နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွက်လူ့စွမ်းအားအရင်းမြစ်များမွေးထုတ်နိုင်ရေးအခြေခံပညာများကိုကျေးလက်ဒေသများ၌လွယ်လင့်တကူသင်ယူနိုင်အောင်စီစဉ်ပေးထား
ဧရာဝတီတိုင်း ပုသိမ်မြို့၌ ရောက်ရှိနေသည့် အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကိုကို၊ ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေ၊ အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျက် ဖေဖော်ဝါရီ ၂၂ရက် နံနက်၈ နာရီတွင် ပုသိမ်မြို့ ငါးအောက်ချောင်း တိုင်းငါးလုပ်ငန်းဦးစီးဌာန၀င်းအတွင်းရှိ ပေါင်းစည်းလယ်ယာစိုက်ပျိုးရေး သို့ ရောက်ရှိပြီး ခြံအတွင်း၌ စိုက်ပျိုးထားသည့် ကန်စွန်း၊ ငရုတ်၊ ချဉ်ပေါင်၊ ကြက်သွန်မြိတ်နှင့် ခရမ်းစိုက်ခင်းများ၊ ကောက်ရိုးမှို မွေးမြူခြင်းနှင့် တီကောင်မွေးမြူရေးကန်တို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်သည်နေအိမ်များ၌ စားသုံးသီးနှံပင်းများ စိုက်ပျိုးထားမှု၊မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ CDMA တယ်လီဖုန်းတပ်ဆင်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် လပ္ပတ္တာမြို့နယ် ချောင်းဝကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းခွဲသို့ ရောက်ရှိပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။လူငယ်လူရွယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်သည့် လက်သမား၊ ပန်းရန်၊ တွင်ခုံ၊ စက်ပြင်၊ အီလက်ထရွန်နစ် စသည့် ပညာရပ်များရပ်များကို သင်ကြားပေးမည့် စက်မှုလက်မှုအထက်တန်းကျောင်း ဖွင့်လစ်ရေးအတွက်လည်း စီမံဆောင်ရွက်လျှက်ရှိကြောင်း။
္လလူငယ်လူရွယ်များအတွက် အခြေပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းများပညာရပ်များကိုပါ မိမိတို့ကျေးရွာများမှာပင် လွယ်လင့်တကူ သင်ယူနိုင်ကြမှာဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် အခြေခံပညာကျောင်းများကို ကျေးလက်ဒေသများ၌ လွယ်လင့်တကူ သင်ယူနိုင်စေရအောင် စီစဉ်ပေးထားကြောင်း။
ကျောင်းသားမိဘများအနေဖြင့် မိမိတို့သားသမီးများကို ကျောင်းနေအရွယ်မှာ ကျောင်းနေရေး၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာများကို ဆုံခန်းတိုင် သင်ကြားနိုင်ရေးကို အားပေးဆောင်ရွက်ကြရန် မှာကြားကြောင်း၊ ကျောင်းသူကျောင်းသားများအနေဖြင့်လည်း ပညာသင်ယူနိုင်မှုအခွင့်အလမ်းသည် လက်တစ်ကမ်းအကွာတွင် ရှိနေသည့်အတွက် ထူးချွန်ထက်မြက်သည့် အသိပညာရှင်များဖြစ်ရန် ကြိုးပမ်းအားထုတ်ရန်လိုကြောင်း မှာကြားသည်။နိုင်ငံတော်အစိုးရက ပညာသင်ယူမှုအခွင့်အလမ်းကောင်းများကို မိဘရော၊ သားသမီးများကပါ ရယူနိုင်အောင်ကြိုးပမ်းသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့ပြင် ဆရာ၊ ဆရာမများအပိုင်းကလည်း မိမိတို့တပည့်များကို အတတ်ပညာ တတ်မြောက်ရုံသာမက အကျင့်စာရိတ္တကောင်းမွန်သူများ၊ စည်းကမ်းကိုရိုသေလေးစားလိုက်နာသူများ၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူများ၊ ပြည်ထောင်စုစိတ်ဓာတ် ရင့်ကျက်ခိုင်မာသူများဖြစ်အောင် ငယ်စဉ်ကပင် လေ့ကျင့်သင်ကြားပေးကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်ကလှူဒါန်းသည့် ကွန်ပျုတာနှင့်ပရင်တာတစ်စုံကို ၀န်ကြီး ဗိုလ်မှူးအုန်းမြင့်က ကျောင်းအုပ်ဆရာကြီးဦးထွန်းမြင့်ထံ ပေးအပ်သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာနနှင့် ဒေသခံပြည်သူများကိုယ်စား ၀န်ကြီး ဒေါက်တာချမ်းငြိမ်းက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ဆက်လက်၍ ကုန်းသာယာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပသည့် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ကြရာ ၀န်ကြီး ဗိုလ်မှူးချုပ် အုန်းမြင့်၊ မြန်မာ့ဆားနှင့် အဏ္ဏ၀ါဓာတုဗေဒပစ္စည်း ထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းထိန်နှင့် ရွှေသံလွင်ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးကျော်နိုင်တို့က ကျောင်းဆောင်သစ်နှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများကို ၀န်ကြီးဒေါက်တာချမ်းငြိမ်းထံ လွှဲပြောင်းပေးအပ်ကြသည်။
ထို့နောက် ၀န်ကြီး ဗိုလ်မှူးချုပ်အုန်းမြင့်က အားကစားပစ္စည်းများနှင့် ကျောင်းဝတ်စုံများကို ကျောင်းအုပ်ဆရာကြီး ဦးစိုးမင်းသို့လည်းကောင်း၊ ၀န်ကြီး ဒေါက်တာချမ်းငြိမ်းက ကျောင်းသုံးဗလာစာအုပ်များကို ဆရာမတစ်ဦးသို့လည်းကောင်း ပေးအပ်ကြသည်။
ယင်းနောက် အောက်ပြွန်ဝကျေးရွာမှ လပ္ပတ္တာမြို့နယ် မန်ကျည်းပင်ကျေးရွာသို့ ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြပြီး နိုင်ငံတော်ဝန်ကြီးချုပ်သည် လမ်းခရီး၌ သင်္ကန်းကုန်းကျေးရွာအုပ်စု ကွင်းကြီးကျေးရွာ၌ FMI ကုမ္ပဏီက တည်ဆောက်လျက်ရှိသည့် Cyclone Shelter ဆောက်လုပ်ပြီးစီးမှုအခြေအနေ၊ နေလှန်းဆားကွင်းများ အခြေအနေနှင့် သင်္ကန်းကုန်း-သုံးခွ-လပ္ပတ္တာ လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ရဟတ်ယာဉ်များဖြင့် ပုသိမ်မြို့မှထွက်ခွာ၍ လပ္ပတ္တာ-သင်္ကန်းကြီး-စလူးဆိပ်လမ်းပိုင်းနှင့် တံတားများ တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြင်စလူမြို့နယ် သင်္ကန်းကြီးကျေးရွာအနီးရှိ တံတားစီမံကိန်းအထူးအဖွဲ့နလင်ကျော်တံတား တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိကြသည်။
ရှင်းလင်းတင်ပြသည်များနှင့်စပ်လျဉ်း၍ ၀န်ကြီးချုပ်က Hillock ဘေးပတ်လည်၌ လေကာပင်၊ အုန်းပင်နှင့် ကွမ်းသီးပင်များ စိုက်ပျိုးရန်နှင့် တောင်ကုန်းတာပေါင်ပေါ်၌ ဌက်ပျောပင်စိုက်ပျိုးရန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်း၊ တံတားစီမံကိန်းလုပ်ငန်းများကို လမ်းပြီး၊ တံတားပြီးတစ်ဆက်တစ်စပ်တည်း အသုံးပြုနိုင်အောင် ဆောင်ရွက်ကြရေး မှာကြားသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မော်လမြိုင်ကျွန်းမြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာလာကြရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ၀က်၊ ဘဲ၊ နွားနှင့် ဆိတ်မွေးမြူထားမှု၊ ဇီဝဓာတ်ငွေ့ ထုတ်ကန် တည်ဆောက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်ဝန်ကြီးချုပ်က တစ်နိုင်တစ်ပိုင် စုပေါင်းလယ်ယာစိုက်ပျိုးရေးစနစ်ကျေးလက်နေပြည်သူများအတွင်း ပျံ့နှံ့စေရန်အတွက် နယ်လှည့်ကျေးလက်ဖွံ့ဖြိုးရေးပညာပေးအဖွဲ့ (Mobile Community Development Team) များအား သင်တန်းများပို့ချပေးရန် တာဝန်ရှိသူများအား မှာကြားသည်။ဦးစားပေးတည်ဆောက်
