အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း စက်ရုံများကြည့်ရှုစစ်ဆေး
အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် မတ် ၁ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေးစက်မှုလုပ်ငန်း အီလက်ထရွန်နစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာစက်ရုံသို့ ရောက်ရှိပြီး Rim Motor ကိုယ်ထည်များပုံလောင်းနေမှု အခြေအနေ၊ ပုံလောင်းပြီး မော်တာကိုယ်ထည်အစိတ်အပိုင်းများနှင့် လျှပ်စစ်မော်တာအဆင့်ဆင့်ထုတ်လုပ်မှု လုပ်ငန်းများ၊ ကွန်ပျုတာထိန်းချုပ်စက်များဖြင့် တွင်ခုတ်စားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပြည့်မီကျော်လွန်အောင် ထုတ်လုပ်ရန်နှင့် ၀န်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်မူဝါဒများကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် မှာကြားသည်။
ထိုမှတစ်ဆင့် ၀န်ကြီးသည် မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေးစက်မှုလုပ်ငန်း စက်ဘီးစက်ရုံ(ရန်ကုန်)နှင့် မြန်မာ့စက္ကူနှင့်ဓာတုဗေဒလုပ်ငန်း အမှတ်(၁) ဓာတ်ငွေ့စက်ရုံတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment