ရန်ကုန်မြို့ သန့်ရှင်းသာယာလှပရေးနှင့် အဆင့်မြှင့်တင်ရေး ဦးစီးကော်မတီ စည်းဝေး
ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြား
ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေသည် ယနေ့မွန်းလွဲ ၂နာရီခွဲတွင် မြို့တော်ခန်းမရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်မ၌ ကျင်းပသည့် ရန်ကုန်မြို့ သန့်ရှင်းသာယာလှပရေးနှင့် အဆင့်မြှင့်တင်ရေး ဦးစီးကော်မတီ အစည်းအဝေး (၃/၂၀၀၉)သို့ တက်ရောက် အမှာစကား ပြောကြားသည်။
ရှေးဦးစွာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက အမှာစကားပြောကြားရာ၌ ရန်ကုန်မြို့ကို မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပပြီး အဆင့်မြှင့်တင်ရန်လိုကြောင်း၊ သန့်ရှင်းပြီး အမြဲစိမ်းလန်းကာ ကျန်းမာရေးနှင့်ညီညွတ်သော မြို့ဖြစ်ရန် ဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပြည်သူများက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်က ရန်ကုန်မြို့ ဆင်ခြေဖုန်းဒေသများ၌ ယာဉ်သွားလာမှုများပြားပြီး ဘတ်စ်ကားမှတ်တိုင်များ စနစ်တကျဆောက်လုပ်ပေးရန်နှင့် ပြည်သူများ အကျိုးရှိစွာ အသုံးပြုနိုင်ရေး စနစ်တကျ ပါဝင်ဆောင်ရွက်သွားရန်လိုကြောင်း၊ နွေရာသီကာလတွင် အမှိုက်များအား အချိန်မီသိမ်းဆည်းရန်နှင့် မိုးမကျမီ ရန်ကုန်မြို့ရှိ အဓိကရေမြောင်းများအား ဆယ်တင်ရှင်းလင်းသွားရန်လိုကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။
0 comments:
Post a Comment