ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်မင်းအောင်လှိုင်သည် မေ ၅ရက်တွင် ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ရာပြည့်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ကိုးကွေ့ရွာရှိ ပျဉ်းမနား-ပင်လောင်းလမ်း ဖောက်လုပ်ရေး စီမံကိန်းရှင်းလင်းဆောင် သို့ ရောက်ရှိရာ ရှမ်းပြည်နယ် အင်ဂျင်နီယာမှူးကြီး နှင့် ဒုတိယ အင်ဂျင်နီယာမှူးကြီးတို့က ပျဉ်းမနား- ပင်လောင်း လမ်း မိုင်တိုင် ၂၄မိုင် ခြောက်ဖာလုံမှ မိုင် ၇၀ နှစ်ဖာလုံအထိ လမ်းအရှည် စုစုပေါင်း ၄၅မိုင် လေးဖာလုံ တိုးချဲ့ဖောက်လုပ်နေမှု အခြေအနေများနှင့် လမ်းပိုင်းအလိုက် အထူးပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက်ဗိုလ်ချုပ်မင်းအောင်လှိုင်က လမ်းပြင်ဆင်ထိန်းသိမ်းရာတွင် ကတ္တရာလမ်းခင်းခြင်းနှင့် ကျောက်ခင်းခြင်း များကို တစ်ဆက်တစ်စပ်တည်း ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ထားသော လမ်းစံချိန်၊ စံညွှန်းများနှင့်အညီ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ကြရန်မှာကြားသည်။
ဆက်လက်၍ဗိုလ်ချုပ်မင်းအောင်လှိုင်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ပျဉ်းမနား-ပင်လောင်းလမ်းမိုင်တိုင်အမှတ် ၂၅မိုင်သို့ ရောက်ရှိပြီး လမ်းအခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ဗိုလ်ချုပ်မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ပျဉ်းမနား-ပင်လောင်းလမ်း မိုင်တိုင်အမှတ် ၂၇မိုင် တစ်ဖာလုံသို့ ရောက်ရှိပြီး လမ်းအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လမ်းပုံစံကျအောင် ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ဗိုလ်ချုပ်မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ပျဉ်းမနား-ပင်လောင်းလမ်း မိုင်တိုင်အမှတ် ၃၀မိုင် ခုနစ်ဖာလုံသို့ ရောက်ရှိပြီး စက်ယန္တရားများအသုံးပြု၍ လမ်းဘေးဝဲ၊ ယာလမ်းပခုံးများ မြေညှိနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ဗိုလ်ချုပ်မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များသည် လိန်းလီတံတားချဉ်းကပ်လမ်း ပျဉ်းမနားဘက်ခြမ်း သို့ ရောက်ရှိ၍ ချဉ်းကပ်လမ်းမြေသားလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရေထုတ်ပြွန် တည်ဆောက်ရန် ဆောင်ရွက်နေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဗိုလ်ချုပ်မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တံတားတည်ဆောက်ရေး စီမံကိန်း အထူးအဖွဲ့(၉)က တာဝန်ယူ တည်ဆောက်လျက်ရှိသော လိန်းလီ တံတား တည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိပြီး တံတားတည်ဆောက်နေမှုလုပ်ငန်း အခြေအနေများနှင့် တည်ဆောက်ပြီးစီးမှုလုပ်ငန်းအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဗိုလ်ချုပ်မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် တံတားတည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တံတားတည်ဆောက်ရေး စီမံကိန်း အထူးအဖွဲ့(၉)မှ အင်ဂျင်နီယာ မှူးက တံတားတည်ဆောက်နေမှု၊ တံတားတည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေ များကို တံတားပုံစံငယ်ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဗိုလ်ချုပ်မင်းအောင်လှိုင်သည် လိန်းလီတံတားစီမံကိန်းရှိ ဆေးပေးခန်းကို လည်းကောင်း၊ တံတားတည်ဆောက်မည့် ပစ္စည်းများ စုဆောင်းထားရှိမှု၊ တံတားဘိုးပိုင်းတူးဖော်နေမှု၊ တံတားဘိုးပိုင် အ၈င်္တေ လောင်းနေမှု၊ ပင်လောင်းဘက်ခြမ်း တံတားချဉ်းကပ်ခုံတည်ဆောက်ပြီးစီးမှုနှင့် တံတားကြိုးထိန်းခုံ တည်ဆောက်ရန် လုပ်ငန်းများဆောင်ရွက်နေမှုများကို လည်းကောင်းလှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဗိုလ်ချုပ်မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ဖယ်ခုံတပ်နယ်သို့ ရောက်ရှိပြီး အရာရှိ၊ စစ်သည် ၊ တပ်နယ်မိသားစုဝင်များနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားကာ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။