မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်ခင်ဝင်း မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေးဖွင့်ပွဲသို့တက်ရောက်


အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဒေါ်ခင်သက်ဌေးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ခင်စောနှင်းနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ပြည်နယ်နှင့်တိုင်း အမျိုးသမီးရေးရာအဖွဲ့နာယကများ၊ ဥက္ကဌများနှင့် အတွင်းရေးမှူးများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်နယ်နှင့်တိုင်းများမှ အမျိုးသမီးရေးရာအဖွဲ့ ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ခင်ခင်ဝင်းက အမှာစကားပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဌနှင့် တက်ရောက်လာကြသူများသည် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နှစ်ပတ်လည်အစည်းအဝေး၏ ပထမနေ့အစီအစဉ်များကို နံနက် ၁၀ နာရီ တွင် စတင်ကျင်းပရာ သဘာပတိအဖြစ်မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်ခင်ဝင်းက ဆောင်ရွက်သည်။
ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်မြင့်ကြည်က မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းသည်။
ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာများကို ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဌများက ဆွေးနွေးတင်ပြကြသည်။
ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များ၏ တင်ပြချက်များအပေါ် သဘာပတိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်ခင်ခင်ဝင်းက ပြန်လည် သုံးသပ်ဆွေးနွေးမှာကြားပြီး နံနက်ပိုင်းအစီအစဉ်များကို ခေတ္တရပ်နားသည်။
မွန်းလွဲပိုင်းတွင် အစည်းအဝေးကို ပြန်လည်ကျင်းပရာ သဘာပတိအဖြစ် မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်သက်ဌေးက ဆောင်ရွက်သည်။
ယင်းနောက် ပြည်နယ်နှင့်တိုင်း အမျိုးသမီးရေးရာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာများကို ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနှင့် ပဲခူးတိုင်း(အနောက်ပိုင်း)တို့မှ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌများက ဆွေးနွေးတင်ပြကြသည်။
ထို့နောက်ပြည်နယ်နှင့်တိုင်း အမျိုးသမီးရေးရာအဖွဲ့များ၏ တင်ပြချက်များအပေါ် သဘာပတိ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်သက်ဌေးက ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားပြီး ပထမနေ့ အစည်းအဝေး အစီအစဉ်များကို ညနေပိုင်းတွင် ရပ်နားလိုက်သည်။
အဆိုပါနှစ်ပတ်လည်အစည်းအဝေးကို ဖေဖေါ်ဝါရီ ၁၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
0 comments:
Post a Comment