မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း ရေစီးရေလာကောင်းမွန်ရေး ကြည့်ရှုစစ်ဆေး
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဌ၊ မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းသည် ယမန်နေ့နက် ၁၁နာရီခွဲတွင် လမ်းမတော်မြို့နယ်(၂) ရပ်ကွက်(၅) လမ်း၌ ရေနုတ်မြောင်းများရေစီးရေလာ ကောင်းမွန်စေရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ကအကျယ်နှစ်ပေ၊ အနက်သုံးပေရှိအုတ်ရေနုတ်မြောင်းပြုလုပ်နေမှုနှင့်လမ်းအဆင့်မြင့်စေရေးအတွက် ကတ္တရာ ကွန်ကရစ်ထပ်ပိုးလွှာခင်းရန် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက်မြို့တော်ဝန်သည် ၆လမ်းသို့သွားရောက်ပြီး ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန် အုတ်ရေနုတ်မြောင်းများ ပြုလုပ်ထားမှုနှင့် ရေစီးရေလာအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment