အမြန်လမ်းမကြီး နေပြည်တော်-ရန်ကုန် လမ်းအပိုင်း ဖွင့်လှစ် နေပြည်တော်ကို ဗဟိုပြု လွယ်ကူစွာသွားလာနိုင်
နိုင်ငံတော်၌ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ကုန်စည်ကူးသန်းမှု များပြား လာသည်။ လူဦးရေတိုးတက်လာခြင်းနှင့် လမ်းမကြီးများ တစ်လျှောက်ရှိ မြို့ရွာများ ဖွံ့ဖြိုး လာခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက လမ်း၊တံတားများစွာကို တိုးချဲ့ဖောက်လုပ်တည် ဆောက်ပေးနေသည် ကိုတွေ့ရသည်။
ယင်းသို့ လမ်း၊ တံတားများ အရှိန်အဟုန်ဖြင့် ဖောက်လုပ်တည်ဆောက်လျက်ရှိရာတွင် မိုင်သုံးရာကျော် ရှည်လျားသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် တစ်ခုအပါအ၀င် ဖြစ်သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်း အပိုင်း )ကို မတ်လ ၂၅ရက် က ဖွင့်လှစ်ခဲ့သည်။ အဆိုပါလမ်းမကြီးကို ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းနှင့် ကာကွယ်ရေး ၀န်ကြီးဌာန စစ်အင်ဂျင်နီယာ ညွှန်ကြားရေး မှူးရုံးတို့က တာဝန်ယူ ဖောက်လုပ် ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးဖောက်လုပ်ရေး စီမံကိန်းကို ၂၀၀၅ခုနှစ် ဧပြီလက စတင်၍ အကောင်အထည်ဖော်လျက်ရှိရာ ယခုအခါ ရန်ကုန်အမှတ် (၃) လမ်းမကြီးမှ နေပြည်တော်အထိ ၂၀၂မိုင်ကျော်ကို Tw0 Way, Two Lane ပြီးစီးပြီဖြစ်၍ ပြည်သူများအသုံးပြုနိုင်ရန် ဖွင့်လှစ်ပေးခြင်းဖြစ်သည်။
ယခုအခါ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းအပိုင်း) ကို ဖွင့်လှစ်နိုင်သဖြင့် နေပြည်တော်ကိုဗဟိုပြုပြီး မြန်မာနိုင်ငံ အထက်ပိုင်းနှင့် တောင်းပိုင်း ဒေသများ လွယ်ကူစွာဆက်သွယ်သွားလာနိုင်ကြ ပြီဖြစ်သည်။ ခရီးသွားချိန် လေနာရီိခန့် ဖြင့် အရောက်သွားလာနိုင်သဖြင့် ဒေသ၏ စီးပွားရေး၊ ကုန်သွယ်ရေး၊ လူမှုရေး၊ ကျန်းမာရေးလုပ်ငန်းများ ပိုမိုမြန်ဆန်သွက်လက်စွာ ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။
ယနေ့အချိန်အခါတွင် နိုင်ငံတော်အစိုးရက နယ်မြေဒေသတစ်ခုနှင့် တစ်ခု ကူးသန်းဆက် သွယ်သွားလာမှု ချော့မွေ့ကောင်းမွန်ရေး ၊ တိုင်းရင်းသားပြည်သူများ အကြား ကူလူးဆက်သွယ်မှု လွယ်ကူစေရေးတို့အတွက် လမ်းတံတားပေါင်းများစွာတို့ကို တိုးမြှင့်ဖောက်လုပ် တည်ဆောက်ပေးလျက်ရှိရာ ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်မြှင့်မားမှုကို ပိုမိုအကျိုးပြုလာမည်ဖြစ်ပါသည်။

0 comments:
Post a Comment