ကမ္ဘာလူတုပ်ကွေးကပ်ရောဂါသည် ကူးစကမှုမြန်သည်။ ကပ်ရောဂါဖြစ်ပွားလျှင် အသက် ၊ စီးပွားရေးနှင့် လူမှုရေးဆုံးရှုံးမှုများ ရင်ဆိုင်ရမည်။ ထိုဆုံးရှုံးမှုများ ကာကွယ်ရန်
ရောဂါဖြစ်ပွားခြင်း
- မေး ကမ္ဘာ့လူတုပ်ကွေး ကပ်ရောဂါဆိုတာ ဘာလဲ
- ဖြေ ရာသီအလိုက် တုပ်ကွေး၊ ကြက်ငှက်တုပ်ကွေး၊ ၀က်တုပ်ကွေး စသည်ဖြင့် တုပ်ကွေးရောဂါ အမျိုးမျိုး ရှိပါသည်။ ယခု ဖြစ်ပေါ်နေသောလူတုပ်ကွေး ကပ်ရောဂါသည် ယခင် တုပ်ကွေးနှင့်မတူဘဲ ရောဂါအသစ်အဆန်း တစ်ခုဖြစ်သည်။ မြောက်အမေရိက ၀ပ်တုပ်ကွေး ၊ မြောက်အမေရိက ကြက်ငှက်တုပ်ကွေး၊ ရာသီ လူတုပ်ကွေးနှင့် အာရှ-ဥရောအပ ၀က်တုတ်ကွေးတို့ ပေါင်းစပ်ထားသော New Influenza A (H1N1) ဗိုင်းရပ်စ်ပိုးအသစ် ဖြစ်ပါသည်။ လူမှလူသို့ လျင်မြင်စွာ ကူးစက်လျက်ရှိပါသည်။ လူအများသို့ ကူးစက်ပြီး နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ (Human Influenza Pandemic) အဆင့် အဖြစ် ၂၀၀၀၉ခုနှစ် ဇွန်လ ၁၁ရက်နေ့တွင် ကြေညာခဲ့ပါသည်။
- မေး ကမ္ဘာ့လူတုတ်ကွေးကပ်ရောဂါ ဘယ်လိုကူးစက်နိုင်ပါသလဲ။
- ဖြေ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်ပါသည်။ လူနာချောင်းဆိုးခြင်း၊ နှာချေခြင်းဖြင့် တိုက်ရိုက်သော် လည်းကောင်း၊ ရောဂါဖြစ်သူ၏ ချွဲ၊ သလိပ်၊ ခန္ဓာကိုယ် အရည်၊ အသုံး အဆောင်ပစ္စည်းများကို ကိုင်တွယ်ထိတွေ့ခြင်းမှသော်လည်းကောင်း ကူးစက်ပါသည်။
0 comments:
Post a Comment