တတိယအကြိမ် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် မဟာဗျူဟာ ထိပ်သီးဆွေးနွေးပွဲ
ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် နိုဝင်ဘာ ၇ ရက် နံနက် ၉နာရီတွင် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဟနွိုင်းမြို့ National Convention Centre ရှိ အခန်းအမှတ် (၃၃၉)၌ ကျင်းပသည့် တတိယအကြိမ် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်သည်။အဆိုပါ ဆွေးနွေးပွဲသို့ ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ် မစ္စတာဆမ်ဒက်ဟွန်ဆန် ၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဘိုဝါဆွန်ဘုဖာဝမ်း ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာဆွမ်ချိုင်းဝမ်ဆာဝပ် ၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်းတို့ တက်ရောက်ကြပြီး မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဥာဏ်ဝင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၀န်ကြီး ဦးစိုးသာ၊ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးသန့်ရှင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နိုင်ငံတို့မှ သက်ဆိုင်ရာဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
0 comments:
Post a Comment