယ် စီမံကိန်းများချမှတ်ကာ ဖောက်လုပ်လျက်ရှိပေသည်။
နိုင်ငံတကာ၌ ပြောင်းလဲတိုးတက်လာသော နည်းပညာသစ်များနှင့်အတူ သယ်ယူပို့ဆောင်ရေးအပိုင်း၌ ကဏ္ဍသစ်များ တိုးတက်ပြောင်းလဲလာခဲ့ပြီဖြစ်၍ ရထားပို့ဆောင်ရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးစေရေးအတွက် ရထားလမ်းဟောင်းများ ပြုပြင်အဆင့်မြှင့်တင်ခြင်း၊ လမ်းသစ်များဖောက်လုပ်ခြင်း၊ အဓိကကျသော လမ်းခရီးများတွင် တစ်လမ်းသွားအဆင့်မှ နှစ်လမ်းသွား ဒွေးလမ်းအဆင့်တိုးမြှင့်ခြင်း၊ ဘူတာရုံအသစ် တိုးချဲ့ခြင်းနှင့် မြို့ကြီးများမှ ဘူတာရုံများကို နိုင်ငံတကာအဆင့် မြှင့်တင်တည်ဆောက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုဖွင့်လှစ်သည့် ဥသျှစ်ပင်-ကံမ ရထားလမ်းပိုင်းသည် ၃၅မိုင်ရှည်လျားပြီး ကြံခင်း-ပခုက္ကူ ရထားလမ်း မိုင်၃၂၀၏ အစိတ်အပိုင်းဖြစ်သည်။ ကြံခင်း-ဥသျှစ်ပင် ရထားလမ်း မိုင်၄၀ကို ၂၀၀၈ခုနှစ်မတ်လ၁ရက်နေ့တွင် ဖွင့်လှစ်ပြီးဖြစ်၍ ယခုအခါ ပုသိမ်မှကြံခင်း၊ ကြံခင်းမှကံမအထိ ၂၂၂မိုင်တစ်ဆက်တစ်စပ်တည်း သွားလာနိုင်ပြီဖြစ်သည်။ သို့ဖြစ်ပေရာ နိုင်ငံတော်အစိုးရသည် ပထဝီအနေအထားအရ ရေမြေခြားနေမှုကို တစ်ဆက်တစ်စပ်တည်းဖြစ်ရန် နယ်စပ်ဒေသများပါမကျန် လမ်းတံတားအပါအဝင် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများကို မဟာဗျူဟာကျကျ ဖော်ဆောင်ပေးလျက်ရှိရာ မကြာမီကာလအတွင်း ပြည်နယ်နှင့်တိုင်းများအကြား အမျိုးသားမီးရထားကွန်ရက်ကြီး ဖြစ်ထွန်းလာတော့မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်းအေးချမ်းမှုထိန်းသိမ်း ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတိုးတက်ရေး ကြိုးပမ်းဖော်ဆောင်

ခေတ်အဆက်ဆက် နိုင်ငံတော်ကို အသက်စွန့်ကာကွယ်စောင့်ရှောက်လာခဲ့သော တပ်မတော်သည် မျက်မှောက်အချိန်ခါတွင်လည်း အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုး တက်သော နိုင်ငံတော်ကို တိုင်းရင်းသားပြည်သူတို့နှင့် အတူ လက်တွဲကြိုးပမ်း တည်ဆောက်လျက်ရှိသည်။
နိုင်ငံတည်ငြိမ်းအေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်သူအားလုံးလိုလား တောင့်တသော ဆန္ဒပင်ဖြစ်သည်။ နိုင်ငံတော်အစိုးရက ခေတ်မီလမ်းတံတား အခြေခံများ၊ အဆင့်အတန်းမြင့်မားသည့် ပညာရေးနှင့် ကျန်းမာရေးအခြေခံများ ၊ ခေတ်မီသော စီးပွားရေးအခြေခံများကို ဖြည့်ဆည်းတည်ဆောက်ပေးလျက် ရှိရာတွင် တိုင်းရင်းသား ပြည်သူအားလုံးက ၀ိုင်းဝန်းပါဝင် ကြိုးပမ်းကြရမည်ဖြစ်သည်။
ယနေ့အချိန်အခါတွင် တပ်မတော်ကတိုင်းရင်းသား ပြည်သူတစ်ရပ်လုံး နှင့်အတူ တစ်သွေးတည်း၊ တစ်သားတည်း၊ တစ်စိတ်တည်း၊ တစ်ဝမ်းတည်း လက်တွဲကာ နိုင်ငံခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံကောင်းများကို ဖန်တီးဖော်ဆောင်လျက် ရှိရာ ကဏ္ဍအလိုက် အောင်မြင်မှုရလဒ်ကောင်းများ ဖြစ်ထွန်းလာပြီး ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို ပြည်သူများရရှိခံစား နေကြရပြီဖြစ်သည်။
ယင်းသို့သော အချိန်အခါတွင် နိုင်ငံတည်ငြိမ်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက် လာသည်ကို မလိုလားသော ပြည်တွင်း၊ ပြည်ပအဖျက်သမားများက နည်းလမ်းမျိုးစုံဖြင့် ဟန့်တားနှောက်ယှက်ရန် ဖန်တီးလုပ်ဆောင်လျက်ရှိသည်။ ထိုလုပ်ရပ်များကို တပ်မတော်နှင့် တိုင်းရင်းသားပြည်သူတို့၏ စည်းလုံးညီညွတ်မှု အင်အားဖြင့် အဖျက်သမားများ၏ အန္တရာယ်ဟူသမျှကို ချေမှုန်းသွားကြမည်ဖြစ်သည်။
တိုင်းပြည်နှင့် လူမျိုးအတွက် စွန့်လွှတ်စွန့်စား ကာကွယ်စောင့်ရှောက်နေသော တပ်မတော်သည် နိုင်ငံတော်တွင် ဒို့တာဝန်အရေးသုံးပါးကို ထိပါးလာသည့် အန္တရာယ်များ ပေါ်ပေါက်လာတိုင်း ရင်ဆိုင်ဖြေရှင်းခဲ့ရစမြဲ ဖြစ်သည်။ ယနေ့ကာလ တွင်လည်း တပ်မတော်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်းအေးချမ်းမှုကို ဆက်လက်ထိန်းသိမ်း ဖော်ဆောင်လျက်ရှိရာ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကလည်း ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံတော်တိုးတက်ရေး လုပ်ငန်းစဉ်များတွင် အင်တိုက်အားတိုက် ပါဝင်ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။




အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး လက်တွဲပါဝင် တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူများ ကာကွယ်စောင့်ရှောက်

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားများ နှစ်ပရိစ္ဆေဒရှည်စွာ ဥမကွဲသိုက်မပျက် ပေါင်းစည်းနေထိုင်ကြသော နိုင်ငံဖြစ်သည်။ မြန်မာတိုင်းရင်းသားများသည် အဆင့်အတန်းမြင့်မားပြီး မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် အမျိုးဂုဏ်တို့ကို သားစဉ်မြေးဆက် မြတ်နိုးခင်မင်စွာ ထိန်းသိမ်းရင်း အချုပ်အခြာအာဏာပိုင်စိုးမှုကို ကာကွယ်စောင့်ရှောက်ခဲ့သည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ပြည်သူများတည်ဆောက်ခဲ့သော မျိုးချစ်တပ်မတော်သည် စတင်သန္ဓေတည်လာခဲ့ရပြီး အခက်အခဲများ ရင်ဆိုင်ကျော်လွှား၍ ပေါက်ဖွားလာခဲ့ရသည်။
လွတ်လပ်ရေးရပြီးကာလ နောက်ပိုင်း၌လည်း တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အသက်ပေါင်းများစွာ စွန့်လွှတ်ခဲ့ရပေသည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလများတွင် တိုင်းရင်းသားများ၏ ပြောင်မြောက်သည့် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများ၌ ထင်ရှားခဲ့သည်။ နိုင်ငံတော်၏ လွတ်လပ်ရေးကို တိုင်းရင်းသားများနှင့်အတူ ရယူခဲ့သော တပ်မတော်သည် ယနေ့ကာလတွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေးကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။
မြန်မာ့သမိုင်းကို ပြန်ကြည့်လျှင် တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုရှိခဲ့သော ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်နှင့် တတိယမြန်မာနိုင်ငံတော်ဟူ၍ ထည်ဝါခံ့ညားစွာ ရပ်တည်နိုင်ခဲ့သည်။ နယ်ချဲ့တို့သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပျက်ပြားစေရန် နည်းမျိုးစုံဖြင့် ကြံစည်သွေးခွဲ ခြယ်လှယ်ခဲ့ကြသည်။ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏သစ္စာကို အမြဲတမ်းစောင့်သိရိုသေပြီး ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ပန်ဆင်၍ နိုင်ငံတော်အား ကာကွယ်စောင့်ရှောက်နေသော တပ်မတော်သည် အခြားတစ်ဖက်၌ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများတွင် စွမ်းစွမ်းတမံ ပါဝင်ဖြည့်ဆည်းပေးလျက်ရှိသည်။
သို့ဖြစ်ပေရာ သမိုင်းအစဉ်အလာကြီးမားသော တပ်မတော်သည် စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာစသည့် အခြေခံအရည်အချင်းနှင့် ပြည့်စုံနေစေရေး အစဉ်လေ့ကျင့်ကြိုးပမ်းလျက်ရှိပြီး နိုင်ငံတော်၏ ပိုင်နက်နယ်နိမိတ် အချုပ်အခြာအာဏာတည်မြဲရေးကို ကာကွယ်စောင့်ရှောက်လျက်ရှိရာ တိုင်းရင်းသားပြည်သူများက ပါဝင်လက်တွဲ ကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

လမ်း၊တံတားအခြေခံများ တိုးချဲ့တည်ဆောက် အမျိုးသားစီးပွားရေးမြှင့်မားအောင် ကြိုးပမ်းစွမ်းဆောင်

မြန်မာနိုင်ငံသည် ပထ၀ီအနေအထားအရ မြစ်ချောင်း၊ တောင်တန်း၊ ချိုင့်ဝှမ်း ၊လျှိုမြောင် ၊ မြစ်ဝှမ်းလွင်ပြင် နှင့် ကုန်းမြင့်ဒေသများ ရောပြွန်းတည်ရှိနေသည်။ ယခုအခါ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား ပြည်သူတို့၏ စွမ်းပကားဖြင့် သဘာဝအတား အစီးများကို ကျြော်ဖတ်ကာ လမ်း၊တံတားပေါင်း များစွားကို ဖောက်လုပ်တည်ဆောက်နိုင်ပြီ ဖြစ်ရာ ဒေသတစ်ခုနှင့် တစ်ခု လွယ်လင့်တကူ ဆက်သွယ်သွားလာနိုင်လျက်ရှိသည်။
ဧရာဝတီတိုင်းသည် ယခင်ကာလက ရေလမ်းကိုသာ အဓိကအားကိုးခဲ့ရသဖြင့် သွားရေးလာရေးတွင် နှောင့်နှေးကြန့်ကြာခဲ့ရသည်။ ယနေ့ကာလတွင် ဧရာဝတီတိုင်းသည် တိုးချဲ့တည်ဆောက်ထားသော လမ်း၊တံတားပေါင်း များစွာတို့၏ အကျိုးပြုမှုကြောင့် ဒေသ၏ စီးပွားရေး၊ ကုန်သွယ်ရေး ၊ လူမှုရေး အခြေအနေများ ပြောင်းလဲတိုးတက်လာနေပြီ ဖြစ်သည်။
(၆၄) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်း ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် င၀န်တံတား(မြို့ကွင်း) ကို မတ်၂၁၇က်က ဖွင့်လှစ် လိုက်သည်။ အဆိုပါတံတား ဖွင့်လှစ်လိုက်သည့်အတွက် ဟင်္သာတ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်းနှင့် လေးမျက်နှာမြို့နယ်တို့မှ တန်၆၀ယာဉ်များ လွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်ကြပြီ ဖြစ်သည်။
ထို့အပြင် င၀န်တံတား (မြို့ကွင်း)မှတစ်ဆင့် ပုသိမ်-မုံရွာလမ်းပေါ်ရှိ ကွင်းကောက်၊ ငါးသိုင်းချောင်း ၊ ရေကြည်မှတစ်ဆင့် ပုသိမ်မြို့အထိလည်းကောင်း၊ ဘက်ရဲ-ဥသျှစ်ပင်မှ တစ်ဆင့် အမ်း-စစ်တွေအထိလည်းကောင်း ၊ ပဒါန်း-ကန်စွန်းမမှ တစ်ဆင့် မုံရွာမြို့အထိလည်းကောင်း ဆက်သွယ်သွားလာနိုင်မည် ဖြစ်သည်။ င၀န်တံတား (မြို့ကွင်း) သည် ဧရာဝတီတိုင်းအတွင်း တည်ဆောက်ပေးထားသည့် ၄၅စင်းမြောက် တံတားဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက နိုင်ငံတစ်ဝန်းတည်ဆောက်ပေးထားသည့် ပေ၁၈၀နှင့်အထက် တံတားကြီးများအနက် အစင်း ၂၂၀မြောက် တံတားဖြစ်သည်။
ဧရာဝတီတိုင်းသည် ရေ၊မြေသယံဇာတကြွယ်ဝသဖြင့် စပါး၊ မတ်ပဲ ၊ ပဲတီစိမ်း၊ ပဲအမျိုးမျိုးနှင့်ဆီထွက် သီးနှံများ စိုက်ပျိုးဖြစ်ထွန်းသည်။ ငါး၊ ပုဇွန်မွေးမြူရေးများ တိုးချဲ့လုပ်ကိုင်နိုင်ပြီး သား၊ငါးမွေးမြူထုတ်လုပ်မှု တိုးတက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရက ဒေသဖွံကဖြိုးတိုးတက်မှု၏ အဓိကဖြစ်သည့် လမ်းပန်းဆက်သွယ်မှု ချောမွေ့ကောင်းမွန်စေရန် လမ်း၊ တံတားအခြေခံများကို တိုးချဲ့တည်ဆောက် ပေးလျက်ရှိရာ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် တိုင်းရင်းသား ပြည်သူများ၏ပေါင်းစည်း ညီညွတ်သော အင်အားဖြင့် အမျိုးသားစီးပွားရေး မြင့်မားတိုးတက်စေရန် ကြိုးပမ်းစွမ်းဆောင် သွားကြရမည် ဖြစ်ပါသည်။

စီးပွားရေးအခွင့်အလမ်း၊ လူမှုရေးအခွင့်အလမ်း တိုးမြှင့်ဖော်ဆောင် နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်ဦးထမ်းပဲ့ထမ်းဆောင်ရွက

(၆၄)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဧရာဝတီတိုင်း ဟသာင်္တခရိုင် အင်္ဂပူမြို့နယ် ငဝန်တံတား(မြို့ကွင်း)ဖွင့်ပွဲ အခမ်းအနားကို မတ်လ၂၁ရက်နေ့က ကျင်းပခဲ့ရာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးသူရရွှေမန်း တက်ရောက်၍ ကမ္ပည်းမော်ကွန်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ယနေ့ဧရာဝတီသည် ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ ခေတ်တစ်ခုကို ပြောင်းလဲရောက်ရှိနေပြီဖြစ်သည်။ ယခင်ကရေစီးကြောင်းလမ်းကို အားကိုးပြုပြီး သွားလာခဲ့ရသည်။ တပ်မတော်အစိုးရ တာဝန်ယူပြီးနောက် ၁၉၈၉ခုနှစ်မှစ၍ ဧရာဝတီတိုင်းအတွင်း၌ တံတားကြီးငယ်များ တည်ဆောက်ပေးခဲ့ရာ တံတားပေါင်း ၄၅စင်းတည်ဆောက်ပေးခဲ့ပြီိးဖြစ်သည်။
ယခုအခါတိုးချဲ့တည်ဆောက်ထားသော လမ်းတံတားများကြောင့် ကားလမ်းတံခါးပေါက်များ ပွင့်သွားပြီး အချိန်ကုန်သက်သာမှုနှင့်အတူ ဖွံ့ဖြိုးသည့် ခေတ်တစ်ခေတ်ဆီသို့ တက်လှမ်းလျက်ရှိနေပြီ ဖြစ်သည်။ ဧရာဝတီတိုင်း၏ စီးပွားရေး၊ ကုန်သွယ်ရေး၊ လူမှုရေးစသည့် အခြေအနေများသည်လည်း သွားလာမှု လွယ်ကူသွက်လက် မြန်ဆန်လာသည်နှင့်အမျှ မြင်သာထင်သာစွာ ပြောင်းလဲတိုးတက်လျက်ရှိနေပြီ ဖြစ်သည်။ ဤသို့ပြောင်းလဲတိုးတက်မှုများသည် နိုင်ငံတော်အစိုးရ၏ စေတနာထက်သန်မှု၊ မြော်မြင်တွက်ဆနိုင်မှု၊ အားပေးဖြည့်ဆည်းပေးနိုင်မှုတို့ကြောင့် ဖြစ်သကဲ့သို့ ဧရာဝတီတိုင်းသားများ၏ နိုင်ငံတော်အပေါ် နားလည်ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ရိုးသားမှု၊ ကြိုးစားမှုတို့ကြောင့်လည်း ဖြစ်ပေသည်။
နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော် အင်အားစု(၃)ရပ် အပြန်အလှန်နားလည်မှုရှိရှိ ဦးထမ်းပဲ့ထမ်း လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက အခက်အခဲမှန်သမျှကို ကျော်လွှားနိုင်ပြီး တိုးတက်အောင်မြင်မှုများကို ဖော်ဆောင်နိုင်မည်ဆိုသည့် သင်ခန်းစာကို ဧရာဝတီက ဖော်ညွှန်းပြသလျက်ရှိသည်။ ငဝန်တံတား(မြို့ကွင်း) တံတားသစ်ကြီးဖြစ်ပေါ်လာခြင်းဖြင့် ဟသာင်္တမြို့နယ်၊ အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် လေးမျက်နှာမြို့များသို့ တန်၆၀ယာဉ် ဝန်အလေးချိန်ရှိယာဉ်များ လွယ်လင့်တကူ သွားလာနိုင်ကြပြီဖြစ်သည်။ တပ်မတော်အစိုးရသည် ဒေသတစ်ခုနှင့်တစ်ခုအကြား စီးပွားရေးအခွင့်အလမ်း၊ လူမှုရေးအခွင့်အလမ်းတစ်ပြိုင်တည်းမျှမျှတတ မြန်မြန်တိုးတက်လာရေးအတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်လျက်ရှိရာ နယ်မြေဒေသများ၌ လမ်းတံတားများ တိုးချဲ့တည်ဆောက်ပေးနိုင်ရေးအတွက် စီးပွားရေးအင်အား တောင့်တင်းရန် တိုင်းရင်းသားပြည်သူများက ဝိုင်းဝန်းလက်တွဲ ပူးပေါင်းပါဝင်သွားကြရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

စက်ရုံ၊ အလုပ်ရုံသစ်များ တိုးချဲ့တည်ဆောက် အရည်အသွေးကောင်းပစ္စည်းများ တိုးမြှင့်ထုတ်လုပ်

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်က ဖန်တီးဖော်ဆောင် ပေးနေသည်။ စက်မှုနယ်မြေများ၊ စက်မှုဇုန်များကို တည်ထောင်လုပ်ကိုင်နေသည့်အပြင် စက်ရုံ၊အလုပ်ရုံသစ်များ ကိုလည်း တိုးချဲ့ဖွင့်လှစ် လျက်ရှိရာ သွင်းကုန်အစားထိုး ကုန်းထုတ်လုပ်ငန်းများ ဖြစ်ထွန်းနေပြီဖြစ်သည်။
ယခုအခါနိုင်ငံပိုင် စက်မှုလုပ်ငန်းများ၏ စွမ်းဆောင်ရည်အရည်အသွေးကို မြှင့်တင်ပေးရင်း ပုဂ္ဂလိကစက်မှုလုပ်ငန်းများကိုပါ ဖွံ့ဖြိုးလာစေရန် အားပေးထူ ထောင်လျက်ရှိရာ ကုန်ထုတ်လုပ်မှုနည်းပညာသစ်များ ရရှိလာသည်။ ဒေသခံ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးပွားလျက်ရှိသည်။
အမှတ်(၁) စက်မှုဝန်ကြီးဌာန မြန်မာ့အထည်အလိပ်လုပ်ငန်း ချည်မျှင်စက်ရုံ (ပျော်ဘွယ်) ကို မတ်လ ၂၀ရက်နေ့က ဖွင့်လှစ်လိုက်သည်။ လူတစ်ဦးချင်းစီတွင် အဓိကလိုအပ်သည့် စားရေး၊ နေရေးနှင့် ၀တ်ရေးများ ဖြည့်ဆည်းပေးရာတွင် အထည်အလိပ်များ ပြည့်စုံဖူလုံစွာ ထုတ်လုပ်ရာ၌ အထောက်အကူဖြစ်စေမည့်စက်ရုံဖြစ်သည်။
ယခင်က ပြည်တွင်း၌ ၀ါးဂွမ်းလုံလောက်မှု နည်းပါးသဖြင့် ပြည်ပမှတင်သွင်းခဲ့ရသည်။ ယခုအခါ ငွေချည်(၆) ကဲ့သို့ အမျိုးအစားကောင်းသည့် ၀ါဂွမ်းများကို ပြည်တွင်း၌ပင် စိုက်ပျိုးထုတ်လုပ်နိုင်ပြီ ဖြစ်၍ ယခုကဲ့သို့ ချည်မျှင်စက်ရုံများကို တိုးချဲ့ တည်ထောင် ခြင်းဖြစ်သည်။
ချည်မျှင်စက်ရုံ(ပျော်ဘွယ်)မှ တစ်နှစ်လျှင် ချည်ပေါင်း ၅သန်းကျော်ထုတ်လုပ်နိုင်မည် ဖြစ်သည်။ စက်ရုံရှိ ဗိုင်းတောင့်စက်များနှင့် အပင်ပေါင်းစက်များတွင် အလိုအလျောက်ချိန် ညှိစက်များကို တပ်ဆင်ထားသဖြင့် ချည်လုံးညီညာမှုပိုမိုအားကောင်းကြောင်းကို သိရသည်။
နိုင်ငံတစ်ဝန်း၌ စက်ရုံအများအပြားကို တည်ဆောက်ထူထောင်လျက်ရှိရာ စက်များ အားလုံး စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး ၊ ထုတ်လုပ်မှုကုန်ကျစရိတ်နည်းပါး ရေး ၊ ခြိုးခြံချွေးတာရေး ၊ ထုတ်ကုန်အရည်အသွေးကောင်းမွန်ရေး တို့ကိုလည်း ဆက်လက်အားထုတ်ကြရမည် ဖြစ်သည်။ နိုင်ငံပိုင်စက်ရုံးများတိုးချဲ့တည်ဆောက်မှုနှင့် အတူ ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဒေသဖွံ့ဖြိုး အကျိုး ဖြစ်ထွန်းမှုများ ပိုမိုရရှိလာမည်ဖြစ်ပါသည်။



ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးသူရရွှေမန်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ....

ပြည်ထောင်စုမြန်မာနိုင်ငံတော်-နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးသူရရွှေမန်းသည် ပြည်ထောင်စု မြန်မာနိုင်ငံ တော်၌ ချစ်ကြည်ရေးခရီး လည်ပတ်ရန် ရောက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် General Chen Bingde ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၈နာရီ မိနစ်၂၀တွင် နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်သည်။

ကြိုဆိုနှုတ်ဆက်
ရှေးဦးစွာ ဧည့်သည်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်စစ်ဦးစီးချုပ် General Chen Bingde ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာကြရာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးသူရရွှေမန်းက ကြိုဆိုနှုတ်ဆက်သည်။

လက်ဆောင်ပေးအပ်
ထို့နောက် လေဆိပ်ဧည့်ခန်းမ၌ နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီဝင် ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးသူရရွှေမန်းက ဧည့်သည်တော် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် General Chen Bingde အားချစ်ကြည်ရေး ခရီးစဉ်မှတ်တမ်းတင် ဓာတ်ပုံအယ်လ်ဘမ်ကို လက်ဆောင်အဖြစ်ပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ပို့ဆောင်နှုတ်ဆက်
ယင်းနောက် ဧည့်သည်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော် စစ်ဦးစီးချုပ် General Chen Binggde ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် ချစ်ကြည်ရေးခရီးဆက်လက်လည်ပတ်ရန် ရန်ကုန်မြို့သို့ အထူးလေယာဉ်ဖြင့် ထွတ်ခွာသွားကြရာ နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီဝင် ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ်ဝေလွင်နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော်အရာရှိကြီးများက နေပြည်တော်လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ကြသည်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်

