ပြည်ထောင်စု မြန်မာနိုင်ငံတော်-နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ဖေဖော်ဝါရီ၂၈ရက် နံနက် ၁၀နာရီတွင် ထိုင်းနိုင်ငံ ဟွာဟင်းမြို့ရှိ ခေတ္တတည်းခိုသည့် Holiday Inn Resort Hotel အခန်းအမှတ်(၅၆၀၁)၌ ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး H.E. Mr. Chavarat Charnvirakul အား လက်ခံတွေ့ဆုံသည်။
တက်ရောက်
ထိုသို့လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဥာဏ်ဝင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးစိုးသာ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်သိမ်း၊ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးသန့်ရှင်းနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ စစ်သံမှူး ဗိုလ်မှူးကြီး ၀င်းမောင်တို့ တက်ရောက်ကြ့ပီး တက်ရောက်ကြပြီး ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီးနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန နိုင်ငံခြားဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် အကြံပေးအရာရှိတို့ တက်ရောက်ကြသည်။
0 comments:
Post a Comment