ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်မောင်ဦး ကျေးလက်ဒေသ ဖွံ.ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်မောင်ဦးသည် ဖေဖော်ဝါရီ ၁၅ရက်တွင် နေပြည်တော်တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ ရောက်ရှိကာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ဆရာမများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ပြည်ထဲရေးဝန်ကြီးဌာန အလှူငွေဖြင့် တည်ဆောက်နေသော တိုးချဲ့ ကျောင်းဆောင် ဆောက်လုပ်နေသည့် အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။ ထိုမှတစ်ဆင့် ၀န်ကြီးသည် တဲမြင့် ကျေးရွာအုပ်စုမှ လာဘန်တံတားပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုအားပေးကာ ဘိလပ်မြေ အိတ် ၂၀၀ ကို လှူဒါန်းသည်။ဆက်လက်၍ ၀န်ကြီးသည် သရက်ပင်ကျေးရွာ မူလတန်းကျောင်းဝင်းအတွင်း သရက်ပင်ကျေးရွာအုပ်စု၊ တဲမြင့် ကျေးရွာအုပ်စု၊ ကြက်သွန်ခင်းအုပ်စု၊ အုန်းပင်ကျေးရွာအုပ်စုရှိ ကျေးရွာခုနစ်ရွာမှ ရပ်မိရပ်ဖ၊ ရပ်ရွာပြည်သူများအား တွေ့ဆုံ၍ ကျေးလက်နေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စများကို မေးမြန်းပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် ၀န်ကြီးသည် ခေတ်အေးကျေးရွာ ဦးချိုတေး၏ ဘက်စုံလယ်ယာစိုက်ပျိုးရေးစနစ် ( Integrated Farming System ) သုံး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ဦးချိုတေးပိုင် လယ်မြေငါးဧက တစ်ယူနစ်တွင် ဆောင်ရွက်လျက်ရှိသည့် နွေစပါးစိုက်ပျိုးမှု၊ မှိုစိုက်ပျိုးမှု၊ နွား၊ ဆိတ်၊ ၀က်၊ ကြက်၊ ဘဲမွေးမြူထားရှိမှုများနှင့် တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများမှ ဇီဝဓာတ်ငွေ့ထုတ်လုပ်သည့် ကန်ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
http://www.mmonlinewatch.co.cc/
pyithu said...