စက်မှု(၁)၀န်ကြီး ဦးအောင်သောင်း တောင်သာမြို့နယ်၌ ကျေးရွာပြည်သူမျာနှင့်တွေ့ဆုံ
အမှတ်(၁) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းသည် ဖေဖေါ်ဝါရီ ၁၅ ရက် နံနက် ၈နာရီက တောင်သာမြို့နယ် ကျွဲတလင်းကျေးရွာ၌ ကြီးပင်တဲကျေးရွာ၊ နဂါးဗိုလ်ကျေးရွာ၊ တောင်လုလင်ကျေးရွာ၊ ခိုဇင်ကျေးရွာ၊ ကျွဲတလင်းကျေးရွာ၊ အင်ကြင်းသာကျေးရွာနှင့် တောင်ဦးဇလုတ်ကျေးရွာတို့မှ ကျေးရွာပြည်သူများနှင့်တွေ့ဆုံပြီးတောင်သာမြို့နယ် ကျောက်တစ်လုံး ရေကူရေလှောင်တမံကို ကြည့်ရှုစစ်ဆေးသည်။

ဝန်ကြီးသည် မွန်းလွဲပိုင်းတွင် သဘွတ်ပင်တဲကျေးရွာ၌ သဘွတ်ပင်တဲကျေးရွာ၊ ရုံးတောကျေးရွာ၊ အိုးတောင်ကျေးရွာ၊ ကျွဲတပ်ကျေးရွာ၊ မြင်းခြံကုန်းကျေးရွာ၊ သီးပင်ကုန်းကျေးရွာ၊ သန်းကုန်းကျေးရွာနှင့်စွန်းလွန်းကျေးရွာတို့မှ ကျေးရွာပြည်သူများနှင့် တွေ့ဆုံပြီး လယ်ကွက်ကြီးကျေးရွာသို့ သွားရောက်၍ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ပြီးစီးမှု၊ ရေလှောင်တမံမှ ရေကို အသုံးပြု၍ ရေအားလျှပ်စစ်ထုတ်လုပ်မှုနှင့် ရေလွှဲမြောင်းမသို့ ရေပြန်လည်လွှတ်ပေးနိုင်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဝန်ကြီးသည် ညနေပိုင်းတွင် ကျောက်ကာကျေးရွာအုပ်စု တဲယာအခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးမှု တဲယာကျေးရွာ၌ သဘာဝစွန့်ပစ်ပစ္စည်းသုံး Bio-Gas အသုံးပြု၍ လျှပ်စစ်မီးရရှိရေးအတွက် သဘာဝစွန့်ပစ်ပစ္စည်းသိုလှောင်ကန်များ၊ လျှပ်စစ်မီးပေးရန် အင်ဂျင်စက်ခန်းများ တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။