စစ်ကိုင်းတိုင်းဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး လှည့်လည်ကြည့်ရှုစစ်ဆေး
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်မှူးကြီးနှင့် ဇနီးနှင့်အဖွဲ့ဝင်များသည် ၂၀၀၅ ခုနှစ် ဇွန်လအတွင်းက ယာပိုင်ရှင်ဦးမြင့်စန်း ၏ ကွင်းအမှတ်(၅၃၄)လိတ္ထူကွင်း၌ ပထမတွေ့ရှိခဲ့သည့် အရှည်ပေ ၁၆၀၊ လုံးပတ် ၁၄ ပေရှိသော အင်ကြင်းကျောက်ကို ကြည့်ရှုလေ့လာကြသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့ဝင်များသည် ၂၀၀၇ ခုနှစ် ဇွန်လအတွင်းက ပိတ်တူးကန် အရှေ့ကွင်း၌ ထပ်မံတွေ့ရှိသည့် အရှည် ၁၂၄ ပေ ၃ လက်မ ရှိသော အင်ကြင်းကျောက်ကို ကြည့်ရှုလေ့လာ ကြသည်။
အဆိုပါ အင်ကြင်းကျောက်ကြီးများသည် သက်တမ်းအားဖြင့် ၁ ဒသမ ၂ သန်း မှ ၁ ဒသမ ၈ သန်းခန့်ရှိကြောင်း ဘူမိဗေဒပညာရှင်များက ခန့်မှန်းထားကြောင်း သိရသည်။
အင်ကြင်းဥယျာဉ်အတွင်း၌ ဒေသခံပြည်သူများ အပန်းဖြေအနားယူပြီး လေ့လာကြည့်ရှုနိုင်ရန် မြန်မာရွှေသမင်၊ မျောက်၊ ဆောင်းခိုငှက်ကြီးများ၊ မိကျောင်း၊ ပူး၊ ယုန်၊ ကြက်တူရွေး၊ သာလိကာ၊ သြစတြေးလျကျေး၊ ဥဒေါင်း တို့ကိုလည်း မွေးမြူပြသထားပြီး အရိပ်ရပင် အလှပင်များဖြင့် ဝေေ၀ဆာဆာ သာသာယာယာဖြစ်အောင် ကြိုးပမ်းလျက်ရှိကြောင်း တွေ့ရှိရသည်။

0 comments:
Post a Comment