ထို့နောက် ရှင်းလင်းဆောင်၌ ရွှေသံလွင် ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးကျော်နိုင်က Cyclone Shelter တည်ဆောက်ရန်အတွက် မြေကြီးလုပ်ငန်း၊ ဘိုးပိုင်လုပ်ငန်းနှင့် တည်ဆောက်ရေးပစ္စည်းများ စုဆောင်းထားရှိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ၀န်ကြီးချုပ်က Cyclone Shelter အဆောက်အအုံပြီးစီးရေးကို ဦးစားပေးတည်ဆောက်ရန်နှင့် လာမည့် မိုးကာလမတိုင်မီ ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားသည်။ရင်းရင်းနှီးနှီးနှုတ်ဆက်
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကံထူးသာယာရပ်ကွက်သို့ ရောက်ရှိပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ မိမိတို့အိမ်ပတ်ဝန်းကျင်တွင် လေဒဏ်လည်းခံနိုင်၊ အရိပ်လည်းရမည့် စားသုံးသစ်ပင်များ စိုက်ပျိုးကြရန်နှင့် မြေလွတ်များ၌ မီးဖိုချောင်သုံး စားသုံးသီးနှံပင်များ စိုက်ပျိုးကြရန် မှာကြားသည်။ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်သည်နေအိမ်များ၌ စားသုံးသီးနှံပင်းများ စိုက်ပျိုးထားမှု၊မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ CDMA တယ်လီဖုန်းတပ်ဆင်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် လပ္ပတ္တာမြို့နယ် ချောင်းဝကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းခွဲသို့ ရောက်ရှိပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။လူငယ်လူရွယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်သည့် လက်သမား၊ ပန်းရန်၊ တွင်ခုံ၊ စက်ပြင်၊ အီလက်ထရွန်နစ် စသည့် ပညာရပ်များရပ်များကို သင်ကြားပေးမည့် စက်မှုလက်မှုအထက်တန်းကျောင်း ဖွင့်လစ်ရေးအတွက်လည်း စီမံဆောင်ရွက်လျှက်ရှိကြောင်း။
္လလူငယ်လူရွယ်များအတွက် အခြေပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းများပညာရပ်များကိုပါ မိမိတို့ကျေးရွာများမှာပင် လွယ်လင့်တကူ သင်ယူနိုင်ကြမှာဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် အခြေခံပညာကျောင်းများကို ကျေးလက်ဒေသများ၌ လွယ်လင့်တကူ သင်ယူနိုင်စေရအောင် စီစဉ်ပေးထားကြောင်း။
ကျောင်းသားမိဘများအနေဖြင့် မိမိတို့သားသမီးများကို ကျောင်းနေအရွယ်မှာ ကျောင်းနေရေး၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာများကို ဆုံခန်းတိုင် သင်ကြားနိုင်ရေးကို အားပေးဆောင်ရွက်ကြရန် မှာကြားကြောင်း၊ ကျောင်းသူကျောင်းသားများအနေဖြင့်လည်း ပညာသင်ယူနိုင်မှုအခွင့်အလမ်းသည် လက်တစ်ကမ်းအကွာတွင် ရှိနေသည့်အတွက် ထူးချွန်ထက်မြက်သည့် အသိပညာရှင်များဖြစ်ရန် ကြိုးပမ်းအားထုတ်ရန်လိုကြောင်း မှာကြားသည်။နိုင်ငံတော်အစိုးရက ပညာသင်ယူမှုအခွင့်အလမ်းကောင်းများကို မိဘရော၊ သားသမီးများကပါ ရယူနိုင်အောင်ကြိုးပမ်းသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့ပြင် ဆရာ၊ ဆရာမများအပိုင်းကလည်း မိမိတို့တပည့်များကို အတတ်ပညာ တတ်မြောက်ရုံသာမက အကျင့်စာရိတ္တကောင်းမွန်သူများ၊ စည်းကမ်းကိုရိုသေလေးစားလိုက်နာသူများ၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူများ၊ ပြည်ထောင်စုစိတ်ဓာတ် ရင့်ကျက်ခိုင်မာသူများဖြစ်အောင် ငယ်စဉ်ကပင် လေ့ကျင့်သင်ကြားပေးကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
လွှဲပြောင်းပေးအပ်
ထို့နောက် ပညာရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာချမ်းငြိမ်းထံ သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်အုန်းမြင့်နှင့် ရွှေသံလွင်ကုမ္ပဏီအထွေထွေမန်နေဂျာ ဦးကျော်နိုင်တို့က ကျောင်းဆောင်သစ်နှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ကြသည်။ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်ကလှူဒါန်းသည့် ကွန်ပျုတာနှင့်ပရင်တာတစ်စုံကို ၀န်ကြီး ဗိုလ်မှူးအုန်းမြင့်က ကျောင်းအုပ်ဆရာကြီးဦးထွန်းမြင့်ထံ ပေးအပ်သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာနနှင့် ဒေသခံပြည်သူများကိုယ်စား ၀န်ကြီး ဒေါက်တာချမ်းငြိမ်းက ကျေးဇူးတင်စကား ပြောကြားသည်။
လက်ဆောင်ပစ္စည်း
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က နယ်လှည့်ကျေးလက်ဖွံ့ဖြိုးရေးပညာပေးအဖွဲ့ အမှတ်(၁)သို့လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကိုကိုက နယ်လှည့် ကျေးလက်ဖွံ့ဖြိုးရေးပညာပေးအဖွဲ့ အမှတ်(၂)သို့ လည်းကောင်း လက်ဆောင်ပစ္စည်းများပေးအပ်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လပ္ပတ္တာ-သုံးခွ-အုတ်တွင်း-ထိပ်စွန်းလမ်းကို ရဟတ်ယာဉ်များဖြင့် ကြည့်ရှုစစ်ဆေးပြီး ဆက်လက်ထွက်ခွာလာကြရာ လပ္ပတ္တာမြို့နယ် ကုန်းသာယာကျေးရွာသို့ ရောက်ရှိကြပြီး ကုန်းသာယာကျေးရွာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ဆက်လက်၍ ကုန်းသာယာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပသည့် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ကြရာ ၀န်ကြီး ဗိုလ်မှူးချုပ် အုန်းမြင့်၊ မြန်မာ့ဆားနှင့် အဏ္ဏ၀ါဓာတုဗေဒပစ္စည်း ထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းထိန်နှင့် ရွှေသံလွင်ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးကျော်နိုင်တို့က ကျောင်းဆောင်သစ်နှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများကို ၀န်ကြီးဒေါက်တာချမ်းငြိမ်းထံ လွှဲပြောင်းပေးအပ်ကြသည်။
ထို့နောက် ၀န်ကြီး ဗိုလ်မှူးချုပ်အုန်းမြင့်က အားကစားပစ္စည်းများနှင့် ကျောင်းဝတ်စုံများကို ကျောင်းအုပ်ဆရာကြီး ဦးစိုးမင်းသို့လည်းကောင်း၊ ၀န်ကြီး ဒေါက်တာချမ်းငြိမ်းက ကျောင်းသုံးဗလာစာအုပ်များကို ဆရာမတစ်ဦးသို့လည်းကောင်း ပေးအပ်ကြသည်။
ဆောက်လုပ်လှူဒါန်း
အဆိုပါ ကျောင်းဆောင်သစ်မှာ အလျားပေ ၁၂၀၊ အနံ ပေ၃၀ ရှိပြီး တိုင်၊ ဒိုင်း၊ မြားတို့ကို သံထည်များဖြင့်တည်ဆောက်ကာ အမှတ်(၂) စက်မှုဝန်ကြီးဌာနက လှူဒါန်းငွေကျပ်သိန်း ၂၇၀ နှင့် ကျန်ကုန်ကျငွေများကို ရွှေသံလွင် ကုမပ္ပဏီက ထည့်ဝင်လှူဒါန်းပြီး ငွေကျပ်သိန်း ၆၅၀ခန့် အကုန်အကျခံ ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။ပံ့ပိုးဖြည့်ဆည်း
