ဒုတိယ၀န်ကြီးဦးမောင်မြင့်ခေါင်းဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့(၁၀)ကြိမ်မြောက်မြန်မာ-အိန္ဒိယနှစ်နိုင်ငံဆွေးနွေးပွဲတက်ရောက်
ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မြင့် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့သို့ မတ် ၃ ရက်တွင် လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြသည်။
ဒုတိယ၀န်ကြီး ဦးမောင်မြင့် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ် ၅ ရက် နံနက် ၁၀ နာရီခွဲတွင် နယူးဒေလီမြို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၌ ကျင်းပသည့် (၁၀)ကြိမ်မြောက်မြန်မာ-အိန္ဒိယနှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး/အတွင်းဝန်အဆင့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ပြီး နိုင်ငံခြားရေးအတွင်းဝန် မစ္စတာရှိဗ်ရှန်ကာမီနွန် ခေါင်းဆောင်သည့် အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုလည်းကောင်း၊ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အိန္ဒိယသမ္မတနိုင်ငံ ဒုတိယသမ္မတ၏ ခရီးစဉ်အတွင်း ညှိနှိုင်းဆွေးနွေးချက်များအား ဆက်လက်အကောင်အထည်ဖော်ရေးကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် နှစ်နိုင်ငံ ညှိနှိုင်း ဆွေးနွေးပွဲ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ညနေ ၅ ဒာရီတွင် အိန္ဒိယပြည်ပရေးရာ ၀န်ကြီးဌာန၌ ကျင်းပရာ ဒုတိယ၀န်ကြီး ဦးမောင်မြင့်နှင့် နိုင်ငံခြားရေး အတွင်းဝန် မစ္စတာရှိဗ် ရှန်ကာမီနွန်တို့က လက်မှတ်ရေးထိုးကြသည်။
ဒုတိယ၀န်ကြီး ဦးမောင်မြင့်ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ် ၆ ရက်တွင် ကီရာလားပြည်နယ်သို့ သွားရောက်ခဲ့ကြပြီး မတ် ၁၀ရက်တွင် နေပြည်တော်သို့ပြန်လည်ရောက်ရှိကြသည်။
ညှိနှိုင်းဆွေးနွေး

0 comments:
Post a Comment