ပဲခူးမြို့ ကမာနတ်မှ သန်လျင်၊ သန်လျင်မှ သာကေတ စုစုပေါင်း ၆၈မိုင်ကျော်ကို ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်း ပဲခူးမြစ်ဖြတ်ဆောင်ရွက်နေ လုပ်ငန်းပြီးစီးပါက စက်မှုဇုန်များနှင့် ရန်ကုန်ပြည်သူများအတွက် လျှပ်စစ်ဓာတ်အား တိုးမြှင့်ပို့လွှတ် ဖြန့်ဖြူးသွားမည်။


သို့သော် ယခုအခါ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုသည် အရှိန်အဟုန်ဖြင့် မြင့်မားလာပြီး စက်ရုံအလုပ်ရုံများ၊ စက်မှုဇုံကြီးများ၊ အဆင့်မြင့်အိမ်ရာများ၊ အီလက်ထရွန်းနစ်ပစ္စည်းများ သုံးစွဲမှု များပြားလာခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား သုံစွဲမှုသည်လည်း တိုးတက်များလျက်ရှိသည်။
ပဲခူးမြစ်ဖြတ်
ရန်ကုန်၏ ဓာတ်အားလိုအပ်ချက်ကို ထပ်မံဖြည်းဆည်းပေးနိုင်ရန်အတွက် အမှတ်(၂)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ဆောင်ရွက်လျှက်ရှိသည့် ပဲခူး ကမာနတ်မှ သန်လျင်၊ သန်လျင်မှ သာကေတ ၆၈ ဒဿမ ၃၇မိုင်ရှိ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း စီမံကိန်းမှ ပဲခူးမြစ်ဖြတ်၍ သန်လျင်မှ သာကေတသို့ ဓာတ်ကြိုးဆွဲလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ပြည်သူများသို့ အသိပေးတင်ပြအပ်ပါသည်။
0 comments:
Post a Comment