မဟာမင်္ဂလာအခမ်းအနားများသို့ ကြွရောက်တော်မူကြမည့် ဆရာတော်ကြီးများအား ဆေးဝါးများ ဆက်ကပ်လှူဒါန်း
နေပြည်တော်ရှိ ဥပ္ပါတသန္တိကုန်းတော်ပြင်၌ တည်ထားကိုးကွယ်သည့် ဥပ္ပါတသန္တိစေတီတော် ရွှေထီးတော်၊ စိန်ဖူးတော်တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားများသို့ ကြွရောက်တော်မူကြသည့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးများအား ကျန်းမာရေးဝန်ကြီးဌာ ကျန်းမာရေးဦးစီးဌာနမှ ဆေးဝါးများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ ၁နာရီတွင် ဆရာတော်ကြီးများ သီတင်းသုံးနေတော်မူသည့် သံဃရာမ စံကျောင်းတော်များသို့ သွားရောက်လှူဒါန်းခဲ့ကြသည်။
စစ်ဆေးကုသ
လှူဒါန်းပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နေပြည်တော် ခုတင်(၁၀၀၀)ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ အဖွဲ့ဝင်များ သွားရောက်၍ အနောက်တိုင်းဆေးဝါးများ၊ တိုင်းရင်းဆေးဝါးများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ကြီးများအား ကျန်းမာရေးအခြေအနေ လျှောက်ထားကာ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။ ကျန်းမာရေးစောင့်ရှောက်
မဟာမင်္ဂလာအခမ်းအနားများသို့ ကြွရောက်တော်မူကြသည့် နိုင်ငံတော် သြ၀ါဒါစရိယဆရာတော်နှင့် ဆရာတော် သံဃာတော်မြတ်များ၊ ပွဲတော်သို့ လာရောက်ကြသည့် ရဟန်းရှင်လူ ပြည်သူများအတွက် နေပြည်တော် ခုတင်(၁၀၀၀)ဆံ့ ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ အဖွဲ့က ဆေးခန်းဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment