၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအကြီးအကဲများထံမှ သ၀ဏ်လွှာများပေးပို့
ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ လည်းကောင်း၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးထံသို့လည်းကောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်လည်းကောင်း၊နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဥာဏ်ဝင်းထံသို့ လည်းကောင်း ကမ္ဘာ့နိုင်ငံအကြီးအကဲများထံမှ ၀မ်းမြောက်သ၀ဏ်လွှာများ ပေးပို့လျက်ရှိသည်။
တိုထံမှ ပေးပို့သော သ၀ဏ်လွှာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ၌ ၀မ်းမြောက်စွာ နှုတ်ခွန်းဆက်သအပ်ပါကြောင်းနှင့် မြန်မာပြည်သူပြည်သားများအားလုံး ချမ်းသာပျော်ရွှင်ကြပါစေရန် ဆန္ဒပြုအပ်ပါကြောင်း ဖော်ပြထားသည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ အိန္ဒိယသမ္မတနိုင်ငံ သမ္မတနိုင်ငံ သမ္မတ မစ္စစ်ပရာတီဘာဒေဗီဆင်ပတေးလ်ထံမှ ပေးပို့သော သ၀ဏ်လွှာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယ၌ ကျွန်ုပ်အနေဖြင့်လည်းကောင်း၊အိန္ဒိယပြည်သူများအနေဖြင့်လည်းကောင်း နွေးထွေးစွာ နှုတ်ခွန်းဆက်သအပ်ပါကြောင်း။
အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် ရာစုနှစ်နှင့်ချီ၍ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုအစဉ်အလာရှိသည့် နိုင်ငံများဖြစ်ကြောင်း၊မကြာသေးမီနှစ်များအတွင်းက နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင် ဆောင်ကြဉ်းနိုင်ခဲ့ပြီး နယ်ပယ်သစ်များသို့လည်း ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်နိုင်ခဲ့ကြောင်း၊လာမည့်နှစ်များတွင်လည်း နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သော ချစ်ခင်ရင်းနှီးစွာ ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ပိုမိုတိုးတက်ခိုင်မာလာမည်ဟု မျှော်လင့်ကြောင်း ဖော်ပြပါရှိသည်။
ဂျပန်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ဂျပန်ဘုရင် အကီဟီတိုထံမှ ပေးပို့သော သ၀ဏ်လွှာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ၌ ၀မ်းမြောက်စွာ နှုတ်ခွန်းဆက်သအပ်ပါကြောင်းနှင့် မြန်မာပြည်သူပြည်သားများအားလုံး ချမ်းသာပျော်ရွှင်ကြပါစေရန် ဆန္ဒပြုအပ်ပါကြောင်း ဖော်ပြထားသည်။
အိန္ဒိယ
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ အိန္ဒိယသမ္မတနိုင်ငံ သမ္မတနိုင်ငံ သမ္မတ မစ္စစ်ပရာတီဘာဒေဗီဆင်ပတေးလ်ထံမှ ပေးပို့သော သ၀ဏ်လွှာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယ၌ ကျွန်ုပ်အနေဖြင့်လည်းကောင်း၊အိန္ဒိယပြည်သူများအနေဖြင့်လည်းကောင်း နွေးထွေးစွာ နှုတ်ခွန်းဆက်သအပ်ပါကြောင်း။
အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် ရာစုနှစ်နှင့်ချီ၍ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုအစဉ်အလာရှိသည့် နိုင်ငံများဖြစ်ကြောင်း၊မကြာသေးမီနှစ်များအတွင်းက နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင် ဆောင်ကြဉ်းနိုင်ခဲ့ပြီး နယ်ပယ်သစ်များသို့လည်း ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်နိုင်ခဲ့ကြောင်း၊လာမည့်နှစ်များတွင်လည်း နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သော ချစ်ခင်ရင်းနှီးစွာ ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ပိုမိုတိုးတက်ခိုင်မာလာမည်ဟု မျှော်လင့်ကြောင်း ဖော်ပြပါရှိသည်။
လာအို
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ကျုမာလီဆိုင်ညဆွန်ထံမှ ပေးပို့သော သ၀ဏ်လွှာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ၌ ၀မ်းမြောက်စွာ နှုတ်ခွန်းဆက်သအပ်ပါကြောင်း၊ မိမိအနေဖြင့်လည်းကောင်း၊ လာအိုပြည်သူများကိုယ်စားလည်းကောင်း မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေရန် ဆန္ဒပြုအပ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အခြေခံမူနှင့်အညီ ဆက်ဆံရေး ခိုင်မာတိုးတက်လျက်ရှိကြောင်း၊ လာမည့်နှစ်များတွင်လည်း မိမိတို့နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားအလို့ဌာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ ရင်းနှီးချစ်ကြည်မှုသည် ဒေသတွင်းနှင့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိရေးအတွက် အထောက်အကူပြုမည်ဖြစ်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
0 comments:
Post a Comment