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် ကျေးရွာ၌ လိုအပ်လျက်ရှိသော ဘုန်းတော်ကြီးကျောင်းဆောက်လုပ်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးသည်။ယင်းနောက် အောက်ပြွန်ဝကျေးရွာမှ လပ္ပတ္တာမြို့နယ် မန်ကျည်းပင်ကျေးရွာသို့ ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြပြီး နိုင်ငံတော်ဝန်ကြီးချုပ်သည် လမ်းခရီး၌ သင်္ကန်းကုန်းကျေးရွာအုပ်စု ကွင်းကြီးကျေးရွာ၌ FMI ကုမ္ပဏီက တည်ဆောက်လျက်ရှိသည့် Cyclone Shelter ဆောက်လုပ်ပြီးစီးမှုအခြေအနေ၊ နေလှန်းဆားကွင်းများ အခြေအနေနှင့် သင်္ကန်းကုန်း-သုံးခွ-လပ္ပတ္တာ လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
တွေ့ဆုံမေးမြန်း
ထို့နောက် မန်ကျည်းပင်ကျေးရွာသို့ ရောက်ရှိကြပြီး နိုင်ငံတော်ဝန်ကြီးချုပ်သည် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ စီးပွားရေး၊ အလုပ်အကိုင်နှင့် ပညာသင်ကြားရေးအခြေအနေများကို မေးမြန်းပြီး အခြေခံပညာအထက်တန်းကျောင်းခွဲ(မန်းကျည်းပင်)စာပင်ကျောင်းဆောင် ဆောက်လုပ်နိုင်ရန် လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ရေရှည်တည်တံ့
ရှင်းလင်းတင်ပြသည်များနှင့် စပ်လျဉ်း၍ ၀န်ကြီးချုပ်က မိုးမကျမီ မြေမာလမ်းပြီးစီးရေး၊ လမ်းပေါ်ရှိ အကြီးစားတံတားကြီးများမှအပ ကျန်တံတားများအပြီးတည်ဆောက်အသုံးပြုနိုင်အောင် ဆောင်ရွက်ရေး၊ တံတားတိုင်များကို ရေရှည်တည်တံ့လခိုင်မြဲစေရန် အင်္ဂတေဖြင့်ဆောင်ရွက်ရေး၊ တံတားများကိုသစ်သားတံတား၊ ဘေလီတံတား၊ အာစီတံတားများအဖြစ် လိုအပ်ချက်ပေါ်မှုတည်၍ တည်ဆောက်ရေး၊ အသက်ကယ်ကုန်းမြင့် Hillock များ အချိန်မီ ပြီးစီးရေး ဆောင်ရွက်သွားကြရန် မှာကြားသည်။စနစ်တကျ
ယင်းနောက် သုံးမိုင်တိုးချဲ့မြို့ကွက်သစ်ဖော်ထုတ်ရေး ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးသိန်းညွန့်က တိုးချဲ့မြို့ကွက်ဖော်ထုတ်ပြီးစီးမှု ၊ သင်္ဘောဆိပ်ကမ်း၊ အအေးခန်းစက်ရုံနှင့် ဆေးရုံတည်ဆောက်သွားမည့် အစီအစဉ်၊ ရေ၊ မီးရရှိရေး ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြီး ၀န်ကြီးချုပ်က နေအိမ်၊ ဆေးရုံ၊ စက်ရုံများကို မြို့အဂါင်္ရပ်နှင့်အညီ စနစ်တကျတည်ဆောက်သွားရန် မှာကြားသည်။ပြန်လည်ရောက်ရှိ
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လပ္ပတ္တာမြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာလာကြရာ ပုသိမ်မြို့သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိကြသည်။နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ရဟတ်ယာဉ်များဖြင့် ပုသိမ်မြို့မှထွက်ခွာ၍ လပ္ပတ္တာ-သင်္ကန်းကြီး-စလူးဆိပ်လမ်းပိုင်းနှင့် တံတားများ တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြင်စလူမြို့နယ် သင်္ကန်းကြီးကျေးရွာအနီးရှိ တံတားစီမံကိန်းအထူးအဖွဲ့နလင်ကျော်တံတား တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိကြသည်။
တံတားတည်ဆောက်မှု
