ကိုယ်ပွားသတင်းစာတိုက် (စစ်တွေ) ပုံနှိပ်စက်အသစ် တိုးမြှင့်တပ်ဆင် ဖွင့်လှစ်ခြင်းနှင့် ကျေးရွာတိုင်းသို့ သတင်းစာရောက်ရှိအောင် စီမံဆောင်ရွက်သည့် အခမ်းအနား

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ကိုယ်ပွားသတင်းစာတိုက်(စစ်တွေ) ပုံနှိပ်စက်အသစ် တိုးမြှင့်တပ်ဆင်ဖွင့်လှစ်ခြင်းနှင့် ကျေးရွာတိုင်းသို့ သတင်းစာရောက်ရှိအောင် စီမံဆောင်ရွက်သည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၁၅ရက် နံနက်၈နာရီတွင် ကိုယ်ပွားသတင်းစာတိုက်(စစ်တွေ)၌ ကျင်းပရာ ပြန်ကြားရေးဝန်ဌာန ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း ၊ ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ စစ်တွေတပ်နယ်မှ ဗိုလ်မှူးကြီးစိုးလွင်၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ၊ ဒေသခံပြည်သူများ တက်ရောက်အားပေးကြသည်။

ရှေးဦးစွာ ပြန်ကြားရေးဝန်ဌာန ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း ၊ ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ စစ်တွေတပ်နယ်မှ ဗိုလ်မှူးကြီးစိုးလွင်နှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးဝင်းတို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။