တိုင်ရင်းသားလူမျိုးများ သွေးသားရင်းချာများပမာ မြန်မာနိုင်ငံအတွင်း စုစည်းနေထိုင်လျက်ရှိ
ကမ္ဘာပေါ်တွင် တိုင်းပြည်ပြိုကွဲသဖြင့် ဒုက္ခပင်လယ်ဝေနေကြသည့် ပြည်သူများကို တွေ့မြင်နိုင်
ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ပြီး ထာဝစဉ်တည်တံ့ခိုင်မြဲရေး
ပြည်ထောင်စုစိတ်ဓာတ်တည်းဟူသော စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်




ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့နယ် ကိုင်းရှည်ကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက် ပန္နက်စိုက်ထူပွဲကို ဖေဖော်ဝါရီ ၂၃ရက် နံနက် ၁၁နာရီခွဲတွင် ကိုင်းရှည်ရွာ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနား အစီအစဉ်အရ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်၊ သံတွဲခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးကျော်ဆန်းနှင့် မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးစိုးသန်းတို့သည် သတ်မှတ်နေရာ အသီးသီး၌ နေရာယူကြပြီး မင်္ဂလာအချိန်တွင် ပန္နက်များစိုက်ထူ၍ အမွှေနံ့သာများဖြင့် ပက်ဖြန်းပေးကြသည်။
အခမ်းအနားအပြီးတွင် ၀န်ကြီးသည် အခမ်းအနားသို့တက်ရောက်လာကြသော ဒေသခံပြည်သူများနှင့် မြို့မိမြို့ဖများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။