မီးဘေးအန္တရာယ်သည် ပူပြင်းခြောက်သွေ့သော ရာသီများတွင် ပိုမိုဖြစ်ပွားနိုင်သဖြင့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတိုင်းက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ထားကြရမည် ဖြစ်သည်။ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များက ဖော်ဆောင်လျက်ရှိရာ ပြည်သူများအပိုင်းကလည်း သတိပေးနှိုးဆော်ချက်များနှင့်အညီ ဂရုပြုလိုက်နာကြရမည် ဖြစ်သည်။
မီးလောင်မှုဖြစ်ပွားရာတွင် ပေါ့ဆမီးကြောင့် လောင်ကျွမ်းခြင်းသည် အများဆုံးဖြစ်ရာ ပြည်သူတိုင်းက သတိနှင့်ယှဉ်ပြီး အသုံးပြုကြရမည် ဖြစ်သည်။ အထူးသဖြင့် ညနေပိုင်း ထမင်း၊ ဟင်းချက်ချိန်တွင် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအား ချက်ပြုတ်ခြင်း မပြုလုပ်စေရေး၊ မီးဖိုသုံးစွဲပြီးပါကလည်း မီးကြွင်းမီးကျန်များ ငြှိမ်းသတ်ထားရေး သတိပေးနှိုးဆော်ချက်များကို လိုက်နာကြရမည်ဖြစ်သည်။ ထို့အပြင် ဖယောင်းတိုင်၊ အမွှေးတိုင်၊ ခြင်ဆေးခွေများကို ထွန်းညှိသုံးစွဲရာတွင် အင်တုံများ အောက်ခံထား၍ အသုံးပြုကြခြင်းဖြင့် အခင်းပေါ်သို့လဲကျ မီးလောင်ခြင်းများမှ ကာကွယ်နိုင်မည်ဖြစ်သည်။
ပြည်သူများအနေဖြင့် အဆောက်အအုံတိုင်း၊ နေအိမ်တိုင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ အသင့်ထားရှိခြင်း၊ ရပ်ကွက်အလိုက် မီးကင်းများ စနစ်တကျချထားခြင်း၊ မီးသတ်တပ်ဖွဲ့က တစ်အိမ်တက်ဆင်း စစ်ဆေးသည့်အခါ ပါဝင်ကူညီခြင်း၊ စစ်ဆေးမေးမြန်းရာတွင် ဖြေကြားရှင်းလင်းပေးခြင်း၊ ပေးသည့်အကြံဥာဏ်များကို လိုက်နာခြင်းတို့ဖြင့် ပါဝင်ကူညီကြရမည်ဖြစ်သည်။
မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ၊ ဈေးတိုင်းတွင် မီးငြှိမ်းသတ်ရေးအတွက် ရေဂါလန်၅၀၀၀ဆံ့ အုတ်ရေကန်များ တည်ဆောက်၍ အချိန်ပြည့်ရေဖြည့်ထားခြင်း၊ မြို့ရွာပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ယာဉ်များလွယ်ကူစွာ ဝင်ထွက်သွားလာနိုင်ရေးတို့ကိုလည်း စီစဉ်ထားရှိရန် လိုအပ်မည်ဖြစ်သည်။ ထို့အပြင် မီးသတ်ယာဉ်၊ စက်များအစဉ်အမြဲ ကောင်းမွန်နေစေရန် စစ်ဆေးပြုပြင်ခြင်း၊ စေတနာရှင်များက ပါဝင်လှူဒါန်းခြင်းတို့ဖြင့်လည်း ပံ့ပိုးပေးကြရမည်ဖြစ်သည်။
မတော်တဆ မီးလောင်မှုဖြစ်ပွားပါက အနီးဆုံးမီးသတ်စခန်းသို့ အမြန်ဆုံးသတင်းပို့ခြင်း၊ မီးသတ်စက်များ မရောက်လာမီ ရေပုံးများ၊ ရရာပစ္စည်းများ အသုံးပြု၍ ငြှိမ်းသတ်ခြင်းတို့ဖြင့် ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရမည် ဖြစ်သည်။
မီးသည်သုံးတတ်လျှင်မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူဖြစ်ရာ ပြည်သူတိုင်းက မီးကိုပေါ့ပေါ့ဆဆ ကိုင်တွယ်အသုံးမပြုကြဘဲ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်း နှိုးဆော်ချက်များနှင့်အညီ ဂရုပြုလိုက်နာ ဆောင်ရွက်ကြခြင်းဖြင့် မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ် တားဆီးနိုင်ကြမည်ဖြစ်ပါသည်။

ကျေးလက်ပြည်သူများ လူမှုစီးပွားဘ၀မြင့်မားရေး ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ တိုးမြှင့်ဖွင့်လှစ်ပေးခဲ့

နိုင်ငံတော်အစိုးရသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ဆောက်ရာတွင် နိုင်ငံတစ်ဝန်းလုံး အကြားအလပ်မရှိ တစ်ပြေးညီဖွံ့ ဖြိုးတိုးတက်ရန် အခြေခံကောင်းများကို တည်ဆောက်ပေးထားသည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးအဆင့် မြှင့်မားတိုးတက်ရေး ကြိုးပမ်းဖော်ဆောင် ရာတွင် လူတိုင်းစာတက်မြောက်ရေးသည် အဓိကလိုအပ်ချက်ဖြစ်သည်။
ယနေ့အချိန်အခါတွင် ကျေးလက်ဒေသနှင့် နယ်စပ်ဒေများအပါအ၀င် နိုင်ငံတစ်ဝန်း၌ အခြေခံစာတက်မြောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးပမ်းလျက်ရှိသည်။
ကျေးလက်ပြည်သူများ စာပေဗဟုသုတတိုးပွားပြီး အသိပညာမြင့်မားရေးအတွက် ကျေးလက်ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ထူထောင်ဖွင့်လှစ်ပေးပြီး စာကြည့်တိုက်မရှိသေးသော ဒေသများ၌ စာာကည့်တိုက်များ ထူထောင်ပေး လျက်ရှိသည်။ ယင်းသို့ကျေးလက်ကိုယ့်အားကိုယ်ကိုး စာာကည့်တိုက်များထူထောင် ပေးခဲ့ရာတွင် ရခိုင်ပြည်နယ်ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ် ငလပွေ့ကျေးရွာ၌ ရမ်းဗြဲမြို့နယ် လက်ပန်အ၀ကျေးရွာများ၌လည်း စာကြည့်တိုက်ပန္နက်စိုက်ထူပွဲများ ကျင်း ပနိုင်ခဲ့သည်။
ယခုကဲ့သို့ စာကြည့်တိုက်များတိုးချဲ့ ဖွင့်လှစ်နိုင်ခြင်းသည် ကျေးလက်ပြည်သူများ၏ စာပေ ဖတ်ရှု့လေ့လာမှု အသိပညာဗဟုသုတ တိုးပွားမြင့်မားမှုအတွက် များစွာအထောက် အကူဖြစ်စေသည်။ မြန်မာနိုင်ငံ၏ လူဦးရေ၇၀ရာခိုင်နှုန်းသည် ကျေးလက်ပြည်သူများ ဖြစ်ကြရာ ကျေးလက်ဒေသပြည်သူများ ပညာဗဟုတုတတိုးပွားရေးအတွက် ကျေးလက်စာကြည့်တိုက်များအား ဖြည့်စွမ်းပေးနိုင်မည်ဖြစ်သည်။
နိုင်ငံတော်၏ နိုင်ငံရေး ၊ စီးပွားရေး ၊လူမှုရေးဦးတည်ချက်များကို အကောင်အထည်ဖော်ရာ ၌ စာကြည့်တိုက်ပညာသည် အထောက်အကူပြုနိုင်ပြီး ခေတ်နှင့်အညီ ဖြစ်ပေါ်တိုးတက်နေသော အခြေအနေအရပ်ရပ်ကို စာပေဗဟုသုတမှတစ်ဆင့် ရှာဖွေဖတ်ရှု့ လေ့လာမှတ်သားနိုင်ကြမည် ဖြစ်သည်။
သို့ဖြစ်ပေရာ ယနေ့အချိန်အခါတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အရှိန်အဟုန်မြှင့် ဖော်ဆောင်လျက်ရှိရာ၌ ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘ၀ မြင့်မားပြီး ပညာဗဟုသုတများ ပြည့်ဝ၍ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေူးအတွက် ကျေးလက်စာကြည့်တိုက်များ ရေရှည်တည်တံ့နိုင်ရန် ၀ိုင်းဝန်းပါဝင် ကူညီဖြည့်ဆည်း သွားကြရမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။






ရန်ကုန်-နေပြည်တောလမ်းပိုင်း မိုင်တိုင်အမှတ် (၁၀၄/၀)အနီး ၊အရှည်ပေ ၅၄၀ရှိ ဖြူး ချေင်းတံတားတည်ဆောက်ပြီးစီးမှုကိုဤသို့တွေ့ရစဉ်။

နိုင်ငံတကအဆင့်မီ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးလေးနာရီဖြင့်ခရီးပေါက်မည့် ရန်ကုန်-နေပြည်တော်လမ်းပိုင်း မကြာမီဖွင့်လှစ်တော့မည်

နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး တိုးမြှင့်ကြိုးပမ်း ဒေသဖွံ့ဖြိုးရေး ဒေသခံတိုင်းရင်းသားပြည်သူများ လက်တွဲပါဝင်

နိုင်ငံတော်အစိုးရသည် ပြည်ထောင်စုတစ်ဝန်းလုံး မျှမျှတတဖွံ့ဖြိုးတိုးတက်စေရန် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးစီမံကိန်း၊ မအထူးဖွံ့ဖြိုးရေးဒေသ(၂၄)ခုစီမံကိန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ ချမှတ်ကာ ဖော်ဆောင်ပေးလျက်ရှိသည်။ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်းရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၇)ဖွဲ့နှင့် အဖွဲ့ငယ်များ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ပြီးနောက် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းလာခဲ့ပြီး ဖွံ့ဖြိုးစည်ပင်လာခဲ့ပြီဖြစ်သည်။
ယင်းသို့ဆောင်ရွက်ရာတွင် ယခင်က လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး နယ်မြေဒေသ တည်ငြိမ်မှုမရှိခဲ့သော ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်သည် တပ်မတော်အစိုးရလက်ထက် ယနေ့အချိန်အခါ၌ ဖွံ့ဖြိုးတိုးတက်လျက် ရှိနေပြီဖြစ်သည်။ တန့်ယန်းမြို့သည် လားရှိုးမြို့မှ ၈၃မိုင်ကွာဝေးပြီး ပင်လယ်ရေအမြင့်ပေ၃၀၀၀တွင် ရှိသောမြို့ဖြစ်သည်။ လားရှိုးမှနေ၍ နမ့်ပေါင်၊ ဟိုယ၊ နမ့်တုံး၊ လွိုင်ငင်းနှင့် ကျေးရွာ၂၀ကျော်ခန့် ဖြတ်ကျော်သွားရောက်ရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအရ ကျေးရွာများဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး အခြေခံပညာမူလတန်းကျောင်း၊ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးစက်များ၊ အသေးစားရေအားလျှပ်စစ် ထုတ်လုပ်၍ အသုံးပြုနေပြီဖြစ်သည်။ တန့်ယန်းမြို့နယ်၌ တိုင်းရင်းသားပြည်သူများသည် ဘိန်းအစားထိုးသီးနှံအဖြစ် ကော်ဖီ၊ လက်ဖက်၊ ရော်ဘာတို့ကို စိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိသည်။ မြေပဲဧက ၃၂၀၀စိုက်ပျိုးရန် လျာထားခဲ့ရာ ဧက၄၇၅၀စိုက်ပျိုးနိုင်ခဲ့သည်။ ၂၀၀၉ခုနှစ် နွေစပါးဧက၉၀၀ သတ်မှတ်ထားခဲ့ရာ သတ်မှတ်ချက်ထက်ကျော်လွန်ပြီး ဒေသဝမ်းစာဖူလုံရန် ကြိုးပမ်းလျက်ရှိသည်။
သို့ဖြစ်ပေရာ ဖွံ့ဖြိုးမှုနောက်ကျခဲ့ရသော နယ်စပ်ဒေသများကို တပ်မတော်အစိုးရလက်ထက်တွင် အကြားအလပ်မရှိ ဖွံ့ဖြိုးစေရန် ဖော်ဆောင်ခဲ့ရာ၌ နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူတို့၏ ကြိုးပမ်းအားထုတ်မှု၊ လုံ့လဝီရိယစိုက်ထုတ်မှုတို့ကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့အပါအဝင် နယ်စပ်ဒေသများ ဖွံ့ဖြိုးစည်ပင်လာလျက်ရှိပြီး မိမိတို့၏ဒေသ ပိုမိုဖွံ့ဖြိုးလာရေးအတွက် နိုင်ငံတော်နှင့်အတူ လက်တွဲပါဝင် ကြိုးပမ်းသွားကြရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

မြန်မာနိုင်ငံ၏သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွက် ကြိုတင်သတိပေးစနစ်များပိုမိုတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပ


