ခောတ်မီစိုက်ပျိုးရေးနည်းပညာများ စွမ်းဆောင်အသုံးချ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ၀ိုင်းဝန်းကြိုးပမ်းဖော်ဆောင်
၂၀၀၉ခုနှစ် မတ်လ ၂ရက်နေ့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တောင်သူလယ်သမား နေ့ ဖြစ်သည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် နိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက်ဖြစ်သော အေးချမ်းသာယာပြီး ခောတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် အမျိုးသားစီးပွားရေးဘ၀ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် စီးပွားရေး မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ပထ၀ီအနေအထား၊ ရာသီဥတုအခြေအနေနှင့် လူ့စွမ်းအားအရင်းအမြစ်များ တည်ရှိမှုအရ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အခြေခံပြီး အခြားစီးပွားရေးကဏ္ဍများအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်လျက်ရှိသည်။
နိုင်ငံတော်၏ ရေမြေသဘာဝသယံဇာတ စွမ်းအားများကို ဖော်ထုတ်မြှင့်တင်၍ စိုက်ပျိုးမြေများ တိုးချဲ့ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်ရေးကို အားထုတ်ကြိုးပမ်းခဲ့ရာ ယခင်ကာလက စုစုပေါင်းသီးနှံစိုက်မြေဧက ၁၉ဒသမ၅သန်းရှိခဲ့ရာမှ ယခုအခါ ဧက ၂၉ဒသမ ၃၂သန်း အထိ တိုးတက်လာခဲ့သည်။
စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများ တည်ဆောက်ပေးနိုင်ခဲ့သဖြင့် သီးနှံစိုက်စွမ်းအား ၁၇၄ဒသမ၁ရာခိုင်နှုန်းအထိ မြင့်မားလာခဲ့သည်။ တိုးတက်များပြားလာသည့် စိုက်ပျိုးမြေများကို အပြည့်အ၀အသုံးချ ထုတ်လုပ်နိုင်ရေးအတွက် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းလျက်ရှိသည်။
နိုင်ငံတော်အစိုးရသည် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန် လမ်းပန်းဆက်သွယ်မှု တိုးတက်ကောင်းမွန်ရေး၊ စိုက်ပျိုးရေနှင့် သန့်ရှင်းသော သောက်သုံးရေ အလုံအလောက် ရရှိရေး၊ ပညာရည်တိုးတက်မြင့်မားရေး၊ ကျန်းမာရေးစောင့်ရှေက်မှု အပြည့်အ၀ရရှိပြီး ကျန်းမာရေးအဆင့်အတန်းမြင့်မားရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းပြီး လူမှုစီးပွား တိုးတက် ကောင်းမွန်ရေး စသည့် စီမံကိန်းများကို ချမှတ်ဖော်ဆောင် လျက်ရှိသည်။
သို့ဖြစ်ပေရာ အေးချမ်းသာယာပြီး ခောတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ထွန်းရေးကို ရှေးရှုလျက် နိုင်ငံတော်၏ အဓိကစီးပွားရေး ကဏ္ဍကြီးဖြစ်သော လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် လည်းကောင်း၊ နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇)ရပ် အောင်မြင်ရေးအတွက် လည်းကောင်း၊ တောင်သူလယ်သမားကြီးများက တိုင်းရင်းသားပြည်သူများနှင့် လက်တွဲကြိုးပမ်းသွားကြရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။

0 comments:
Post a Comment