ကုန်ကြမ်းပစ္စည်းများ ပြည်တွင်း၌ရှာဖွေပြီး စက်စွမ်းအားပြည့်ထုတ်လုပ်
ပြည်တွင်းပြည်ပ ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်
ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များ
စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး



ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေသည် ဖေဖော်ဝါရီ ၂၇ မွန်းလွဲ ၁နာရီတွင် ရန်ကုန်မြို့ ကုန်းမြင့်သာရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ် အစည်းအဝေခမ်းမ၌ ကျင်းပသည့် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်က စက်ရုံအလုပ်ရုံများ အနေဖြင့် ကုန်ကြမ်းပစ္စည်းများကို ပြည်တွင်း၌ရှာဖွေပြီး စက်စွမ်းအားပြည့်ထုတ်လုပ်ကာ ပြည်တွင်းပြည်ပ ရောင်းချနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းဖြင့် ဆွေးနွေးတင်ပြသည်။

ယင်းနောက် ယခင်လ အစည်းအဝေးမှတ်တမ်းအား ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ထို့နောက် စက်မှုဇုန်များမှ စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များက လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ဌာနဆိုင်ရာများက ရှင်းလင်းဆွေးနွေးကြပြီး ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက နိဂုံးချုပ် အမှာစကားပြောကြားသည်။