ထို့နောက် အင်ဂျင်နီယာမှူးကြီး ဦးကျော်လွင်က လပ္ပတ္တာ-သင်္ကန်းကြီးလမ်းပိုင်း ၁၈ မိုင် ၆ တွင် လမ်းတာပေါင် ၁၇ မိုင် ၅ ဖာလုံ ပြီးစီးမှု၊ သင်္ကန်းကြီး-စလူဆိပ်လမ်းပိုင်း ၁၀ မိုင်တွင် ၈ မိုင် ၇ ဖာလုံ လမ်းတာပေါင်ပြီးစီးမှု၊ စလူဆိပ်-ပြင်စလူဆိပ်လမ်းပိုင်း ၇ မိုင် ၂ ဖာလုံတွင် မြေကြီးတာပေါင်လုပ်ငန်း ၅ မိုင် ၇ဖာလုံပြီးစီးမှု၊ အသက်ကယ်ကုန်းမြင့် Hillock ၁၈ ခု တည်ဆောက်ပြီးစီးမှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ တံတားအထူးအဖွဲ့(၄)မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးကျော်လင်းက လပ္ပတ္တာ-သင်္ကန်းကြီး-ပြင်စလူလမ်း မိုင်တိုင်အမှတ်(၁၆/၃)နှင့် (၁၆/၄)ကြားရှိ အရှည်ပေ ၁၅၀၊ အကျယ် ၁၂ ပေရှိ နလင် ကျော်တံတား တည်ဆောက်နေမှုနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။မော်တော်ယာဉ်များဖြင့်ကြည့်ရှု
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လပ္ပတ္တာ-သင်္ကန်းကြီးလမ်းပိုင်း ဖောက်လုပ်ပြီးစီးမှုအခြေအနေများကို မော်တော်ယာဉ်များဖြင့် ကြည့်ရှုစစ်ဆေးကြပြီး လပ္ပတ္တာမြို့နယ် ဇင်ရွဲလေးကျေးရွာသို့ ရောက်ရှိကာ Cyclone Shelter ရှေ့ကာအဖြစ် သောက်ရေကန်အဖြစ်လည်းကောင်း၊ ရေလွတ်သက်ကယ် ကုန်းမြင့်အဖြစ်လည်းကောင်း တည်ဆောက်ထားသည့် Hillock သို့ရောက်ရှိပြီး Hillock ၊ သောက်ရေကန်နှင့် Cyclone Shelter ဆောက်လုပ်မည့်နေရာကို ကြည့်ရှုစစ်ဆေးရာ ဧရာရွှေဝါမှ ဒါရိုက်တာ ဦးသောင်းစိန်က ရှင်းလင်းတင်ပြသည်။ရှင်းလင်းတင်ပြသည်များနှင့်စပ်လျဉ်း၍ ၀န်ကြီးချုပ်က Hillock ဘေးပတ်လည်၌ လေကာပင်၊ အုန်းပင်နှင့် ကွမ်းသီးပင်များ စိုက်ပျိုးရန်နှင့် တောင်ကုန်းတာပေါင်ပေါ်၌ ဌက်ပျောပင်စိုက်ပျိုးရန် မှာကြားသည်။
မိုးမကျမီ
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဇင်ရွဲလေးကျေးရွာမှ ရဟတ်ယာဉ်များဖြင့် သင်္ကန်းကြီး-စလူဆိပ်-ပြင်စလူလမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြင်စလူမြို့သို့ ရောက်ရှိကြသည်။တစ်ဆက်တစ်စပ်တည်း
ထို့နောက် မော်လမြိုင်ကျွန်းမြို့သို့ ရောက်ရှိကြပြီး နိုင်ငံတော်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လမ်းများဖောက်လုပ်ရာတွင် လမ်းဖြစ်မြောင်းဖြစ် တစ်ဆက်တစ်စပ်တည်းဖောက်လုပ်ရန်၊ ဖောက်လုပ်ပြီးမြောင်းတွင် မိုးရေသိုလှောင်ပြီး စိုက်ပျိုးရေးတွက် အသုံးပြုရန်၊ ရေငန်ဝင်ရောက်သည့်နေရာများတွင် ရေငန် မ၀င်ရောက်နိုင်ရေး တာပိတ်ရန် မှာကြားသည်။ပေးအပ်
ဆက်လက်၍ မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များစုပေါင်းလှူဒါန်းသည့် အပ်ချုပ်စက် ၃၁လုံးကို အလှူရှင်များက သင်တန်းတာဝန်ခံနှင့် သင်တန်းသူများထံ ပေးအပ်ကြသည်။ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်း၊ တံတားစီမံကိန်းလုပ်ငန်းများကို လမ်းပြီး၊ တံတားပြီးတစ်ဆက်တစ်စပ်တည်း အသုံးပြုနိုင်အောင် ဆောင်ရွက်ကြရေး မှာကြားသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မော်လမြိုင်ကျွန်းမြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာလာကြရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
0 comments:
Post a Comment