ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်မောင်ဦးသည် မတ် ၂ရက်က နေပြည်တော် တပ်ကုန်းမြို့နယ် ကျီးအင်းကျေးရွာ၌ ကျီးအင်း၊ သဖန်းချောင်း၊ မျက်ရဲ၊ လွှဘုံ၊ လယ်ဇပင်၊ သံပုရာကုန်း၊ အိုင့်ကျယ်နှင့် မယ်ဇလီကျင်း ကျေးရွာအုပ်စု ရှစ်အုပ်စုမှ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ကျေးရွာအခြေခံပညာကျောင်း ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
စပါးနှင့် ပဲကုန်သည်
ထို့နောက် ၀န်ကြီးသည် မြောက်မြိုက်ကျေးရွာနှင့် အလည်ကျွန်းကျေးရွာတို့မှ ရပ်မိရပ်ဖများအား မြောက်မြိုက်ကျေးရွာ စိုက်ပျိုးရေးရုံး၌ တွေ့ဆုံပြီး နေပြည်တော် တပ်ကုန်းမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး၌ စပါးနှင့် ပဲကုန်သည် လုပ်ငန်းရှင်များအား တွေ့ဆုံခဲ့သည်။