ကျေးလက်ပြည်သူများ လူမှုစီးပွားဘ၀မြင့်မားရေး ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ တိုးမြှင့်ဖွင့်လှစ်ပေးခဲ့
နိုင်ငံတော်အစိုးရသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ဆောက်ရာတွင် နိုင်ငံတစ်ဝန်းလုံး အကြားအလပ်မရှိ တစ်ပြေးညီဖွံ့ ဖြိုးတိုးတက်ရန် အခြေခံကောင်းများကို တည်ဆောက်ပေးထားသည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးအဆင့် မြှင့်မားတိုးတက်ရေး ကြိုးပမ်းဖော်ဆောင် ရာတွင် လူတိုင်းစာတက်မြောက်ရေးသည် အဓိကလိုအပ်ချက်ဖြစ်သည်။
ယနေ့အချိန်အခါတွင် ကျေးလက်ဒေသနှင့် နယ်စပ်ဒေများအပါအ၀င် နိုင်ငံတစ်ဝန်း၌ အခြေခံစာတက်မြောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးပမ်းလျက်ရှိသည်။
ကျေးလက်ပြည်သူများ စာပေဗဟုသုတတိုးပွားပြီး အသိပညာမြင့်မားရေးအတွက် ကျေးလက်ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ထူထောင်ဖွင့်လှစ်ပေးပြီး စာကြည့်တိုက်မရှိသေးသော ဒေသများ၌ စာာကည့်တိုက်များ ထူထောင်ပေး လျက်ရှိသည်။ ယင်းသို့ကျေးလက်ကိုယ့်အားကိုယ်ကိုး စာာကည့်တိုက်များထူထောင် ပေးခဲ့ရာတွင် ရခိုင်ပြည်နယ်ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ် ငလပွေ့ကျေးရွာ၌ ရမ်းဗြဲမြို့နယ် လက်ပန်အ၀ကျေးရွာများ၌လည်း စာကြည့်တိုက်ပန္နက်စိုက်ထူပွဲများ ကျင်း ပနိုင်ခဲ့သည်။
ယခုကဲ့သို့ စာကြည့်တိုက်များတိုးချဲ့ ဖွင့်လှစ်နိုင်ခြင်းသည် ကျေးလက်ပြည်သူများ၏ စာပေ ဖတ်ရှု့လေ့လာမှု အသိပညာဗဟုသုတ တိုးပွားမြင့်မားမှုအတွက် များစွာအထောက် အကူဖြစ်စေသည်။ မြန်မာနိုင်ငံ၏ လူဦးရေ၇၀ရာခိုင်နှုန်းသည် ကျေးလက်ပြည်သူများ ဖြစ်ကြရာ ကျေးလက်ဒေသပြည်သူများ ပညာဗဟုတုတတိုးပွားရေးအတွက် ကျေးလက်စာကြည့်တိုက်များအား ဖြည့်စွမ်းပေးနိုင်မည်ဖြစ်သည်။
နိုင်ငံတော်၏ နိုင်ငံရေး ၊ စီးပွားရေး ၊လူမှုရေးဦးတည်ချက်များကို အကောင်အထည်ဖော်ရာ ၌ စာကြည့်တိုက်ပညာသည် အထောက်အကူပြုနိုင်ပြီး ခေတ်နှင့်အညီ ဖြစ်ပေါ်တိုးတက်နေသော အခြေအနေအရပ်ရပ်ကို စာပေဗဟုသုတမှတစ်ဆင့် ရှာဖွေဖတ်ရှု့ လေ့လာမှတ်သားနိုင်ကြမည် ဖြစ်သည်။
သို့ဖြစ်ပေရာ ယနေ့အချိန်အခါတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အရှိန်အဟုန်မြှင့် ဖော်ဆောင်လျက်ရှိရာ၌ ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘ၀ မြင့်မားပြီး ပညာဗဟုသုတများ ပြည့်ဝ၍ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေူးအတွက် ကျေးလက်စာကြည့်တိုက်များ ရေရှည်တည်တံ့နိုင်ရန် ၀ိုင်းဝန်းပါဝင် ကူညီဖြည့်ဆည်း သွားကြရမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

0 comments:
Post a Comment