သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်လှူဒါန်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနား နေပြည်တော်ရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်ဇနီး ဒေါ်ကြိုင်ကြိုင်တို့ တက်ရောက်ကြည်ညို

မြန်မာနိုင်ငံ သာ့သနာ့သမိုင်းတွင် ပုဂံခေတ်မှသည် စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်သို့တိုင် ခေတ်အဆက်ဆက်၌ သာသနာတော်ကို ကြည်ညိုကြသော မင်းအစိုးရအဆက်ဆက်တို့သည် 'အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂပဏ္ဍိတ၊ ဒိသာပါမောက္ခ သီရိမဟာစတုရင်္ဂဗလ၊ သုဓမ္မမဟာသာမိ၊ ရာဇဂုရု၊ မဟာဓမ္မရာဇာဓိရာဇရု၊ ဓမ္မသေနာပတိ' အစရှိသော ဘွဲ့တံဆိပ်များနှင့် ပထမစာတော်ချ၊ ဒုတိယစာတော်ချ၊ တတိယစာတော်ချအစရှိသည့် ဘွဲ့တံဆိပ်တော်များကို သာသနာတွင် ထင်ရှားထူးခြားသော ဆရာတော်ကြီးမတျားအာ ဆပ်ကပ်လှူဒါန်းခဲ့ကြပေသည်။