ရေမြေသဘာဝနှင့်ကိုက်ညီသော လယ်ယာသုံးစက်ကိရိယာများ တီထွင်ထုတ်လုပ် စက်မှုလယ်ယာသို့ အရှိန်အဟုန်မြှင့် တိုးမြှင့်ဖော်ဆောင်
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံရှိ စုစုပေါင်းမြေဧက ၁၆၇ဒသမ ၁၈သန်း၏ လေးပုံတစ်ပုံမှာ စိုက်ပျိုးနိုင်သော မြေများဖြစ်ပြီး လက်ရှိ အသားတင်စိုက်ပျိုးမြေဧက ၂၉ဒသမ ၃၂သန်းခန့်ဖြစ်၍ ၁၃ဒသမ ၉၈သန်း ကျန်ရှိနေသေးသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာနသည် ယခင်ကလယ်ယာ-၁၆ ၊ လယ်ယာ-၂၂ထွန်စက်များကို ထုတ်လုပ်ခဲ့ပြီး ယခုအခါ လယ်ယာစက်သုံးစက်ပစ္စည်း အမယ်သစ်များကို ဆက်လက်ထုတ်လုပ်လျက်ရှိရာ၌ မျိုးဆက်သစ်လယ်ယာထွန်စက်၊ စပါးရိတ်စက် ၊ တစ်ဘီးတပ်ထွန်စက်၊ တမန်းလှေခြွေလှေ့စက်နှင့် စပါးခွန်လောင်စာသုံး ဓာတ်ငွေ့ထုတ်စက်များကို တိုးမြှင့်ထုတ်လုပ်ပေးလျက်ရှိသည်။
စက်မှုလယ်ယာမှ အသစ်ထပ်မံထုတ်လုပ်လိုက်သည့် မျိုးဆက်သစ်လယ်ယာထွန်စက်၏ ထူးခြားချက်သည် မြင်းကောင်ရေပြည့်မီပြီး အရည်အသွေးမြှင့်အင်ဂျင်ပါရှိ၍ ကြံ့ခိုင်မှုရှိခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်အနေဖြင့် အလုပ်ချိန်တစ်ရက် ရှစ်နာရီတွင် ထယ်ထိုးခြင်း သုံးဧကနှင့် ထွန်မွှေခြင်း လေးဧက ပြီးစီင်္းနိုင်ကြောင်း သိရသည်။
စပါးရိပ်စက်ထုတ်လုပ်ထားမှု၏ ထူးခြားချက်မှာ ရိတ်သိမ်းချိန်အမီ သီးထပ်များစိုက်ပျိုးနိုင်ခြင်း၊ လုပ်သားအင်အား သက်သာစွာဖြင့်ရိတ်သိမ်းနိုင်ခြင်း၊ အလေအလွင့် နည်းပါးခြင်းတို့ပင်ဖြစ်သည်။
စက်မှုလယ်ယာသို့အရှိန်အဟုန်ဖြင့် ကူးပြောင်းရာတွင် လယ်ယာသုံးစက်ပစ္စည်းများကိုလည်း တောင်သူလယ်သမားများ၏ လက်တွင်းသို့ ရောက်ရှိရန် နိုင်ငံတစ်ဝန်း နယ်လှည့်ကားများဖြင့် စက်မှုလယ်ယာဦးစီးဌာနက လှည့်လည်ရောင်းချပေးလျက်ရှိသည်။
သို့ဖြစ်၍ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာ၌ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာနသည် တောင်သူလယ်သမားတိုင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ တောင်သူလယ်သမားတိုင်း စက်ကိရိယာ ပိုင်ဆိုင်နိုင်ရေး၊ လွယ်ကူသက်သာစွာဝယ်ယူရရှိနိုင်ရေးနှင့် ရေမြေသဘာဝ နှင့်ကိုက်ညီသော လယ်ယာသုံးစက်ကိရိယာများစွာ တီထွင်ကြံဆ ထုတ်လုပ်ပေးခြင်းဖြင့် စက်မှုလယ်ယာကဏ္ဍ အရှိန်အဟုန်မြှင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

0 comments:
Post a Comment