တိုင်းမှူးဗိုလ်ချု့ပ်ဝင်းမြင့် လျှပ်စစ်ရေတင်စီမံကိန်းများ ကြည့်ရှုစစ်ဆေး
ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ဝင်းမြင့်သည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် သရက်ပင်ညောင်ကျေးရွာရှိ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ငရုတ်သီးမှုန့်လုပ်ငန်းစီမံကိန်းဇုန်သို့ရောက်ရှိရာ ရှင်းလင်းဆောင်၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှူးက မြေကွက်များဖော်ထုတ် ထားမှု၊ လမ်းရေနုတ်မြောင်းများ ဆောင်ရွက်ထားမှု၊ လျှပ်စစ်မီးနှင့် ရေရှိရေးဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းမှူးက လိုအပ်သည်များကိုမှာကြား၍ စီမံကိန်း ဇုန်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့်တိုင်းမှူးနှင့်အဖွဲ့သည် လှည်းကူးမြို့နယ်ရှိ ရေကျော်လျှပ်စစ်ရေတင်စီ မံကိန်း သို့ရောက်ရှိရာ တိုင်းရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနမှူးက နွေစပါးအောင်ရေပေးဝေမှုအခြေအနေနှင့် ဟိုက်ဒရိုတာဘိုင် ဂျင်နရေတာစက်ဖြင့် ရေကျော်ကျေးရွာသို့ လျှပ်စစ်မီးပေးဝေနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းမှူးက လိုအပ်ချက်များပံ့ပိုးဖြည့်ဆည်းပေး၍ ပင်မမြောင်းအတွင်းရေပို့လွှတ်မှုနှင့် ဟိုက်ဒရိုတာဘိုင် ဂျင်နရေတာ စက်တို့ကို ကြည့်ရှုစစ်ဆေးသည်။ ယင်းမှတစ်ဆင့် တိုင်းမှူးနှင့်အဖွဲ့သည် လှည်းကူးမြို့နယ် စစ်ပင်လျှပ်စစ်ရေတင်စီမံကိန်း၊ မလစ်လျှပ်စစ်ရေ တင်စီမံကိန်းနှင့် ဆင်ဖုံလျှပ်စစ်ရေတင်စီမံကိန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment