လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနလုပ်ငန်းညှိနှိုင်း ၀န်ကြီးဗိုလ်ချုပ်မောင်ဦး တက်ရောက်အမှာစကားပြောကြား
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်အစည်းအဝေးကို ဧပြီ ၂၄ရက်နှင့် ၂၅ရက်များတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီးဗိုလ်ချုပ်မောင်ဦး၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ဝင်းစိန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်၊ တိုင်း ဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ၀န်ကြီး ဗိုလ်ချုပ်မောင်ဦးက လုပ်ငန်းများဆောင်ရွက်ရာတွင် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရန်နှင့် လုပ်ငန်းများကို အောက်ခြေအဆင့်ထိ သိရှိနားလည် လိုက်နာဆောင်ရွက်စေရေးအတွက် ရှင်းလင်းချပြ ဆောင်ရွက်ရန်၊ ၀န်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များ အောင်မြင်ရေးအတွက် ၀န်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွားဖြင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းအမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်၊ တိုင်း ဦးစီးဌာနမှူးများက ပြည်နယ်နှင့်တိုင်းအလိုက် ရည်မှန်းချက် တာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာနအလိုက် လုပ်ငန်းများဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယ၀န်ကြီးက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
ထို့နောက် ၀န်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment