ဆက်သွယ်ရေးစခန်းများနှင့် ရတနာပုံမြို့သစ် အိမ်ရာစီမံကိန်း ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော် ကြည့်ရှုစစ်ဆေး
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်သည် ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သိန်းထွန်းလိုက်ပါလျက် မတ်၂ရက်တွင် မန္တလေးတိုင်း သာစည်မြို့ GSM မိုဘိုင်းစနစ် စခန်းသို့ ရောက်ရှိပြီး တာဝန်ခံအင်ဂျင်နီယာများက GSMမိုဘိုင်းစနစ်နှင့် ဆောက်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ၀န်ကြီးက လိုအပ်သည်များ မှာကြားပြီး စာတိုက်စခန်းကို ကြည့်ရှုစစ်ဆေးသည်။
ယင်းမှတဆင့် ၀န်ကြီးသည် သာစည်မြို့ မိုက်ခရိုဝေ့ဗ်စခန်းနှင့် အော်တိုအိတ်ချိန်းကို ကြည့်ရှုစစ်ဆေးသည်။
ဝန်ကြီးနှင့် ဒုတိယ၀န်ကြီးတို့သည် ယမန်နေ့တွင် ပြင်ဦးလွင်မြို့အနီးရှိ ရတနာပုံမြို့သစ် စီမံကိန်းသို့ ရောက်ရှိပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူဆောက်လုပ်နေသည့် သဲရေစစ်ကန်နှင့် ရေလှောင်ကန် ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။ထို့နောက် ၀န်ကြီးသည် ရတနာပုံမြို့သစ် အိမ်ရာစီမံကိန်းနယ်မြေ၌ လမ်းများ ဖောက်လုပ်ထားရှိမှု၊ အိမ်ရာတည်ဆောက်နေမှု၊ Soft Base Factories နေရာ၌ ကုမ္ပဏီများက စက်ရုံ၊ အလုပ်ရုံများ ဆောက်လုပ်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောက်လုပ်ကြရန် မှာကြား၍ Incuvation Centre များကို ကြည့်ရှုစ်ဆေးသည်။ယင်းနောက် ၀န်ကြီးသည် ရတနာပုံတယ်လီပို့အဆောက်အအုံ အစည်းအဝေးခန်းမ၌ တယ်လီပို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment