ယနေ့နံ့နက် ၉ နာရီခွဲအထိ မိုးလေ၀သတိုင်းထွာချက်အကျဉ်းချုပ်မှာ လွန်ခဲ့သော ၂၄ နာရီအတွင်းက ကယားပြည်နယ်နှင့် မကွေးတိုင်းတို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် နေရာကွက်ကျား၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအောက်ပိုင်းတွင် နေရာစိပ်စိပ်နှင့် ကျန်ဒေသများတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ကာ မန္တလေးတိုင်းတွင် ဒေသအလိုက်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းတို့တွင် နေရာကွက်၍ မိုးကြီးခဲ့သည်။

နေ့အပူချိန်များမှာ ရခိုင်ပြည်နယ် ၊ကရင်ပြည်နယ်၊ မွန်ပြည်နယ် ၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်အထိ၊ ဧရာဝတီတိုင်းတွင် မေလ၏ ပျမ်းမျှအပူချိန်တို့ထက် ၆ ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး ကျန်ပြည်နယ်နှင့် တိုင်းတို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ခန့်သာ ရှိခဲ့သည်။
ထူးခြားသည့်နေ့အပူချိန်များမှာ ချောက်မြို့နှင့် မင်းဘူးမြို့တို့တွင် ၄၁ ဒီဂရီစင်တီဂရိတ်စီ၊ မကွေးမြို့၊ အောင်လံမြို့နှင့် ပြည်မြို့တို့တွင် ၄၀ ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြသည်။
မှတ်သားဖွယ်ရာမိုးရေချိန်များမှာ နောင်ချိုမြို့တွင် ၃ ဒသမ၅၀လက်မ၊မန္တလေးမြို့တွင် ၂ ဒသမ၉၁လက်မ၊ တောင်ငူ(လေကြောင်း)တွင် ၂ ဒသမ၆၄လက်မ၊ ကျောက်ဆည်မြို့တွင် ၂ ဒသမ ၂၀လက်မ၊ တောင်ငူမြို့တွင် ၁ ဒသမ၆၁လက်မ၊ကော့သောင်းမြို့နှင့် စစ်ကိုင်းမြို့တို့တွင် ၁ဒသမ၂၆လက်မစီတို့ဖြစ်ကြသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။
မေ ၁၉ ရက် ညနေအထိ ခန့်မှန်းချက်မှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ် ၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် နေရာကျဲကျဲနှင့် ကျန်ပြည်နယ်နှင့်တိုင်းတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်သည်။ မြန်မာ့ပင်လယ်ပြင်တွင် မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ နောက်နှစ်ရက်အတွက် ခန့်မှန်းချက်မှာ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးဆက်လက်ထစ်ချုန်းရွာနိုင်သည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်သည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်သည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်သည်။