ပြည်နယ်နှင့်တိုင်းများ ဖွံ့ဖြိုးရေး ရထားလမ်းများတိုးချဲ့ဖွင့်လှစ်ပြည်ထောင်စု တစ်ဝန်းလွယ်ကူချောမွေ့စွာသွားလာနိုင်
ရထားပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာ့မီးရထား၏ ပျော်ဘွယ်-ဘုရားငါးဆူ ရထားလမ်းသစ်ကို နိုဝင်ဘာ ၃၀ရက်က ခမ်းနားသိုက်မြိုက်စွာ ဖွင့်လှစ်ပေးခဲ့သည်။နိုင်ငံတော်ကို ဘက်စုံကဏ္ဍစုံ အရှိန်အဟုန်ဖြင့် ကြိုးပမ်းအကောင်အထည်ဖော် တည်ဆောက်ရာတွင် လမ်းပန်းဆက်သွယ်မှု အဆင်ပြေလုံခြုံချောမွေ့စေရေးသည် အဓိကကျသော အခန်းကဏ္ဍက ပါဝင်လျက်ရှိသည်။လမ်းပန်းဆက်သွယ်ရေး ကောင်မွန်တိုးတက်မှသာ ဒေသစီးပွားရေး တိုးတက်လာမည်ဖြစ်ပြီး စီးပွားရေးတိုးတက်မှသာ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပေသည်။ယခုဖွင့်လှစ်ခဲ့သည့် ရထားလမ်းသစ်သည် အရှည်၁၆ဒဿမ၁၉မိုင်ရှိပြီး မန္တလေးတိုင်း ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် ရန်ကုန်-မန္တလေးလမ်းပေါ်၌ တည်ရှိသည့် ပျော်ဘွယ်ဘူတာနှင့် မိတ္ထီလာခရိုင် ယင်းမာပင်မြို့နယ် သာစည်-ရွှေညောင် ရထားလမ်းပေါ်တွင်ရှိသည့် ဘုရားငါးဆူဘူတာကို ဆက်စပ်ပြီး ဖောက်လုပ်ထားခြင်းဖြစ်သည်။မန္တလေးတိုင်း အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ရာ လယ်ယာကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ စသည်ဖြင့် ကဏ္ဍအသီးသီး၌ တိုးတက်ပြောင်းလဲလျက်ရှိပြီး ဒေသခံပြည်သူများ အကျိုးကျေးဇူးရရှိခံစားနေကြပြီ ဖြစ်သည်။ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ပျော်ဘွယ်-ဘုရားငါးဆူ ရထားလမ်းကို ဆက်စပ်ပြီးဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်မှ ထွက်ရှိသော ဒေသထွက်ကုန်များကို ရထားဖြင့်သယ်ယူပို့ဆောင်ရာ၌ သာစည်သို့ဝင်ရန်မလိုတော့ဘဲ နေပြည်တော်နှင့် ရန်ကုန်သို့ ရထားဖြင့်တောက်လျှောက် သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။ရထားပို့ဆောင်ရေး လုပ်ငန်းသည် ခရီးသည်နှင့်ကုန်စည်များကို အချိန်တိုအတွင်း များများသယ်ယူပို့ဆောင်နိုင်သော လုပ်ငန်းဖြစ်သည့်အပြင် သက်သောင့်သက်သာရှိမှု ၊ စရိတ်စကသက်သာမှုတို့ကြောင့် ပြည်သူများအားထားရာ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းလည်းဖြစ်သည်။သို့ဖြစ်ပေရာနိုင်ငံတော်က ရထားလမ်းများကို တစ်နေရာမှ တစ်နေရာ ၊ ဒေသတစ်ခုမှတစ်ခု ကွန်ရက်သဖွယ် တိုးချဲ့ဖောက်လုပ်ပေးလျက်ရှိရာ တိုင်းရင်းသားပြည်သူများ အနေဖြင့် ပြည်ထောင်စုတစ်ဝန်း ထက်အောက်စုန်ဆန် လွယ်ကူချောမွေ့မြန်ဆန်စွာ သွားလာနိုင်ကြပြီ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
0 comments:
Post a Comment