မြန်မာနိုင်ငံနှင့် UNESCAP တို့အကြား ကျွမ်းကျင်မှုနည်းပညာများ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အတွက် ကြိုတင်သတိပေးစနစ်များ ပိုမိုတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းလွင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး UNESCAP မှ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဌာန အကြီးအကဲ Mr.Eduard Rene Bastiaans က ကျွမ်းကျင်မှုနည်းပညာအထောက်အကူပြုရေးမစ်ရှင်အကြောင်းကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းလွင်က နာဂစ်မုန်တိုင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက အသီးသီးဆွေးနွေးကြကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အင်ဒိုနီးရှားသမ္မတနိုင်ငံနှင့် စင်ကာပူသမ္မတနိုင်ငံတို့၌ ချစ်ကြည်ရေးခရီးလည်ပတ်ရန် ထွက်ခွာသွားသော နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အား ပို့ဆောင်နှုတ်ဆက်






နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ ဒေါက်တာဆူဆီလို ဘန်ဘန်း ယူဒိုရိုနိုနှင့် စင်ကာပူသမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းတို့၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားသမ္မတနိုင်ငံနှင့် စင်ကာပူသမ္မတနိုင်ငံတို့၌ ချစ်ကြည်ရေးခရီးလည်ပတ်ရန် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် အင်ဒိုနီးရှားသမ္မတနိုင်ငံသို့ ထွက်ခွာသွားသော နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အား နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်အတူ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးသူရရွှေမန်း ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Robert Chua Hian Kong နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ အင်ဒိုနီးရှားသမ္မတနိုင်ငံသံရုံး-သံရုံးယာယီတာဝန်ခံ Mr. Totok Prianamto တို့က နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
လိုက်ပါသွား
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ခေါင်းဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီးဦးစိုးသာ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်စိုးနိုင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်တင်နိုင်သိန်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်သိန်းဆွေ၊ သစ်တောရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မြင့်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ဘုန်းဆွေ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။

တရားသူကြီးချုပ် ဦးအောင်တိုး တရားရုံးချုပ်(မန္တလေး)ရှိတရားရေးဝန်ထမ်းများနှင့် တွေ့ဆုံ


တရားသူကြီးချုပ် ဦးအောင်တိုးနှင့် တရားရုံးချုပ် (မန္တလေး)ရှိ တရားရေးအရာရှိများ မန္တလေးတိုင်း၊ ခရိုင်နှင့်မြို့နယ် တရားရုံးများမှ တရားသူကြီးများ တွေ့ဆုံပွဲကို မတ် ၁၃ရက် မွန်းလွဲ ၂ နာရီတွင် တရားရုံးချုပ်(မန္တလေး) ရုံးခန်းအမှတ်(၁)ကျင်းပရာ တရားရုံးချုပ် (မန္တလေး)မှ ဒုတိယတရားသူကြီးချုပ် ၊ တရားရုံးချုပ်တရားသူကြီးများ၊ ညွန်ကြားရေးမှူးချုပ်နှင့် ညွန်ကြားရေးမှူးများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် တရားသူကြီးချုပ် ဦးအောင်တိုးက ယနေ့အချိန်သည် နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်နေသည့် ကာလဖြစ်ကြောင်း၊ တရားရေး ၀န်ထမ်းများအနေဖြင့် နေ့စဉ်နှင့်အမျှ အမှုစစ်ဆေးစီရင်သည့် လုပ်ငန်းကို လုပ်ကိုင်နေကြသကဲ့သို့ ပြည်တွင်းရေးရာများနှင့် နိုင်ငံတကာရေးရာများကိုလည်း မျက်ခြည်ပြတ်၍ မရကြောင်း၊ အစဉ်အမြဲ လေ့လာနေမှသာ မိမိတို့ လုပ်ငန်းပိုင်းတွင် တိုးတက်လာမည်ဖြစ်ကြောင်း၊တရားစီရင်ရေးလုပ်ငန်းနှင့် စပ်လျဉ်းပြီး ဥပဒေနှင့်အညီစီရင်ဆုံးဖြတ်ကြမည့်အချက်သည် အဓိကကျကြောင်း၊ အမှန်တရားကိုရှာဖွေရာတွင် လွယ်လွယ်ကူကူဖြင့် မဆုံးဖြတ်ဘဲ သေသေချာချာစဉ်းစားပြီးမှ အမှုသွားအမှုလာနှင့် အခြေအနေကို သုံးသပ်ကာ ဆုံးဖြတ်သွားရန်လိုကြောင်း၊ တစ်မှုနှင့်တစ်မှု မတူညီသဖြင့် သက်သေခံအထောက်အထားများနှင့် ဥပဒေအဆိုအမိန့်များအား ချိန်ကိုက်ပြီး မိမိ၏ဆင်ခြင်တုံတရားကို ရိုးသားစွာ အသုံးချပြီး ဆုံးဖြတ်ကြရန်ဖြစ်ကြောင်း၊ တည်ကြည်ခိုင်ခံ့သော အုပ်ချုပ်ရေးယန္တရားတည်ဆောက်နေသဖြင့် ၀န်ထမိးများကလည်း မခိုမကပ်လုပ်ဆောင်ကြရန်၊ လာဘ်ပေးလာဘ်ယူကင်းရှင်းရန်၊ ပြည်သူများ၏ ယုံကြည်ကိုးစားမှုကို ရယူရန်လိုကြောင်း၊ နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ စေတနာထားဆောင်ရွက်မှုများကိုလည်း ပြည်သူများရှင်းရှင်းလင်းလင်းသိရှိအောင် ၀န်ထမ်းများက အသိပေးကြရန်လိုအပ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးခံယူချက်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ကို အခါမလပ် ထိန်းသိမ်းလိုက်နာကြရန် အရေးကြီးကြောင်း၊ တရားစီရင်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန်ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ ၀န်ထမ်းအားလုံးသည် နိုင်ငံတော်အပေါ် ထားအပ်သော ကတိက၀တ်များနှင့်အညီ လိုက်နာဆောင်ရွက် ကြရမည်ဖြစ်ကြောင်းဖြင့် ရှင်းလင်းမှာကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

ကျန်းမာသန်စွမ်းသော သားကောင်းရတနာများ ပေါ်ထွန်းရေး မိခင်နို့ရည် စနစ်တကျ တိုက်ကျွေးပေး

နိုင်ငံတော်အစိုးရသည် မိခင်နှင့် ကလေး စောင့်ရှောက်မှုလုပ်ငန်းကို အလေးပေး ဖော်ဆောင်လျက်ရှိရာ၌ မိခင်နို့တိုက်ကျွေးရေးဆိုင်ရာ အမျိုးသားရေးမူဝါဒကို ချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။
မိခင်များ၊ မွေးကင်းစနှင့် တစ်နှစ်အောက်ကလေးအပါအ၀င် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများကို လျှော့ချနိုင်ရန် ရည်ရွယ်၍ မိခင်နှင့် ကလေး မွေးကင်းစအပါအ၀င် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အမျိုးသားကျန်းမာရေးစီမံကိန်းတွင် ဦးစားပေးကဏ္ဍအဖြစ် အကောင်အထည်ဖော်လျက်ရှိသည်။
နိုင်ငံတစ်ဝန်းလုံးရှိ မိခင်များအနက် ကျေးရွာများရှိ မိခင်များက ရာခိုင်နှုန်းပြည့် မိခင်နို့ချိုတိုက်ကျွေးကြသည်။ သို့သော် မိခင်အများစုသည် မိမိတို့ ရင်သွေးငယ်များအား နို့ချိုတိုက်ကျွေးရာတွင် နည်းလမ်းမမှန်ကန်ခြင်း၊ စနစ်မကျခြင်း၊ မဆီလျော်သော အယူအဆနှင့် အစဉ်အလာဟောင်းများကို လက်ခံကျင့်သုံးခြင်း စသည်တို့ကို ပြုမူ ဆောင်ရွက်လျက် ရှိပေသည်။
ယင်းအပြုအမှုများကြောင့် ကလေးငယ်များတွင် အာဟာရဓာတ် မပြည့်ဝခြင်း၊ ၀မ်းပျက် ၀မ်းလျှောရောဂါဖြစ်ခြင်းနှင့် ကိုယ်နှင့်စိတ် ဖွံ့ဖြိုးမှု စံချိန်မမီခြင်း စသည့် ဆိုးကျိုးများကို ခံစားကြရသည်။
မြန်မာနိုင်ငံရှိ မိခင်များသည် ကလေးများကို မွေးကင်းစမှစ၍ စနစ်တကျ နို့ချိုတိုက်ကျွေး ခြင်းဖြင့် ကလေးများ ရှင်သန်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဟူသည့် အကြောင်းအချက်များကို ခံစားရရှိနိုင်ကြမည် ဖြစ်သည်။
ယင်းတို့ကြောင့် မိခင်များ ကိုယ်ဝန်ဆောင်စဉ် မိခင်နို့ စနစ်တကျ တိုက်ကျွေးနည်းများနှင့် မွေးဖွားပြီး နာရီဝက်အတွင်း ကလေးငယ်ကို မိခင်နို့ အစောဆုံးတိုက်ကျွေးရန်တို့ကို မိခင်တိုင်းက လိုက်နာဆောင်ရွက်ရန် စည်းရုံး ဆောင်ရွက်သွားကြရမည် ဖြစ်သည်။

ရေစီးရေလာကောင်းမွန်ရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်နေမှုများတိုင်းမှူးဗိုလ်မှူးချုပ်ဝင်းမြင့်မြို့တော်ဝန်ဗိုလ်မှူးချုပ်အောင်သိန်းလင်းကြည့်ရှု

ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းတို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမ တိုင်းကျန်းမာရေး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက တိုင်းအတွင်းနှင့် မြို့နယ်များအတွင်းသွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှု၊ ထိန်းချုပ်ထားနိုင်မှု ၊ ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားမှု အခြေအနေများ၊ ရေစီးရေလာ ကောင်းမွန်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းမှူးနှင့် မြို့တော်ဝန်တို့က လိုအပ်သည်များကို ဖြည့်စွက်မှာကြားကြပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဌာနဆိုင်ရာများ ၊လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်ပြည်သူများ စုပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ ဆေးစိမ်ခြင်ထောင်ဆောင်ရွက်မှုလုပ်ငန်းများ ၊ ခြင်ဆေးဖျန်းစက်အသုံးပြု၍ ခြင်ဆေးဖျန်းဆောင်ရွက်နေမှုများ၊ ကျန်းမာရေးပညာပေးဟောပြောနေမှုများ၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့သည် ရန်ကုန်အနောက်ပိုင်းခရိုင်အလုံမြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်ပြည်သူများ စုပေါင်း၍ ကျန်းမာရေးပညာပေးဟောပြောမှုများ၊ ဖုံး၊သွန်၊ လဲ ၊ စစ်လုပ်ငန်းများ၊ ဆေးစိမ်ခြင်ထောင်ဆောင်ရွက်မှုလုပ်ငန်းများ၊ ခြင်ဆေးဖျန်းဆောင်ရွက်နေမှုများ၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ကမာရွတ်မြို့နယ် (၅) ရပ်ကွက် ဟံသာရိပ်မွန်အိမ်ရာဝင်းအတွင်း ကွန်ကရစ်ရေမြောင်းများနှင့် ရေထိန်းတံခါး တည်ဆောက်နေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

င၀န်တံတား(မြို့ကွင်း)ကညင်ရေလှောင်တမံနှင့်မမြရေလှောင်တမံတိုင်းမှူးး ဗိုလ်ချုပ်ကျော်ဆွေ ကြည့်ရှုစစ်ဆေး


ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေသည် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၇နာရီခွဲတွင် ဟင်္သာတမြို့နယ်ရှိ င၀န်တံတား(မြို့ကွင်း) တည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိပြီး တံတားလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် င၀န်မြစ်ကမ်း ၀ဲ၊ ယာ သဲသောင်ခုံများ၌ ပဲမျိုးစုံနှင့် နေကြာသီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် တိုင်းမှူးသည် အင်္ဂပူမြို့နယ်ရှိ ကညင်ရေလှောင်တမံ စီမံကိန်းလုပ်ငန်းများနှင့် မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ လက်ယာတူးမြောင်း၌ လျှပ်စစ်ဓာတ်အားပေးစက် နှစ်လုံးတပ်ဆင်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
တိုင်းမှူးသည် ဖေဖော်ဝါရီ ၂၇ ရက်နံနက်ပိုင်းတွင် ရေကြည်မြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မဈေး ပြန်လည်တည်ဆောက်မည့်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေကြည်ခန်းမ၌ ကျင်းပသည့် အစုစပ် ကုမ္ပဏီဖွဲ့စည်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။
ယင်းနောက် တိုင်းမှူးသည် အလှူရှင်များ လှူဒါန်းသည့် သွပ်များကို လက်ခံပြီး ဆန်နှင့် ပဲကုန်သည်ကြီးများ၊ ဆန်စက်လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ကြည့်ရှုအားပေး
ထို့နောက် တိုင်းမှူးသည် (၆၄)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ကျင်းပသည့် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သီပေါမြို့နယ် နမ့်လန်တွင် လျှပ်စစ်ဓာတ်အား စတင်သုံးစွဲပြီ


နိုင်ငံတော်က မြို့နှင့် ကျေးလက်ဒေသများ၌ လျှပ်စစ်ဓာတ်အားရရှိအသုံးပြုသွားနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(မြောက်ပိုင်း)ဥက္ကဌ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်၏ ကြီးကြပ်စီမံမှု၊ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ကူညီပံ့ပိုးမှုတို့ဖြင့် ဖေဖော်ဝါရီ ၆ ရက်မှစ၍ သီပေါမြို့နယ် နမ့်လန်၌ လျှပ်စစ်ဓာတ်အားများ စတင်သုံးစွဲနိုင်ပြီဖြစ်သည်။
သီပေါမြို့မှ ၃၈ မိုင်ရှိ နမ့်လန်ဒေသသို့ သီပေါ 66/33 KV 20 MVA ဓာတ်အားခွဲရုံမှ 33KV ဓာတ်အားလိုင်း ၃၈ မိုင် တည်ဆောက်ပြီး ဓာတ်အားများ ဆက်သွယ်ပို့လွှတ်ပေးခဲ့ခြင်းဖြစ်သည်။နမ့်လန်၌ 33/11 KV-3 MVA ဓာတ်အားခွဲရုံကို တည်ဆောက်ခဲ့ပြီး လျှပ်စစ် ဓာတ်အား 3 MVA အထိ သုံးစွဲသွားနိုင်မည် ဖြစ်သည်။
နမ့်လန်၌ ရပ်ကွက် ၁၁ ရပ်ကွက်၊ ကျေးရွာငါးရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ စုစုပေါင်း ၂၀၀၀၀ကျော် မှီတင်း နေထိုင်လျက်ရှိသည်။
ရဲစခန်း၊ အခြေခံပညာအထက်တန်းကျောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာတိုက်နှင့်ဆက်သွယ်ရေး(တယ်လီဖုန်းရုံး၊ ဆေးရုံနှင့် ဌာနဆိုင်ရာများရှိပြီး နိုင်ငံတော်၏ ကူညီပံ့ပိုးမှုတို့ဖြင့် ဒေသတွင်း ငြိမ်းချမ်းပြီး ဒေသဖွံ့ဖြိုးတိုးတက်လာသောကြောင့် လျှပ်စစ်မီးရရှိရေး ကိုယ့်အားကိုယ်ကိုး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယ၀န်ကြီးဦးမောင်မြင့်ခေါင်းဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့(၁၀)ကြိမ်မြောက်မြန်မာ-အိန္ဒိယနှစ်နိုင်ငံဆွေးနွေးပွဲတက်ရောက်


ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မြင့် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့သို့ မတ် ၃ ရက်တွင် လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြသည်။

ညှိနှိုင်းဆွေးနွေး


ဒုတိယ၀န်ကြီး ဦးမောင်မြင့် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ် ၅ ရက် နံနက် ၁၀ နာရီခွဲတွင် နယူးဒေလီမြို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၌ ကျင်းပသည့် (၁၀)ကြိမ်မြောက်မြန်မာ-အိန္ဒိယနှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး/အတွင်းဝန်အဆင့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ပြီး နိုင်ငံခြားရေးအတွင်းဝန် မစ္စတာရှိဗ်ရှန်ကာမီနွန် ခေါင်းဆောင်သည့် အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုလည်းကောင်း၊ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အိန္ဒိယသမ္မတနိုင်ငံ ဒုတိယသမ္မတ၏ ခရီးစဉ်အတွင်း ညှိနှိုင်းဆွေးနွေးချက်များအား ဆက်လက်အကောင်အထည်ဖော်ရေးကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် နှစ်နိုင်ငံ ညှိနှိုင်း ဆွေးနွေးပွဲ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ညနေ ၅ ဒာရီတွင် အိန္ဒိယပြည်ပရေးရာ ၀န်ကြီးဌာန၌ ကျင်းပရာ ဒုတိယ၀န်ကြီး ဦးမောင်မြင့်နှင့် နိုင်ငံခြားရေး အတွင်းဝန် မစ္စတာရှိဗ် ရှန်ကာမီနွန်တို့က လက်မှတ်ရေးထိုးကြသည်။
ဒုတိယ၀န်ကြီး ဦးမောင်မြင့်ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ် ၆ ရက်တွင် ကီရာလားပြည်နယ်သို့ သွားရောက်ခဲ့ကြပြီး မတ် ၁၀ရက်တွင် နေပြည်တော်သို့ပြန်လည်ရောက်ရှိကြသည်။


ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်းသာဂရစက်မှုနယ်မြေရှိရေအားလျှပ်စစ်တာဘိုင်၊ ဂျင်နရေတာထုတ်လုပ်မှုစက်ရုံနှင့်ဘက်စုံသုံးဒီဇယ်အင်ဂျင်ထုတ်လုပ်မှုစက်ရုံစစ်ဆေး




အမှတ်(၂)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်းသည် မတ် ၉ ရက် ညနေပိုင်းတွင် ပဲခူးတိုင်း ရေတာရှည်မြို့နယ် သာဂရစက်မှုနယ်မြေရှိ ရေအားလျှပ်စစ်တာဘိုင်နှင့် ဂျင်နရေတာထုတ်လုပ်မှုစက်ရုံစီမံကိန်း၌ စက်ပစ္စည်းများ ရောက်ရှိမှု၊ စက်အထိုင် Machine Foundation များ တည်ဆောက်ပြီးစီးမှုနှင့် တပ်ဆင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဘက်စုံသုံး ဒီဇယ်အင်ဂျင် ထုတ်လုပ်မှုစက်ရုံစီမံကိန်း၌ Machine Shop No(1) နှင့် No(2) တို့အတွက် စက်ပစ္စည်းများရောက်ရှိမှုနှင့် တပ်ဆင်ပြီးစီးမှုများကို လည်းကောင်း၊ Forging Shop ရှိ (16) Ton Press Machine အတွက် တန် ၃၀၀၀ ခံနိုင်သော Machine Foundation တည်ဆောက်ပြီးစီးမှု အခြေအနေကို လည်းကောင်း ကြည့်ရှုစစ်ဆေးကာ Machine Foundation နှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများကို မိုးမကျမီအပြီးသတ် ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ၀န်ကြီးသည် မြေထိုးမြေတူး ယန္တရားထုတ်လုပ်မှုစက်ရုံ၏ ထုတ်လုပ်မှုလုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးကာ ထုတ်လုပ်မှုကို လာမည့်ဘဏ္ဍာရေးနှစ်အတွင်း တိုးမြှင့်ထုတ်လုပ်သွားရန်၊ မိမိတို့စက်ရုံအနေဖြင့် Localization ပြုလုပ်နိုင်မည့် အစိတ်အပိုင်း အမယ်သစ်များတိုးမြှင့်ထုတ်လုပ်သွားကြရန်၊ ကုန်ကြမ်း လိုအပ်မှုကို တွက်ချက်တင်ပြရန်နှင့် Workmanship ကောင်းကောင်းဖြင့် ထုတ်လုပ်မှု ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ဆွမ်းဆန်စိမ်းလောင်းလှူ

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူကြစဉ်။


















သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်လှူဒါန်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနား နေပြည်တော်ရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်ဇနီး ဒေါ်ကြိုင်ကြိုင်တို့ တက်ရောက်ကြည်ညို

မြန်မာနိုင်ငံ သာ့သနာ့သမိုင်းတွင် ပုဂံခေတ်မှသည် စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်သို့တိုင် ခေတ်အဆက်ဆက်၌ သာသနာတော်ကို ကြည်ညိုကြသော မင်းအစိုးရအဆက်ဆက်တို့သည် 'အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂပဏ္ဍိတ၊ ဒိသာပါမောက္ခ သီရိမဟာစတုရင်္ဂဗလ၊ သုဓမ္မမဟာသာမိ၊ ရာဇဂုရု၊ မဟာဓမ္မရာဇာဓိရာဇရု၊ ဓမ္မသေနာပတိ' အစရှိသော ဘွဲ့တံဆိပ်များနှင့် ပထမစာတော်ချ၊ ဒုတိယစာတော်ချ၊ တတိယစာတော်ချအစရှိသည့် ဘွဲ့တံဆိပ်တော်များကို သာသနာတွင် ထင်ရှားထူးခြားသော ဆရာတော်ကြီးမတျားအာ ဆပ်ကပ်လှူဒါန်းခဲ့ကြပေသည်။

နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး တိုးမြှင့်ဖော်ဆောင် တိုင်းရင်းသားပြည်သူများ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏ အမျိုးသားစီးပွားရေးဘ၀ မြင့်မားတိုးတက်လာစေရန် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် အခြေခံအဆောက် အအုံများကို တိုင်းရင်းသားပညာရှင်များ၏ စွမ်းပကားဖြင့် ပြည်ထောင်စု တစ်ဝန်းလုံး၌ ဖြည့်ဆည်း တည်ဆောက် ပေးလျက်ရှိသည်။
ကိုလိုနီအမွေဆိုးကြောင့် ဖွံ့ဖြိုးမှုနောက်ကျခဲ့ရသော နယ်စပ်ဒေသများကို ၁၉၈၉ခုနှစ်မှစ၍ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ချမှတ်၍ အကောင်အထည်ဖော်ခဲ့ရာ၌ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် အခြေခံအဆောက်အအုံများကို ဖြည့်ဆည်းပေးခဲ့သည်။
လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပြုစုစောင့်ရှောက်ရာတွင် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ အသိပညာနှင့် အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရန် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးဒီဂရီကောလိပ် စသည်တို့ကို ဖွင့်လှစ် သင်ကြား ပို့ချပေးခဲ့သည်။
တိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာတတ်မြောက်ရေး၊ နယ်မြေဒေသ မြို့ပြစီမံကိန်းများနှင့် စက်မှုလုပ်ငန်းများ ထူထောင်ရာတွင် ကျွမ်းကျင်သော လုပ်သားများ ပေါ်ထွက်ရေးအတွက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ထိုနည်းတူပင် လူငယ်လူရွယ်အမျိုးသမီးများအတွက် အမျိုးသမီး အိမ်တွင်းသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများ ဖွင့်လှစ်ပေးပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားပေးခဲ့သည်။
နိုင်ငံတော်အစိုးရသည် နယ်စပ်ဒေသနေ တိုင်းရင်းသား ပြည်သူများ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အသေးစားဆည်တမံများ၊ တူးမြောင်းများ တည်ဆောက်ပေးပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်စေခဲ့သည်။
လမ်းပန်းဆက်သွယ်ရေးသည် ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိက ကျသဖြင့် လမ်းတံတားများကို ဦးစားပေး ဖောက်လုပ် တည်ဆောက် ပေးခဲ့သည်။လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ ကုန်စည်စီးဆင်းမှု မြန်ဆန်လာပြီး ဒေသတစ်ခုနှင့် တစ်ခု ကူးလူးဆက်ဆံမှု ပိုမိုချောမွေ့လာခဲ့သည်။
ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့်လည်း ဆေးရုံ၊ ဆေးပေးခန်း၊ ကျေးလက်ကျန်းမာရေးဌာနများအပြင် အထူးကုဆေးရုံကြီးများကို တိုးချဲ့တည်ဆောက် ဖွင့်လှစ်ပေးခဲ့သည်။
သို့ဖြစ်ပေရာ နိုင်ငံတော်က ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို တိုးမြှင့်ဖော်ဆောင် လျက် ရှိရာ၌ တိုင်းရင်းသား ပြည်သူများသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တို့ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

တပေါင်းလပြည့်နေ့အခါသမယတွင်နေပြည်တော်နှင့်ရန်ကုန်မြို့တို့ရှိဘုရား၊ပုထိုး၊စေတီများ၌ ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့်စည်ကားများပြား


