ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေသည် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၇နာရီခွဲတွင် ဟင်္သာတမြို့နယ်ရှိ င၀န်တံတား(မြို့ကွင်း) တည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိပြီး တံတားလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် င၀န်မြစ်ကမ်း ၀ဲ၊ ယာ သဲသောင်ခုံများ၌ ပဲမျိုးစုံနှင့် နေကြာသီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် တိုင်းမှူးသည် အင်္ဂပူမြို့နယ်ရှိ ကညင်ရေလှောင်တမံ စီမံကိန်းလုပ်ငန်းများနှင့် မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ လက်ယာတူးမြောင်း၌ လျှပ်စစ်ဓာတ်အားပေးစက် နှစ်လုံးတပ်ဆင်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
တိုင်းမှူးသည် ဖေဖော်ဝါရီ ၂၇ ရက်နံနက်ပိုင်းတွင် ရေကြည်မြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မဈေး ပြန်လည်တည်ဆောက်မည့်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေကြည်ခန်းမ၌ ကျင်းပသည့် အစုစပ် ကုမ္ပဏီဖွဲ့စည်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။
ယင်းနောက် တိုင်းမှူးသည် အလှူရှင်များ လှူဒါန်းသည့် သွပ်များကို လက်ခံပြီး ဆန်နှင့် ပဲကုန်သည်ကြီးများ၊ ဆန်စက်လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ကြည့်ရှုအားပေး
ထို့နောက် တိုင်းမှူးသည် (၆၄)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ကျင်းပသည့် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။