အာဆီယံဖောင်ဒေးရှင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနကြီးမှူး အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်၌ ကျင်းပ
အင်ဒိုနီးရှားသမ္မတနိုင်ငံ ဂျကာတာမြို့၌ ရုံးစိုက်သော အာဆီယံဖောင်ဒေးရှင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ကြီးမှူး၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံကိန်းများကို ပိုမိုနားလည် သဘောပေါက်လာစေရန်၊ သက်ဆိုင်ရာ စီမံကိန်းများကို အဆိုပြု ပေါ်ထွက်လာစေရန်နှင့် စိမံကိန်းများကို အားပေးကူညီထောက်ပံ့ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ ရွိုင်ရယ်ကုမုဒြာဟိုတယ်၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွန်းက အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် အာဆီယံဖောင်ဒေးရှင်းမှ Ms. Renelle Ivy Adan ၊ Mr. Ade Cahyadi နှင့် အာဆီယံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွန်းတို့က လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံကိန်းများကို ပိုမိုနားလည်သဘောပေါက်လာစေရန်၊ သက်ဆိုင်ရာ စီမံကိန်းများကို အားပေးကူညီ ထောက်ပံ့ရန်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ၏ သိလိုသည်များကို တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းလိုက်သည်။