ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးသူရရွှေမန်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ....
ပြည်ထောင်စုမြန်မာနိုင်ငံတော်-နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးသူရရွှေမန်းသည် ပြည်ထောင်စု မြန်မာနိုင်ငံ တော်၌ ချစ်ကြည်ရေးခရီး လည်ပတ်ရန် ရောက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် General Chen Bingde ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၈နာရီ မိနစ်၂၀တွင် နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်သည်။
ကြိုဆိုနှုတ်ဆက်
ရှေးဦးစွာ ဧည့်သည်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်စစ်ဦးစီးချုပ် General Chen Bingde ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာကြရာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးသူရရွှေမန်းက ကြိုဆိုနှုတ်ဆက်သည်။
လက်ဆောင်ပေးအပ်
ထို့နောက် လေဆိပ်ဧည့်ခန်းမ၌ နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီဝင် ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးသူရရွှေမန်းက ဧည့်သည်တော် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် General Chen Bingde အားချစ်ကြည်ရေး ခရီးစဉ်မှတ်တမ်းတင် ဓာတ်ပုံအယ်လ်ဘမ်ကို လက်ဆောင်အဖြစ်ပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ပို့ဆောင်နှုတ်ဆက်
ယင်းနောက် ဧည့်သည်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော် စစ်ဦးစီးချုပ် General Chen Binggde ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် ချစ်ကြည်ရေးခရီးဆက်လက်လည်ပတ်ရန် ရန်ကုန်မြို့သို့ အထူးလေယာဉ်ဖြင့် ထွတ်ခွာသွားကြရာ နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီဝင် ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ်ဝေလွင်နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော်အရာရှိကြီးများက နေပြည်တော်လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ကြသည်။
0 comments:
Post a Comment