မြန်မာနိုင်ငံနှင့် UNESCAP တို့အကြား ကျွမ်းကျင်မှုနည်းပညာများ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အတွက် ကြိုတင်သတိပေးစနစ်များ ပိုမိုတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းလွင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး UNESCAP မှ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဌာန အကြီးအကဲ Mr.Eduard Rene Bastiaans က ကျွမ်းကျင်မှုနည်းပညာအထောက်အကူပြုရေးမစ်ရှင်အကြောင်းကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းလွင်က နာဂစ်မုန်တိုင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက အသီးသီးဆွေးနွေးကြကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။