လွတ်လပ်ရေး၏အရသာ.....လွတ်လပ်ရေး၏ အကျိုးကျေးဇူးအဖြာဖြာ

မည်သို့မျှ လက်လွတ်ဆုံးရှုံးမခံနိုင်သော အဖိုးမဖြတ်နိုင်သည့် အမျိုးသားပိုင်ရတနာမွန်ကို ပြပါဆိုလျှင် နိုင်ငံတော်၏ လွတ်လပ်ရေးတည်းဟုသော ရတနာကိုညွန်ပြရမည်ဖြစ်ပါသည်။ လုံးဝလွတ်လပ်ရေး၏ အဓိပ္ပာယ်မှာ အကြင်နိုင်ငံတော်နှင့် အကြင်နိုင်ငံသူ၊နိုင်ငံသားတိုင်းသည် အချုပ်အခြာအာဏာကို မိမိတို့ကိုယ် တိုင်ပိုင်ဆိုင်ခြင်း၊ ယင်းအချုပ်အခြာအာဏာရပ်ကြီးကို မိမိတို့ကိုယ်တိုင် စိတ်တိုင်းကျကိုင်တွယ်ကျင့်သုံးခွင့်ရ ခြင်း ၊ နိုင်ငံပိုင်နက်မြေအားလုံး (ရေပိုင်နက်၊ လေထုပိုင်နက်အပါအ၀င်)နှင့်မြေပေါ်မြေအောက်၊ ရေပေါ်ရေ အောက်နှင့်လေထုအတွင်းရှိ သဘာဝ သယံဇာတများ၊ စိုက်ပျိုးထုတ်လုပ်သော သီးနှံများ ၊စက်ရုံအလုပ်ရုံ ထွက်ကုန်ပစ္စည်းများအားလုံးကို ယင်းနိုင်ငံသားများကသာ ပိုင်ဆိုင်ခြင်း ၊မိမိတို့တစ်မျိုးသားလုံး ကောင်းကျိုး ချမ်းသာဖြစ်စေနိုင်မည့်လမ်းကို မိမိတို့ကိုယ်တိုင်ရွေးချယ်အကောင်အထည်ဖော်နိုင်ခြင်း၊ တစ်ပါးတခြားသော နိုင်ငံများအား မှီခိုအားထားနေရမှုမျိုး လုံးဝ ကင်းခြင်းတို့ပင်ဖြစ်ပါသည်။
0 comments:
Post a Comment