ယနေ့သည် ၁၃၇၀ ပြည့်နှစ် တပေါင်းလပြည့်နေ့ အခါသမဖြစ်သည်။မြတ်ဗုဒ္ဓသည် ကာဋ္ဌုဒါယီမထေရ်၏ လျှောက်ထားချက်အရ ရဟန္တာအရှင်သူမြတ်နှစ်သောင်းခြံရံလျှက် မဟာသက္ကရာဇ် ၁၀၃ ခု တပေါင်းလပြည့်ကျော် ၁ရက်တွင် ရာဇဂြိုဟ်မှ ယူဇနာ ၆၀ ကွာဝေးသော ဖွားရာဇာတိ ကပိလ၀တ်နေပြည်တော်သို့ တစ်နေ့လျှင် တစ်ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀ တိုင်တိုင် နှစ်လကြာမျှ ဒေသစာရီ ကြွချီတော်မူခဲ့ရာ လမြတ်တပေါင်းလကို ဗုဒ္ဓဘာသာဝင်အပေါင်းက "ဤတပေါင်းလပြည့် မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ " နှစ်စဉ် ကျင်းပကြသည်။
တပေါင်းလအခါသမယတွင် ရာသီပွဲတော်ဖြစ်သည့် သဲပုံစေတီပွဲတော်ကိုလည်း ကျင်းပကြသည်။ ယနေ့တွင် ဗုဒ္ဓဘာသာဝင်များသည် နေပြည်တော်နှင့် ရန်ကုန်မြို့တို့အပါအ၀င်ဒေသအသီးသီးရှိ ဘုရား၊ ပုထိုး၊စေတီများ၌ ပုညဘိသခါင်္ရတည်းဟူသော ကုသိုလ်ပုညပြုကြသူများ၊သမထနှင့် ၀ိပဿနာဘာဝနာပွားများကြသူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။
တပေါင်းလပြည့် အခါသမယတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ဘုရားဖူးလာရောက်ကြသူများ၊ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့် အထူးစည်ကားသည်ကို တွေ့ရသည်။
အလားတူ နေပြည်တော် ဘောဂသိန္တိရပ်ကွက်၌ တည်ထားသည့် ဓာတုစယဓာတ်ပေါင်းစုစေတီတော်၌လည်း ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ထို့အတူ နေပြည်တော်ပျဉ်းမနားရှိ သမိုင်းဝင် ဘုရားကိုးဆူစေတီတော်၊ လောကမာရဇိန်ဘုရား၊ ကိုးခမ်းကြီးဘုရား၊ လောကရန်နှိမ်ဘုရားစသည့်ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့် စည်ကားလှသည်။
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ကြီးမှူး၍ နံနက်ပိုင်းတွင် စေတီတော်ရင်ပြင် ရာဟုထောင့်အောင်မြေ၌ ဘာသာရေး အသင်းအဖွဲ့များ ၊ ၀န်ထမ်းများနှင့် ဘုရားဖူးပြည်သူများက စေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီး ကပ်လှူကြသည်။
ထို့နောက် နံနက် ၉ နာရီခွဲတွင် ၂၅၉၇ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ရေစက်ချအနုမောဒနာ အခမ်းအနားကို ချမ်းသာကြီးတန်ဆောင်း၌ကျင်းပရာ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ သြ၀ါဒါစရိယဆရာတော်ထံမှ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့ဝင်များနှင့် ဘုရားဖူးပြည်သူများက တရားနာယူကြသည်။
ထို့အတူ ဆူးလေစေတီတော်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ စွယ်တော်မြတ်စေတီတော်၊ သမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်တို့၌လည်း ဘုရားဖူးပြည်သူများ၊ ဥပုသ်သီတင်း ဆောက်တည်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
အလားတူ ကမ္ဘာအေးစေတီ၊ မဟာဝိဇယ၊ ကိုးထပ်ကြီး၊ ခြောက်ထပ်ကြီး၊ ငါးထပ်ကြီး၊ ရွှေဘုန်းပွင့်စေတီတော်၊ ကျိုက္ကစံစေတီတော်၊ လောကချမ်းသာ အဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ တောင်ဥက္ကလာပစေတီ၊ မယ်လမုဘုရား၊ ကျိုက္ကလို့၊ ကျိုက္ကလဲ့၊ ကျိုက်မှော်ဝန်းရေလယ်ဘုရား၊ ကျိုက်ခေါက်စေတီတော်၊ ပါဒကြီးဘုရား၊ ခရမ်းမြို့ သွန်းဘုရားကြီးအပါအ၀င် ရန်ကုန်မြို့ရှိဘုရား၊ စေတီပုထိုးများ၌ ကုသိုလ်ပုညပြုကြသူများ၊ ဒါန၊ သီလ၊ ဘာဝနာပြုကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ဥပ္ပါတသန္တိစေတီတော်ရတနာစိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်း




မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့များ၏ အတွင်းရေးမှူးများ ညှိနှိုင်းစည်းဝေး


မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့များ၏ အတွင်းရေးမှူးများ ညှိနှိုင်းအစည်းအဝေး(၁/၂၀၀၉)ကို ယမန်နေ့ မွန်းလွဲ ၁နာရီက နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တာဆီးကာကွယ်ရေး ဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့များမှ အတွင်းရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အမှာစကားပြောကြား
ရှေးဦးစွာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက အမှာစကားပြောကြားရာတွင် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနှင့် ပတ်သက်ပြီး ဘိန်းအစားထိုး လုပ်ငန်းများကို ဆောင်ရွက်နေကြသော အစားထိုးသီးနှံများ စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့နှင့် အစားထိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသော အစားထိုးသီးနှံများ စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့နှင့် အစားထိုးမွေးမြူရေးလုပ်ငန်းအဖွဲ့များသည် ဘိန်းစိုက်တောင်သူများ လုပ်ကိုင်နေသော ကျေးလက်ဒေသများအထိ ကွင်းဆင်းဆောင်ရွက်ရာ၌ နယ်မြေခံ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မူးယစ်အထူးအဖွဲ့များ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်နှင့် ညှိနှိုင်းဆောင်ရွက်သွားပြီး အခြားလုပ်ငန်းအဖွဲ့များနှင့်အတူ လက်တွဲညီညီ ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း။
ရှင်သန်ပွားများစေရေး
အစားထိုးသီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ အနေဖြင့် ပထမငါးနှစ် စီမံကိန်းထက် ဒုတိယငါးနှစ်စီမံကိန်းကာလတွင် နှစ်ချင်းသီးနှံဧက ခုနှစ်သိန်းကျော်နှင့် နှစ်ရှည်သီးနှံပင်ဧက ရှစ်သိန်းကျော် တိုးတက်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မွေးမြူရေးလုပ်ငန်းများအနေဖြင့် နွား၊ မျိုးဝက်၊ ဆိတ်၊ ကြက် စသည့် မျိုးကောင်းမျိုးသန့် ဖြန့်ဖြူမှုများကို ငွေကျပ်သိန်း၃၇၀ကျော်၊ ကာကွယ်ကုသမှု ငွေကျပ် ၁၃၅သိန်းကျော်၊ ငါးမွေးမြူရေးအတွက် ငွေကျပ်သိန်း ၉၀ကျော် ဖြန့်ဖြူးလုပ်ကိုင်လျက်ရှိပြီး အဆိုပါ ဖြန့်ဖြူးပြီး မွေးမြူရေးလုပ်ငန်းများ ရှင်သန်ပွားများစေရေးအတွက် နည်းပညာပိုင်းနှင့် လက်တွေ့ပိုင်းများကိုပါ တာဝန်ရှိသူများက တစိုက်မတ်မတ် ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း။
အသိပညာပေး
ပြန်လည်ထူထောင်ရေး လုပ်ငန်းများအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး ၄၇၈ဦး မွေးထုတ်ပြီး ပြန်လည်ထူထောင်ရေး စခန်းအသီးသီးမှ သင်တန်းဆင်းပြီးသူများအား စောင့်ရှောက်ခြင်း၊ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် HIV/AIDS ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်၍ လုပ်ငန်းများအား စဉ်ဆက်မပြတ် လုပ်ဆောင်သွားမှသာ နိုင်ငံတော်က ရည်မှန်းထားသည့် သုံးစွဲမှု ပပျောက်ရေးကဏ္ဍကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း။
တိုးချဲ့ဆောင်ရွက်
တားဆီးနှိမ်နင်းရေး လုပ်ငန်းအဖွဲ့အနေဖြင့် ၂၀၀၈ခုနှစ် ဇန်န၀ါရီ ၁ရက်မှ ဒီဇင်ဘာ ၃၁ရက်အထိ တစ်နှစ်တာ ကာလအတွင်း မူးယစ်ဆေးဝါအမှုပေါင်း ၂၄၂၉မှု ဖမ်းဆီးရမိခဲ့ကြောင်း၊ ကျားတရားခံ၃၀၄၄ဦးနှင့် မတရားခံ ၇၂၉ဦး စုစုပေါင်းတရားခံ ၃၇၇၃ဦးတို့အား တရားစွဲတင်ပို့နိုင်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ဒေသနှင့် ဒေသခွဲအတွင်းရှိ အိမ်နီးချင်းနိုင်ငံများနှင့် နှစ်နိုင်ငံ သဘောတူညီမှု လက်မှတ်ရေးထိုးပြီး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ၂၀၀၉ခုနှစ် ဇန်န၀ါရီ ၅ရက်မှစပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်းကာ ရှမ်းပြည်နယ်အတွင်း ဘိန်းခင်းတိုင်းတာရေး လုပ်ငန်းများကိုပါ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ကြောင်း။
ပြည့်မီအောင်
လုပ်ငန်းအဖွဲ့များ၏ အတွင်းရေးမှူးများသည် မိမိတို့ လုပ်ငန်းအလိုက် လက်တွေ့တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်နေကြသော အဖွဲ့အစည်းဌာနများ၏ အခက်အခဲများကို အနီးကပ်ဖြေရှင်းနေရသူများ ဖြစ်သောကြောင့် မူးယစ်ဆေးဝါး ပပျောက်ရေး(၁၅)နှစ် စီမံကိန်း၏ ဒုတိယငါးနှစ်စီမံကိန်း နောက်ဆုံးနှစ် ဖြစ်သည့် ၂၀၀၉ခုနှစ် လျာထားချက်များ ပြည့်မီအောင် ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် မူးယစ်ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ရဲမှူးကြီးခမ်းအောင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တာဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူးများ ညှိနှိုင်းအစည်းအဝေး(၁/၂၀၀၉)မှ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ပညာပေးလှုံ့ဆော်
ယင်းနောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးင်္စီးဌာန၊ အစားထိုးသီးနှံ စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့၊ မွေးမြူရေးလုပ်ငန်းအဖွဲ့၊ ဆေးကုသရေး လုပ်ငန်းအဖွဲ့၊ ကျောင်းသားလူငယ်များအား အသိပညာပေးရေး လုပ်ငန်းအဖွဲ့၊ ပြည်သူများအား ပညာပေးလှုံ့ဆော်ရေးလုပ်ငန်းအဖွဲ့၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၊ တားဆီးနှိမ်နင်းရေး လုပ်ငန်းအဖွဲ့၊ ထိန်းချုပ်ဓာတု ပစ္စည်းကြီးကြပ်ရေးကော်မတီနှင့် နိုင်ငံတကာ ဆက်ဆံရေး လုပ်ငန်းအဖွဲ့တို့မှ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများက မိမိတို့ လုပ်ငန်းအဖွဲ့၏ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဗဟိုအဖွဲ့ အတွင်းရေးမှူး ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


မဟာမင်္ဂလာအခမ်းအနားများသို့ ကြွရောက်တော်မူကြမည့် ဆရာတော်ကြီးများအား ဆေးဝါးများ ဆက်ကပ်လှူဒါန်း

နေပြည်တော်ရှိ ဥပ္ပါတသန္တိကုန်းတော်ပြင်၌ တည်ထားကိုးကွယ်သည့် ဥပ္ပါတသန္တိစေတီတော် ရွှေထီးတော်၊ စိန်ဖူးတော်တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားများသို့ ကြွရောက်တော်မူကြသည့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးများအား ကျန်းမာရေးဝန်ကြီးဌာ ကျန်းမာရေးဦးစီးဌာနမှ ဆေးဝါးများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ ၁နာရီတွင် ဆရာတော်ကြီးများ သီတင်းသုံးနေတော်မူသည့် သံဃရာမ စံကျောင်းတော်များသို့ သွားရောက်လှူဒါန်းခဲ့ကြသည်။
စစ်ဆေးကုသ
လှူဒါန်းပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နေပြည်တော် ခုတင်(၁၀၀၀)ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ အဖွဲ့ဝင်များ သွားရောက်၍ အနောက်တိုင်းဆေးဝါးများ၊ တိုင်းရင်းဆေးဝါးများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ကြီးများအား ကျန်းမာရေးအခြေအနေ လျှောက်ထားကာ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ကျန်းမာရေးစောင့်ရှောက်
မဟာမင်္ဂလာအခမ်းအနားများသို့ ကြွရောက်တော်မူကြသည့် နိုင်ငံတော် သြ၀ါဒါစရိယဆရာတော်နှင့် ဆရာတော် သံဃာတော်မြတ်များ၊ ပွဲတော်သို့ လာရောက်ကြသည့် ရဟန်းရှင်လူ ပြည်သူများအတွက် နေပြည်တော် ခုတင်(၁၀၀၀)ဆံ့ ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ အဖွဲ့က ဆေးခန်းဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။

စီးပွားဖြစ် လက်ဖက်စိုက်ခင်းများ ထူထောင် အရည်းအသွေးကောင်း လက်ဖက်များ တိုးမြှင့်ထုတ်လုပ်

မြန်မာနိုင်ငံသည် ရေ။ မြေ၊ ရာသီဥတု ကောင်းမွန်သဖြင့် သီးနှံစုံ စိုက်ပျိုးဖြစ်ထွန်းသည်။ မြစ်ဝကျွန်းပေါ်နှင့် မြေပြန့်ဒေသများတွင် စပါး၊ ပဲအမျိုးမျိုး ၊ ဆီထွက်သီးနှံနှင့် ရာသီ သီးနှံများ စိုက်ပျိုးနေကြသည်။ ကုန်းမြင့်မြေယာများတွင် ရော်ဘာ၊ ထောပတ်၊ သရက်၊ လက်ဖက်စသည့် နှစ်ရှည်ပင်များကို တိုးချဲ့စိုက်ပျိုးကြရမည် ဖြစ်သည်။
လက်ဖက်စိုက်ပျိုးသည့် ဒေသများကို အများအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် ပေ၃၀၀၀ ခန့်နှင့် အထက် မြင့်မားသော ဒေသများတွင် တွေ့ရသည်။ ရှမ်းပြည်နယ် ၊ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်းစသည့် ဒေသများတွင် ရာသီဥတုနှင့် ကိုက်ညီဖြစ်ထွန်းသည့် လက်ဖက်ကို ပိုမိုစိုက်ပျိုးသင့်ပေသည်။ ယခုအခါ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့၌ လက်ဖက်များတိုးချဲ့ စိုက်ပျိုးနေကြပြီး ဈေးကွက်ဝင် လက်ဖက်ခြောက်များကို မြို့နယ်အလိုက် တစ်ပိုင်တစ်နိုင် ထုတ်လုပ်လျက်ရှိသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ နမ့်ဆန်မြို့နယ်သည် လက်ဖက်စိုက်ပျိုးဖြစ်ထွန်းသည့် ဒေသဖြစ်ပြီး တစ်နိုင်ငံလုံးရှိ လက်ဖက်စိုက်ပျိုးဧက၏ ရာခိုင်နငန်း ၈၀ခန့်ရှိသည်ကိုတွေ့ရသည်။ လက်ရှိဖြစ်ထွန်း အောင်မြင်နေသည့် လက်ဖက်စိုက်ခင်းများကို လိုအပ်သည့် နည်းပညာနှင့် အရင်းအနှီးများပေါင်းစပ်ပြီး စီးပွားဖြစ်စိုက်ခင်းကြီးများ ထူထောင်သွားကြရမည်ဖြစ်သည်။
ယခုအချိန်အခါတွင် လက်ဖက်ရွက်ကိုရေနွေးကြမ်းအဖြစ် သောက်သုံးရုံမျှမက အလှကုန်းနှင့် လူသုံးကုန် ပစ္စည်းများတွင်လည်း ကုန်ကြမ်းအဖြစ်ထည့်သွင်းအသုံးပြုပြီး တန်ဖိုးမြှင့် ထုတ်လုပ်ရောင်းချ နေကြပြီဖြစ်သည်။ ဈေးကွက်ရှိနေသည့် လက်ဖက်ကို အရေအတွက်ရော အရည်းအသွေးပါ တိုးတက်ကောင်းမွန်ရေး ကြိုးပမ်းရင်းတန်ဖိုးမြှင့် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်အပိုင်းက နမ့်ဆန်မြို့နယ် လမ်းပမ်းဆက်သွယ်မှု တိုးတက်ကောင်းမွန်ရေး ၊ ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုပေးနိုင်ရေးစသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စီမံဖြည့်ဆည်းပေးလျက်ရှိရာ ဒေသခံတိုင်းရင်းသားများက စီးပွားဖြစ်လက်ဖက်စိုက်ခင်းကြီးများ ထူထောင်ပြီး အရည်အသွေးကောင်း လက်ဖက်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းကြခြင်းဖြင့် စီးပွားဖွံ့ဖြိုးတိုးတက်မှု ရလဒ်ကောင်းများ ဖြစ်ထွန်းရရှိလာမည် ဖြစ်ပါသည်။




လမ်း၊ တံတားများ တိုးချဲ့ဖောက်လုပ် အဆင့်မြှင့်တင် ကူးသန်းဆက်သွယ် သွားလာမှုများ တိုးတက်စည်ပင်

နိုင်ငံတော်၌ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ကုန်စည်ကူးသန်းမှု များပြားလာကာ မော်တော်ယာဉ်စီးရေလည်း တိုးတက်လာသည်။လူဦးရေ တိုးတက်လာခြင်းနှင့် လမ်းမကြီးများတစ်လျှောက်ရှိ မြို့ရွာများ ဖွံ့ဖြိုးလာခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက လမ်း၊ တံတားများစွာကို တိုးချဲ့ဖောက်လုပ်တည်ဆောက် အဆင့်မြှင့်တင် ပေးလျက်ရှိသည်။
အဆိုပါ လမ်း၊ တံတားများ အရှိန်အဟုန်ဖြင့် ဖောက်လုပ်တည်ဆောက်လျက်ရှိရာတွင် မိုင်သုံးရာကျော်ရှည်သည့် ရန်ကုန်-မန္တလေး ရှစ်လမ်းသွား အမြန်လမ်းမကြီးသည် တစ်ခုအပါအ၀င် ဖြစ်သည်။အောက်ခံကွန်ကရစ် ထုခြောက်လက်မ၊ မျက်နှာပြင်လွှာကွန်ကရစ်ထု ၁၂လက်မ ခင်းထားပြီး တန် ၈၀အထိ ခံနိုင်ရှိရန် တည်ဆောက်ထားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတို့က တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လမ်းပိုင်းအလိုက် သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ အချိန်မီ ပြီးစီးရေး ကြိုးပမ်းလျက်ရှိသည်။
အမြန်လမ်းမကြီး၏ အပိုင်း(၁)သည် ရန်ကုန် အမှတ်(၃)လမ်းဆုံမှ နေပြည်တော်(ပန်းတင်)အထိ ၂၂၁မိုင် တစ်ဖာလုံနှင့် အပိုင်း(၂)သည် နေပြည်တော်(ပန်းတင်)မှ မန္တလေးစကားအင်းအ၀ိုင်းအထိ ၁၃၁မိုင် ငါးဖာလုံရှိရာ လမ်းမကြီးအရှည်မိုင် ၃၅၂မိုင်ကျော် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးလမ်းမကြီး၏ ရန်ကုန်-နေပြည်တော်လမ်းအပိုင်းကို ၂၀၀၅ခုနှစ် အောက်တိုဘာလက စတင်ဆောင်ရွက်ခဲ့ရာ ၂၀၀၈ခုနှစ် မတ်လတွင် စမ်းသပ်အသုံးပြုနိုင်လျက်ရှိသည်။ ယခုအခါ Two Way,Two Lane ပြီးစီးပြီဖြစ်၍ မကြာမီဖွင့်လှစ်နိုင်တော့မည် ဖြစ်သည်။
သို့ဖြစ်ပေရာ ခေတ်မီနည်းစနစ်များ အသုံးပြု ဖောက်လုပ်တည်ဆောက်လျက်ရှိသည့် ရှစ်လမ်းသွား ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပြီးစီးဖွင့်လှစ်နိုင်သည်နှင့်အမျှ နေပြည်တော်ကို ဗဟိုပြု၍ ပြည်နယ်နှင့်တိုင်း အသီးသီးသို့ လွယ်ကူစွာ ဆက်သွယ်သွားလာ ဆောင်ရွက်နိုင်မည့်အပြင် ကူးသန်းရောင်းဝယ်မှု မြန်ဆန်သွက်လက်လာမှုနှင့်အတူ ပြည်သူများ၏ လူမှုစီးပွားဘ၀ ပိုမိုတိုးတက်စည်ပင်လာမည် ဖြစ်ပါသည်။ ။





ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၌ရောက်ရှိနေသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးနှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် ထွက်ခွာလာရာ နမ့်ဆန်မြို့သို့ နံနက် ၉နာရီ ၄၅ မိနစ်တွင် ရောက်ရှိကြသည်။

အတွင်းရေးမှူး(၁)နှင့်အဖွဲ့ဝင်များအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်လှမြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် အတွင်းရေးမှူး(၁)နှင့် အဖွဲ့ဝင်များသည် နမ့်ဆန်မြို့ဘုရားကြီးရွာအနီးရှိ ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံတည်ဆောက်ရန် လျာထားမြေနေရာကို ကြည့်ရှုစစ်ဆေးရာ နမ့်ဆန်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဦးသန်းလွင်က နမ့်ဆန်မြို့ပြမြေပုံဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အတွင်းရေးမှူး(၁)နှင့်အဖွဲ့ဝင်များသည် နမ့်ဆန်မြို့ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံတည်ဆောက်ရန် သင့်လျော်မည့် မြေနေရာများကို လှည့်လည်၍ ကြည့်ရှုရွေးချယ်ကြသည်။
ထိုမှတစ်ဆင့် အတွင်းရေးမှူး(၁)နှင့် အဖွဲ့ဝင်များသည် နမ့်ဆန်မြို့ တပ်မတော်လက်ဖက်ခြောက်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း လာမည့် လက်ဖက်ရာသီတွင် ထုတ်လုပ်မှုလုပ်ငန်းများ အဆင်သင့်ဆောင်ရွက်ရန်အတွက် စက်ပစ္စည်းများ ပြုပြင်ပြီးစီးနေပြီဖြစ်၍ စမ်းသပ်လည်ပတ်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ စက်ရုံမှူး ဦးသန်းထွန်းက လိုက်လံရှင်းလင်း ပြသသည်။
လာမည့် လက်ဖက်ရာသီတွင် လက်ဖက်ထုတ်လုပ်မှုလုပ်ငန်းများကို စက်စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်းပြုပြင်မွမ်းမံမှုလုပ်ငန်းများ ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် အတွင်းရေးမှူး(၁)နှင့် အဖွဲ့ဝင်များသည် နမ့်ဆန်မြို့ ဇယန်းကြီးရပ်ကွက်ရှိ ဇယန်းကြီးကျောင်းတိုက်သို့ ရောက်ရှိပြီး ဇယန်းကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဍိစနှင့် ဆရာတော်သံဃာတော်များအား ဖူးမြော်ကြည်ညို၍ သင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ထိုမှတစ်ဆင့် အတွင်းရေးမှူး(၁)နှင့် အဖွဲ့ဝင်များသည် နမ့်ဆန်မြို့ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြပြီး ဆေးရုံနှင့် ဆေးရုံဝင်းအတွင်းရှိ အဆောက်အအုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
ထို့နောက် အတွင်းရေးမှူး(၁)သည် နမ့်ဆန်မြို့ ပြည်သူဆေးရုံ အစည်းအဝေးခန်းမ၌ ဆေးရုံမှ ဆရာဝန်နှင့် သူနာပြုများအား တွေ့ဆုံသည်။
ရှေးဦးစွာ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းဌေးက ဆေးရုံ၌ လူနာများတက်ရောက်ကုသမှုအခြေအနေနှင့် ဒေသတွင်း အဖြစ်များသည့် ရောဂါများအခြေအနေကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အတွင်းရေးမှူး(၁)က တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းပေးပြီး လူနာများအား နွေးထွေးကြင်နာစွာ ကြိုဆိုကုသပေးရေး၊ ပြည်သူများက ယုံကြည်အားကိုးသည့် ဆေးရုံတစ်ရုံဖြစ်လာစေရန် ကုသရေးနှင့် ဆက်ဆံရေးအမြဲကောင်းမွန်နေစေရေး၊ ကျေးရွာများအထိ ကွင်းဆင်း၍ ရောဂါကာကွယ်ရေး၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရေးတို့ကို မှာကြားသည်။
ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်မင်းအောင်လှိုင်က ဆေးပစ္စည်းများကိုလည်းကောင်း၊ ဒုတိယ၀န်ကြီး ဒေါက်တာမြဦးက ဆေးပဒေသာပင် အလှူငွေများကိုလည်းကောင်း ပေးအပ်လှူဒါန်းကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းဌေးက လက်ခံသည်။
ဆက်လက်၍ အတွင်းရေးမှူး(၁)နှင့် အဖွဲ့ဝင်များသည် နမ့်ဆန်မြို့ဘုရားကြီးရပ်ကွက် အထက်မဟာမုနိဘုရားကြီးကုန်းတော်သို့ ရောက်ရှိကြပြီး ဘုရားကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇ၀န္တအား ဖူးမြော်ကြည်ညိုကြကာ သင်္ကန်းဆက်ကပ်လှူဒါန်းသည်။
ထို့နောက် အတွင်းရေးမှူး(၁)သည် နမ်ဆန်မြို့ မဟာမုနိဗုဒ္ဓရုပ်ပွားတော်အတွက် အလှူငွေများကို ပေးအပ်လှူဒါန်းပြီး ဧည်သည့်တော်မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးကာ သာသနိကအဆောက်အအုံများ ပြုပြင်မွမ်းမံထားမှုအခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထိုမှတစ်ဆင့် အတွင်းရေးမှူး(၁)နှင့် အဖွဲ့ဝင်များသည် တပ်မတော်ရဟတ်ယာဉ်ဖြင့် ထွက်ခွာလာရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။

