နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဗီယက်နမ်နိုင်ငံမှ နေပြည်တော်သို့ပြန်လည်ရောက်ရှိ
ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ ရောက်ရှိနေသော ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် နိုင်ငံခြားရေး ၀န်ကြီးဌာန၀န်ကြီး ဦးဥာဏ်ဝင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၀န်ကြီး ဦးစိုးသာ၊ အစိုးရ အဖွဲ့ရုံးညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးသန့်ရှင်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် နိုဝင်ဘာ၈ရက် ဒေသစံတော်ချိန် မွန်းလွဲ၂နာရီခွဲတွင် ခေတ္တတည်းခိုသည့် ဟနွိုင်းမြို့ရှိ ဟနွိုင်းဒေ၀ူးဟိုတယ်မှ နွိုင်ဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြသည်။ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အား ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်သံအမတ်ကြီး ဦးအောင်သိမ်းနှင့်ဇနီး၊ စစ်သံမှူး ဗိုလ်မှူးချုပ်သန်းအောင် နှင့်ဇနီး ၊ စစ်သံမှူး ဗိုလ်မှူးကြီး တင်ထွန်းအေးနှင့်ဇနီး၊ သံရုံးမိသားစုများ၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ပြန်ကြားရေးနှင့်ဆက်သွယ်ရေး ၀န်ကြီးဌာန၀န်ကြီး H.E.Mr.Le Doam Hop တို့က နွိုင်ဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသော အထူးလေယာဉ်သည် ဟနွိုင်းမြို့ နွိုင်ဘိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီခွဲတွင် ပြန်လည်ထွက်ခွာခဲ့ရာ နေပြည်တော်သို့ ညနေ၃နာရီမိနစ်၅၀တွင် ပြန်လည်ရောက်ရှိသည်။
0 comments:
Post a Comment