မြန်မာနိုင်ငံတက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်းနှင့်ရန်ကုန်တက္ကသိုလ် ခြေလျင်နှင့် တောင်တက် အသင်းတို့က ကြီးမှူးကျင်းပမည့်(၁၄) ကြိမ်မြောက် ကျောင်းသားဟောင်း မျိုးဆက်သစ်မိတ်ဆုံစားပွဲ၊ ပရဟိတ လုပ်ငန်းများတွင် ပါဝင်ကူညီကြသူများအား ဂုဏ်ပြုပွဲနှင့် စာရာမေတိတောင်၁၂၅၅၃ ပေ၊ ဆင်တောင်ပေ ၆၀၂၀၊ မြင်းမထိတောင် ၅၈၆၂ ပေနှင့်အရှေ့မြင် အနောက်မြင်တောင် ၇၇၅၂ ပေတို့၏တောင်တက်အဖွဲ့ဝင်များအား ဂုဏ်ပြုပွဲတို့ကို ဇွန် ၂၈ရက် (တနင်္ဂနွေနေ့) နံနက် ၉နာရီတွင် ရန်ကုန်မြို့ကမာရွတ်မြို့နယ် ပြည်လမ်းရှိ ချန်တက် ထန် ဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပမည်ဖြစ်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံ အသီးသီး နှင့် ပညာသင်နှစ် အသီးသီးတို့မှ ကျောင်းသားဟောင်း မျိုးဆက်သစ် တောင်တက်အဖွဲ့ဝင်များအားလုံး မပျက်မကွက် တက်ရောက်ကြရန် နှိုးဆော်ထားကြောင်းသတင်းရရှိသည်။