ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်းအေးချမ်းမှုထိန်းသိမ်း ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတိုးတက်ရေး ကြိုးပမ်းဖော်ဆောင်
ခေတ်အဆက်ဆက် နိုင်ငံတော်ကို အသက်စွန့်ကာကွယ်စောင့်ရှောက်လာခဲ့သော တပ်မတော်သည် မျက်မှောက်အချိန်ခါတွင်လည်း အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုး တက်သော နိုင်ငံတော်ကို တိုင်းရင်းသားပြည်သူတို့နှင့် အတူ လက်တွဲကြိုးပမ်း တည်ဆောက်လျက်ရှိသည်။
နိုင်ငံတည်ငြိမ်းအေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်သူအားလုံးလိုလား တောင့်တသော ဆန္ဒပင်ဖြစ်သည်။ နိုင်ငံတော်အစိုးရက ခေတ်မီလမ်းတံတား အခြေခံများ၊ အဆင့်အတန်းမြင့်မားသည့် ပညာရေးနှင့် ကျန်းမာရေးအခြေခံများ ၊ ခေတ်မီသော စီးပွားရေးအခြေခံများကို ဖြည့်ဆည်းတည်ဆောက်ပေးလျက် ရှိရာတွင် တိုင်းရင်းသား ပြည်သူအားလုံးက ၀ိုင်းဝန်းပါဝင် ကြိုးပမ်းကြရမည်ဖြစ်သည်။
ယနေ့အချိန်အခါတွင် တပ်မတော်ကတိုင်းရင်းသား ပြည်သူတစ်ရပ်လုံး နှင့်အတူ တစ်သွေးတည်း၊ တစ်သားတည်း၊ တစ်စိတ်တည်း၊ တစ်ဝမ်းတည်း လက်တွဲကာ နိုင်ငံခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံကောင်းများကို ဖန်တီးဖော်ဆောင်လျက် ရှိရာ ကဏ္ဍအလိုက် အောင်မြင်မှုရလဒ်ကောင်းများ ဖြစ်ထွန်းလာပြီး ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို ပြည်သူများရရှိခံစား နေကြရပြီဖြစ်သည်။
ယင်းသို့သော အချိန်အခါတွင် နိုင်ငံတည်ငြိမ်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက် လာသည်ကို မလိုလားသော ပြည်တွင်း၊ ပြည်ပအဖျက်သမားများက နည်းလမ်းမျိုးစုံဖြင့် ဟန့်တားနှောက်ယှက်ရန် ဖန်တီးလုပ်ဆောင်လျက်ရှိသည်။ ထိုလုပ်ရပ်များကို တပ်မတော်နှင့် တိုင်းရင်းသားပြည်သူတို့၏ စည်းလုံးညီညွတ်မှု အင်အားဖြင့် အဖျက်သမားများ၏ အန္တရာယ်ဟူသမျှကို ချေမှုန်းသွားကြမည်ဖြစ်သည်။
တိုင်းပြည်နှင့် လူမျိုးအတွက် စွန့်လွှတ်စွန့်စား ကာကွယ်စောင့်ရှောက်နေသော တပ်မတော်သည် နိုင်ငံတော်တွင် ဒို့တာဝန်အရေးသုံးပါးကို ထိပါးလာသည့် အန္တရာယ်များ ပေါ်ပေါက်လာတိုင်း ရင်ဆိုင်ဖြေရှင်းခဲ့ရစမြဲ ဖြစ်သည်။ ယနေ့ကာလ တွင်လည်း တပ်မတော်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်းအေးချမ်းမှုကို ဆက်လက်ထိန်းသိမ်း ဖော်ဆောင်လျက်ရှိရာ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကလည်း ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံတော်တိုးတက်ရေး လုပ်ငန်းစဉ်များတွင် အင်တိုက်အားတိုက် ပါဝင်ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။

0 comments:
Post a Comment