ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဇနီးဒေါ်မြမြစန်း စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ မျက်စိဝေဒနာရှင်များအား မျက်စိခွဲစိတ်ကုသပေးမှု လှည့်လည်ကြည့်ရှုစစ်ဆေး

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဇနီးဒေါ်မြမြစန်းတို့သည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီးတင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ဉာဏ်ထွန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်အုန်းမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်လှိုင်နှင့် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၊ အစိုးရအဖွဲ့ အဖွဲ့ဝင် ၀န်ကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော်အရာရှိကြီးများ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ ဖေဖေါ်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် ရဟတ်ယာဉ်များဖြင့် နေပြည်တော်မှ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကန့်ဘလူမြို့သို့ ရောက်ရှိကြသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင်များအား စစ်ကိုင်းတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်စိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံမြို့မိမြို့ဖများက ကြိုဆိုကြသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးနှင့် ဇနီးတို့သည် ကန့်ဘလူမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာဌေးကြွယ်၊ မျက်စိကုဆရာဝန်ကြီးများ၊ ပါမောက္ခများ၊ ဆရာဝန်၊ ဆရာမများက ကြိုဆိုကြသည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်မှူးကြီးနှင့် ဇနီးတို့သည် ဆေးရုံကြီး၌ လာရောက်ဆေးဝါးကုသလျက် ရှိကြသော မျက်စိဝေဒနာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။