၂၀၀၉ခုနှစ် (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ကြမည့် ပြည်နယ်နှင့်တိုင်း အသီးသီးမှ ပြည်ထောင်စုနေ့ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ (၇)ရက် နံနက်ပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် တာဝန်ရှိသူများလိုက်ပါလျက် အဖွဲ့များခွဲ၍ မော်တော်ယာဉ်များဖြင့် နေပြည်တော် ငလိုက်ကန်သာ အပန်းဖြေစခန်းသို့ သွားရောက်ကြည့်ရှု လေ့လာကြရာ နေပြည်တော် ပျဉ်းမနား ဆည်မြောင်း ထိန်းသိမ်းရေးမှ လက်ထောက်ညွှန်ကြားရေမှူး ဦးမျိုးမြင့်အောင်က ငလိုင်ကန်သာ အပန်းဖြေစခန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုနေ့ ကိုယ်စားလှယ်များသည် အပန်းဖြေစခန်းအတွင်း လှည့်လည်ကြည့်ရှု လေ့လာကြသည်။
ပြည်ထောင်စုနေ့ ကိုယ်စားလှယ်များသည် နေပြည်တော် ပျဉ်းမနားရှိ ပေါင်းလောင်းရေလှောင်တမံ၊ နေပြည်တော်မြို့မဈေး၊ ကျန်းမာရေးဝန်ကြီးဌာန အမျိုးသားပရဆေးဥယျာဉ်၊ နေပြည်တော် ရေပန်းဥယျာဉ်နှင့် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) တို့ကိုလည်း သွားရောက် ကြည့်ရှုလေ့လာကြသည်။