ဆက်သွယ်ရေးစခန်းများနှင့် ရတနာပုံမြို့သစ် အိမ်ရာစီမံကိန်း ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော် ကြည့်ရှုစစ်ဆေး



ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်သည် ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သိန်းထွန်းလိုက်ပါလျက် မတ်၂ရက်တွင် မန္တလေးတိုင်း သာစည်မြို့ GSM မိုဘိုင်းစနစ် စခန်းသို့ ရောက်ရှိပြီး တာဝန်ခံအင်ဂျင်နီယာများက GSMမိုဘိုင်းစနစ်နှင့် ဆောက်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ၀န်ကြီးက လိုအပ်သည်များ မှာကြားပြီး စာတိုက်စခန်းကို ကြည့်ရှုစစ်ဆေးသည်။

ယင်းမှတဆင့် ၀န်ကြီးသည် သာစည်မြို့ မိုက်ခရိုဝေ့ဗ်စခန်းနှင့် အော်တိုအိတ်ချိန်းကို ကြည့်ရှုစစ်ဆေးသည်။
ဝန်ကြီးနှင့် ဒုတိယ၀န်ကြီးတို့သည် ယမန်နေ့တွင် ပြင်ဦးလွင်မြို့အနီးရှိ ရတနာပုံမြို့သစ် စီမံကိန်းသို့ ရောက်ရှိပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူဆောက်လုပ်နေသည့် သဲရေစစ်ကန်နှင့် ရေလှောင်ကန် ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။ထို့နောက် ၀န်ကြီးသည် ရတနာပုံမြို့သစ် အိမ်ရာစီမံကိန်းနယ်မြေ၌ လမ်းများ ဖောက်လုပ်ထားရှိမှု၊ အိမ်ရာတည်ဆောက်နေမှု၊ Soft Base Factories နေရာ၌ ကုမ္ပဏီများက စက်ရုံ၊ အလုပ်ရုံများ ဆောက်လုပ်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောက်လုပ်ကြရန် မှာကြား၍ Incuvation Centre များကို ကြည့်ရှုစ်ဆေးသည်။ယင်းနောက် ၀န်ကြီးသည် ရတနာပုံတယ်လီပို့အဆောက်အအုံ အစည်းအဝေးခန်းမ၌ တယ်လီပို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော် တပ်ကုန်းမြို့နယ် ကျေးရွာအုပ်စုများမှ ရပ်မိရပ်ဖများ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတွေ့ဆုံ


ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်မောင်ဦးသည် မတ် ၂ရက်က နေပြည်တော် တပ်ကုန်းမြို့နယ် ကျီးအင်းကျေးရွာ၌ ကျီးအင်း၊ သဖန်းချောင်း၊ မျက်ရဲ၊ လွှဘုံ၊ လယ်ဇပင်၊ သံပုရာကုန်း၊ အိုင့်ကျယ်နှင့် မယ်ဇလီကျင်း ကျေးရွာအုပ်စု ရှစ်အုပ်စုမှ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ကျေးရွာအခြေခံပညာကျောင်း ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
စပါးနှင့် ပဲကုန်သည်
ထို့နောက် ၀န်ကြီးသည် မြောက်မြိုက်ကျေးရွာနှင့် အလည်ကျွန်းကျေးရွာတို့မှ ရပ်မိရပ်ဖများအား မြောက်မြိုက်ကျေးရွာ စိုက်ပျိုးရေးရုံး၌ တွေ့ဆုံပြီး နေပြည်တော် တပ်ကုန်းမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး၌ စပါးနှင့် ပဲကုန်သည် လုပ်ငန်းရှင်များအား တွေ့ဆုံခဲ့သည်။

အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း စက်ရုံများကြည့်ရှုစစ်ဆေး



အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် မတ် ၁ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေးစက်မှုလုပ်ငန်း အီလက်ထရွန်နစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာစက်ရုံသို့ ရောက်ရှိပြီး Rim Motor ကိုယ်ထည်များပုံလောင်းနေမှု အခြေအနေ၊ ပုံလောင်းပြီး မော်တာကိုယ်ထည်အစိတ်အပိုင်းများနှင့် လျှပ်စစ်မော်တာအဆင့်ဆင့်ထုတ်လုပ်မှု လုပ်ငန်းများ၊ ကွန်ပျုတာထိန်းချုပ်စက်များဖြင့် တွင်ခုတ်စားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပြည့်မီကျော်လွန်အောင် ထုတ်လုပ်ရန်နှင့် ၀န်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်မူဝါဒများကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် မှာကြားသည်။
ထိုမှတစ်ဆင့် ၀န်ကြီးသည် မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေးစက်မှုလုပ်ငန်း စက်ဘီးစက်ရုံ(ရန်ကုန်)နှင့် မြန်မာ့စက္ကူနှင့်ဓာတုဗေဒလုပ်ငန်း အမှတ်(၁) ဓာတ်ငွေ့စက်ရုံတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။

နိုင်ငံတော်က ပြည်နယ်/တိုင်းအားလုံး မျှမျှတတ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ မိမိတို့ ကြိုးစားလျှင်ကြိုးစားသလောက် တစ်ဦးချင်းအတွက်သာမက ဒေသတစ်ခုလုံးအတွက်ပါ ပိုမိုတိုးတက်လာမည် ၀န်ထမ်းများအနေဖြင့် ပြည်သူများ၏အကျိုးစီးပွားကို အမြဲဦးထိပ်ပန်ဆင်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်




နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးသည် မတ် ၂ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ မြို့ကျက်သရေဆောင်ခန်းမ၌ ကျောက်မဲမြို့မှ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်မင်းအောင်လှိုင်၊ ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(မြောက်ပိုင်း)ဥက္ကဌ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်၊ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်အောင်မျိုးမင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောက်မဲခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကျောက်မဲခရိုင် အေးချမ်းသာယာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဦးခင်မောင်လေးက ကျောက်မဲခရိုင်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်က ကိုယ့်အားကိုယ်ကိုး ဒေသသုံး ရေအားလျှပ်စစ်လုပ်ငန်းများ၊ ဒေသ၀မ်းစာဖူလုံမှုအခြေအနေနှင့် ကုန်းမြင့်လယ်ယာမြေများ ဖော်ထုတ်မှုအခြေအနေတို့ကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်က ရွှေလီရေအားလျှပ်စစ်စီမံကိန်း ပြီးစီးခဲ့သဖြင့် ရှမ်းပြည်နယ်၏ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပို့လွှတ်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်နေသည့် လျှပ်စစ်စီမံကိန်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြဦးက ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံ၊ဆေးပေးခန်းများ တိုးချဲ့တည်ဆောက်ခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ တိုးချဲ့ခန့်ထားပေးမှုအခြေအနေများကိုလည်းကောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်မှုရရှိရေးအတွက် အားလုံးက ပါဝင်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပုံများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် အောင်မျိုးမင်းက ဆရာ၊ မိဘ၊ ကျောင်းသားအားလုံး ပူးပေါင်း၍ ပညာရေးမြင့်မားရေးအစီအစဉ်များ ဆောင်ရွက်ရန် လိုအပ်ပုံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အတွင်းရေးမှူး(၁)ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးက အမှာစကားပြောကြားရာတွင် မိမိတို့အဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ကြည့်ရှု့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ တာဝန်ရှိသူများ၏ တင်ပြချက်များအရ ကျောက်မဲခရိုင်အနေဖြင့် ဆန်ဖူလုံမှု ၁၃၀ ရာခိုင်နှုန်း၊ ဆီဖူလုံမှု ၁၂၃ ရာခိုင်နှုန်း၊ ကျောက်မဲခရိုင်၏ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် လူတစ်ဦးချင်း ပျှမ်းမျှဝင်ငွေ (Per Capita Income) ကျပ်သုံးသိန်းကျော် ရရှိသည်ကိုသိရှိရကြောင်း။
နိုင်ငံတော်အကြီးအကဲက ဒေသတိုင်း၌ ကိုယ့်ဒေသအတွက် ၀မ်းစာဖူလုံမှုရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည့် အခြေခံများကိုလည်း ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်တစ်ခုခုကျရောက်ခြင်း၊ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်သွားခြင်း စသည့်အခြေအနေမျိုးဖြစ်လာသည့်အခါတိုင်း ၀မ်းစာဖူလုံသည့် ဒေသနေ ပြည်သူများအတွက် နေ့စဉ် စားရေးအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်ကို မိမိတို့သင်ခန်းစာများရရှိခဲ့ကြပြီဖြစ်၍ ဒေသ၀မ်းစာဖူလုံရေးကို အလေးထား ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးနေခြင်းဖြစ်သည်ကို သဘောပေါက်စေလိုပါကြောင်း။
ထို့ပြင် မိမိတို့ ယနေ့ လူတစ်ဦးချင်း ပျှမ်းမျှဝင်ငွေ ကျပ်ခြောက်သိန်းရရှိရေးရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျောက်မဲခရိုင်အနေဖြင့် ဖွံ့ဖြိုးမှုအခြခံကောင်းများရှိသည့်ဒေသဖြစ်၍ မျှော်မှန်းချက်အတိုင်း ပြည့်မီအောင် တာဝန်ရှိသူများအပိုင်းက ဖိဖိစီးစီး ဦးဆောင်ကြိုးပမ်းဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း။
နိုင်ငံတော်က ပြည်နယ်/တိုင်းအားလုံး မျှမျှတတ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ ကြိုးစားလျှင် ကြိုးစားသလောက် တစ်ဦးချင်းစီအတွက်သာမက ဒေသတစ်ခုလုံးအတွက်ပါ ပိုမိုတိုးတက်လာမှာဖြစ်ကြောင်း၊ မိမိ၏ ယခုခရီးစဉ်တွင် နမ့်စန်မြို့သို့ သွားရောက်ပြီး နမ့်စန်ဆေးရုံကို ခုတင်(၅၀)ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ရေးအပါအ၀င် ဒေသဖွံ့ဖြိုးရန် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ထို့ပြင် ကျောက်မဲ-သီပေါ-နမ့်စန်-ပန်တုံ ဒေသကားလမ်းများကို ရာသီမရွေး သွားလာနိုင်အောင် လမ်းအဆင့်မြှင့်တင်ဆောင်ရွက်စေရေးကို စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း။
ဝန်ထမ်းများအနေဖြင့် ပြည်သူများ၏ အကျိုးစီးပွားကို အမြဲဦးထိပ် ပန်ဆင်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်သူကချစ်ခင်လေးစားမှု၊ ယုံကြည်မှုရှိအောင် ကျင့်ကြံနေထိုင်ကြရန်လိုကြောင်း၊ ပြည်သူများအပေါ် ဖိစီးသည့် လုပ်ရပ်မျိုးမဖြစ်အောင် အမြဲသတိပြု ဆောင်ရွက်ရန်လိုကြောင်း။
အချို့သော ကိစ္စများတွင် မိမိက ကောင်းစေချင်၊ဖြစ်စေချင်၊ တာဝန်ကျေပွန်ချင်သည့်ဆန္ဒကြောင့် ပြည်သူများအပေါ် ၀န်ပိစေနိုင်သည့် စေတနာလွန်၊ တာဝန်ကျေပွန်လွန်ဖြစ်တတ်သည့် လုပ်ရပ်မျိုး မဖြစ်စေရအောင် သတိချပ်ပြီး ဆောင်ရွက်သွားကြရန် လိုအပ်သကဲ့သို့ မိမိတို့ဆောင်ရွက်သည့် လုပ်ငန်းတိုင်း၏ လုပ်ငန်းသဘောကိုနားလည်ပြီး ပြည်သူများ ပါဝင်ပူးပေါင်းလာအောင် စည်းရုံးဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားသည်။
ယင်းနောက် အတွင်းရေးမှူး(၁)သည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။