အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၀န်ကြီင်္းဦးစိုးသာနှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာန ၀န်ကြီးဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းတို့သည် ယမန်နေ့နံနက် ၉နာရီတွင် ရန်ကုန်တိုင်း တွံ့တေးမြို့နယ် တလုပ်ထော်ကျေးရွာ ရွာမကျောင်းတိုက်၌ တလုပ်ထော် ကျေးရွာအုပ်စု ကွမ်းခြံနှင့်ဈေးသစ်ရပ်ကွက်တို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင်ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်းနှင့် ၀န်ကြီးဦးစိုးသာတို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် ၀န်ကြီးဦးစိုးသာနှင့် ၀န်ကြီင်္းဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းတို့သည် တလုပ်ထော် ကျေးရွာအုပ်စု ကွမ်းခြံနှင့် ဈေးသစ်ရပ်ကွက်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနိက အဆောက်အအုံများ ပြုပြင်မွမ်းမံရန်၊ တလုပ်ထော်၊ မူးလမန်း၊ တောင်ကုန်းကျေးရွာတို့၌ လမ်းနှင့်တံတား ပြုပြင်တည်ဆောက်ရန်တို့အတွက် ပံ့ပိုးဖြည့် ဆည်းပေးကြသည်။ ထို့အပြင်ကျေးရွာများနှင့် ရပ်ကွက်များ၌ အများသုံး တယ်လီဖုန်း တပ်ဆင်ရေး၊ အခြေခံပညာကျောင်းများအတွက်စာရေးခုံများရရှိရေးနှင့် စာသင်ဆောင် များပြုပြင်ဆောက်လုပ်ရေး ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ နှင့်အများသုံးစက်ရေတွင်းတူးဖော်ရေးလုပ်ငန်းများအတွက် လုပ်ငန်းဆိုင်ရာလိုအပ်ချက် များကို ပံ့ပိုးဖြည့်ဆည်းပေးခဲ့ကြကြောင်း သတင်းရရှိသည်။