ဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးချုပ်သိန်းဇော်သည် ရန်ကုန်ုတိုင်း ကော့မှူးမြို့ အိတ်ချိန်းသို့ ယနေ့သွားရောက်ကြည့်ရှု့စစ်ဆေးပြီး တာဝန်ခံ အင်ဂျင်နီယာများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ၀န်ကြီးသည် ကွမ်းခြံကုန်းမြို့ အော်တိုအိတ်ချိန်း၊ အော်တိုအိတ်ချိန်းသစ် အဆောက်အအုံနှင့် မိုက္ကရိုဝေ့ဗ် တာဝါတိုင်တည်ဆောက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ ဧရာဝတီတိုင်း ဒေးဒရဲမြို့ အော်တိုအိတ်ချိန်းသစ်ကိုလည်းကောင်း ကြည့်ရှု့စစ်ဆေးသည်။
ထို့နောက် ၀န်ကြီးသည် ဖျာပုံမြို့ အပြည်ပြည်ဆိုင်ရာ ရေအောက်ကေဘယ်လ်စခန်းသို့ ရောက်ရှိပြီး အော်တိုအိတ်ချိန်းစက်ခန်း များကို ကြည့်ရှု့စစ်ဆေး၍ အဝေးဆက်သွယ်မှုနှင့် မိုဘိုင်းစနစ် ဆက်သွယ်မှုများ ပိုမိုကောင်းမွန်စေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ၀န်ကြီးသည် ကျိုက်လတ်မြို့ အပြည်ပြည်ဆိုင်ရာရေအောက်ကေဘယ်လ်စခန်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။