မြန်မာနိုင်ငံ လူအခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ကြေညာချက်

မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ရက်ကို ထုတ်ပြန် ကြေညာ လိုက်သည်။ အဆိုပါ သတင်းထုန်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ မြန်မာနိုင်ငံရှိ တာဝန်ရှိသူများ အနေဖြင့် အမေရိကန်နိုင်ငံသား Mr. John William Yettaw ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် ယင်း၏အကူ(၂)ဦးတို့အား ၄င်းတို့ကျူးလွန်သည့် ပြစ်မှုများ အပေါ် အပြည်ပြည် ဆိုင်ရာစံနှုန်းများ၊ ပြည်တွင်းဥပဒေများနှင့်ကိုက်ညီစွာ တရားရုံးတွင် စွဲချက်တင်၍ စစ်ဆေး ဆောင်ရွက်လျက် ရှိပါသည်။
၂။ ယင်းတို့ဆောင်ရွက်နေစဉ် ၂၀၀၉ခုနှစ် ဇွန်လ ၁၆ ရက်နေ့၌ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ (၅)ဦးဆိုသူများက မှားယွင်းစွာဖြင့် တိုက်တွန်းချက တစ်ခုကို ပြုလုပ်ခဲ့ကြောင်း ၀မ်းနည်းဖွယ်ရာတွေ့ရှိရပါသည်။
၃။ အမေရိကန်နိုင်ငံသား Mr.John Wiliam Yettaw ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ယင်း၏ အကူ(၂)ဦးတို့အား တရားရုံး၌ စွဲချက်တင် စစ်ဆေးဆောင်ရွက်ရာတွင် ဥပဒေလုပ်ထုံး လုပ် နည်းများ အတိုင်းသာ ဆောင်ရွက်လျက် ရှိပြီး ဥပဒေအရ ချေပခွင့်ရှိစေရန် ၄င်းတို့ စိတ်ကြိုက် ရှေ့နေများ ငှားရမ်းခွင့်ပေးခြင်း၊ အရည်အချင်းပြည့်ဝသော လိုအပ်သည့် သက်သေ များ တင်သွင့်ခွင့်ပြုခြင်းတို့ကိုလည်း ခွင့်ပြုပေးလျက်ရှိကြောင်း တွေ့ရှိရပါသည်။