ရန်ကုန်တိုင်း စိုက်ပျိုးရေးအထူးဇုန်(၁)နှင့် (၂)တို့ရှိ လယ်မြေဧက ၈၇၃၀၌ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် လယ်သမားများက စက်ကိရိယာများ အသုံးပြုပြီး ....
ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေသည် ယနေ့မွန်းလွဲ ၂နာရီတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ငမိုးရိပ်ရေထိန်းတံခါးအနီးရှိ ရှင်းလင်းဆောင်၌ ကျင်းပသည့် စပါးပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များ တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားသည်။
ထို့နောက် ရန်ုကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ၀င်းမြင့်က စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် လယ်သမားများက ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးသွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ယင်းနောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ပံ့ပိုးကူညီနိုင်သည်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် စိုက်ပျိုးရေးလုပ်ငန်းရှင်များက ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များ၊ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးသည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်းပံ့ပိုး ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ရန်ကုန်တိုင်း စိုက်ပျိုးရေးအထူးဇုန်(၁)နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်များရှိ ရန်ကုန်တိုင်း စိုက်ပျိုးရေးအထူးဇုန်(၂)တို့ရှိ လယ်မြေ ၈၇၃၁ဧက၌ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် လယ်သမားများက စက်ကိရိယာများကို အသုံးပြုပြီး အထွက်တိုး မျိုးကောင်းမျိုးသန့် စပါးများကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

0 comments:
Post a Comment