ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအတွက် ရတနာပစ္စည်းများနှင့် ရွှေပြားများ ပူဇော်လှူဒါန်းနိုင်ရန် အသိပေးနှိုးဆော်ခြင်း
ရဟန်းရှင်လူ ပြည်သူများ ဖူးမျှော်ကြည်ညိုနိုင်ရန်အတွက် ဥာဏ်တော် ၃၂၅ ပေရှိ " ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး " အား နေပြည်တော်၌ တည်ထားပူဇော်လျက်ရှိပါသည်။
၎င်းစေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ဖေဖော်ဝါရီလ ၂၁ရက်နေ့ မှစတင်၍ နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် ကုန်းတော်ရှိ ဓမ္မရုံ၌ ကိန်းဝပ်ပူဇော်ခံလျှက်ရှိပါသည်။

လှူဒါန်းနိုင်

စေတီတော်မြတ်ကြီးအတွက် ရတနာပစ္စည်းများနှင့် ရွှေပြားများ ပူဇော်လှူဒါန်းများအား အောက်ပါအတိုင်း ပါဝင်လှူဒါန်းနိုင်ပါသည်။
(၁) စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တွင် ရတနာပစ္စည်းများ ထည့်သွင်းပူဇော်ရန် ရတနာပစ္စည်းများ (ကိုယ်တိုင်ကိုယ်ကျ ထည့်သွင်းပူဇော်နိုင်ရန် ပန်းထိမ်အဖွဲ့များ တစ်ပါတည်းထားရှိပေးမည်။)
(၂) ငှက်ပျောဖူးတော်တွင် ကပ်လှူရန်ရွှေပြား (၁ပေ×၁ပေ)= ၂၉၆၄ ချပ် ၁ချပ် ကျပ် ၁၆၂၀၀၀၀ နှုန်း
(၃) ကြာနှင့်ရွဲများတွင် ကပ်လှူရန် ရွှေပါးလွှာ (၁ပေ×၁ပေ)= ၄၂၀၈ ချပ် ၁ချပ် ကျပ် ၅၈၀၀၀၀ နှုန်း

ဆက်သွယ်နိုင်

စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တွင် ရတနာပစ္စည်းများ ထည့်သွင်းပူဇော်လှူဒါန်းလိုသူများသည် ဥပ္ပါတသန္တိ စေတီတော် ကုန်းတော်၊ ဓမ္မာရုံရှိ ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီသို့ ဆက်သွယ်၍ ပူဇော်လှူဒါန်းနိုင်ပါသည်။
ရွှေပြားနှင့် ရွှေပါးလွှာများ လှူဒါန်းလိုသူများသည် ဥပ္ပါတသန္တိ စေတီတော် ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီ အတွင်းရေးမှူး ဖုန်း- ၀၆၇-၄၁၄၂၀၅၊ ၄၁၄၂၀၂၊ ၄၁၄၂၀၄ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။