စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်လွန်းသီ ကွမ်းခြံကုန်းမြို့ စံပြရပ်ကွက်ပြည်သူများနှင့် တွေ့ဆုံ
စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်လွန်းသီသည် ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့ စံပြရပ်ကွက်သို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကိစ္စရပ်များနှင့် လူနေအိမ်ရာများ ပြန်လည်တည်ဆောက်ပေးမည့် အစီအစဉ်ကို ရှင်းလင်းပြောကြားသည်။
အဆိုပါ စံပြရပ်ကွက်၌ ချိကျီဗုဒ္ဓဘာသာဖောင်ဒေးရှင်းက လူနေအိမ် ၅၂၄ လုံး၊ စာသင်ကျောင်း တစ်ကျောင်း၊ ဆေးခန်း၊ စာကြည့်တိုက်နှင့် အုပ်ချုပ်မှုရုံး အဆောက်အအုံတို့ကို ၂၀၀၉ ခုနှစ်အတွင်း အပြီးဆောက်လုပ် လှူဒါန်း သွားမည်ဖြစ်သည်။
ဝန်ကြီးသည် ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲပိုင်းတွင် မန်းကလိတ်ကျေးရွာအုပ်စု၌ ကျင်းပသော မန်းကလိတ်ကျေးရွာအုပ်စုနှင့် တောကျောင်းကျေးရွာ အုပ်စုများရှိ အိမ်ထောင်စုပေါင်း ၁၂၁၈ စုမှ ပြည်သူများ အတွက် အလှူရှင်များ၏ ဆန်၊ ဆီ၊ ပဲ စသည့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက် အားပေးပြီး ကျေးရွာပြည်သူများအား ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment