(၆၁)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်း ချောက်မြို့နယ် အမှတ်(၁၀)နယ်မြေ အေးစေတီရပ်ကွက်ရှိ အေးစေတီလမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၀၈ခုနှစ် ဒီဇင်ဘာလ ၃၀ရက် နံနက် ၈နာရီတွင် အဆိုပါ ကတ္တရာလမ်းသစ် မုခ်ဦး၌ ကျင်းပသည်။
ထို့နောက် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးသန်းတို့က ကတ္တရာလမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကြွရောက်လာသော ဧည့်ပရိသတ်များနှင့်အတူ ကတ္တရာလမ်းသစ်ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
အဆိုပါ အေးစေတီလမ်း ကတ္တရာလမ်းသစ်သည် အရှည် ပေ ၁၃၀၀၊ အကျယ် ၁၂ ပေဖြစ်ပြီး ယင်းကတ္တရာလမ်းသစ်ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေ ကျပ် ၉၅၁၃၀၀၀ ဖြင့် ချောက်မြို့မယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။