ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ကျော်ဆန်း မြန်မာနိုင်ငံ ပုံနှိပ်နှင့်ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း အမှုဆောင်များအား တွေ့ဆုံဆွေးနွေး
ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ကျော်ဆန်းနှင့် မြန်မာနိုင်ငံ ပုံနှိပ်နှင့်ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း အမှုဆောင်များ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ၀င်္ကပါလမ်းရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမောင်မောင်က အသင်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ၀န်ကြီးဗိုလ်မှူးချုပ် ကျော်ဆန်းက မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း အနေဖြင့် ပုံနှိပ်နှင့် ထုတ်ဝေရေးလုပ်ငန်းများ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး ၊ပုံနှိပ်နှင့် ထုတ်ဝေရေး လောကသားများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်ရေး စသည့် ရည်ရွယ်ချက်များအတိုင်း အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ ၀န်ကြီးဌာနအနေဖြင့်လည်း လိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်း ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများအပေါ် နည်းလမ်းများ ရှာဖွေကြံဆပူးပေါင်း ဖြေရှင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
0 comments:
Post a Comment