အိုဘားမားက စီအိုင်အေနေ့စဉ်လုပ်ငန်း အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံရသူ
ထိပ်တန်းလျှို့ဝှက် ထောက်လှမ်းရေး သတင်းရှင်းလင်း တင်ပြမှုများသည် သမ္မတဘုရှ်အား နေ့စဉ်တင်ပြသည့် သတင်းများနှင့် အလားတူပင်ဖြစ်မည်ဟု ထိုလုပ်ငန်းစဉ်နှင့် အကျွမ်းဝင်သည့် အမေရိကန် အရာများ၏ အဆိုအရသိရသည်။ ထောက်လှမ်းရေး သတင်းတင်ပြသူများအား အဖွဲ့အဖြစ်ရွေးချယ်ပြီး ၄င်းတို့က အထက်လွှတ်တော် အမတ်အိုဘားမားအား နေ့စဉ်ရှင်းလင်းတင်ပြမှုများ စတင်လုပ်ဆောင်နေကြပြီဖြစ်သည်။
ဘုရှ်အား နံနက်ပိုင်းတွင် တစ်ပတ်လျှင် ခြောက်ရက်မျှ တင်ပြမည်ဖြစ်သည်။ အရေးကြီးဆုံး သတင်းများဖြင့် သမ္မတက နောက်ဆုံးဖြစ်ပေးနေသည့် ခြိမ်းခြောက်မှုများနှင့် မိမိနိုင်ငံ၏သူလျှိုများက နိုင်ငံအား ကူညီကာကွယ်ရန် မည်သို့ လုပ်ဆောင်နေကြသည်ကို သိရှိမည်ဖြစ်သည်။ ၄င်းတို့တွင် သူလျှိုများ ဂြိုလ်တုရုပ်ပုံများနှင့် အီလက်ထရောနစ်ကြားဖြတ် ဖမ်းယူမှုများ ပါဝင်မည်ဖြစ်သည်။ အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူဟောင်း အာရီဖလိုက်ချာက ပီဒီဘီကို "အစိုးရအဖွဲ့အတွင်းမှ အဆင့်မြင့်ဆုံး အရေးကြီးသည့် အထောက်အထားများအား စုစည်းထားခြင်း" ဟူ၍ ခေါ်ခဲ့သည်။
အသစ်ရွေးချယ်ထားသည့် သမ္မတသို့ သတ်မှတ်ရက်မှစ၍ နေ့စဉ်အစီရင်ခံရန် အသင့်ဖြစ်ရေးကို ဒီအင်အိုင် ရုံးမှ တာဝန်ယူရရာ အထက်တန်းထောက်လှမ်းရေး အရာရှိများအား သမ္မတရွေးချယ်ခံရသူသို့ လူကိုယ်တိုင် တင်ပြရှင်းလင်းရန် ရွေးချယ်တာဝန်ပေးထားသည်။ သမ္မတအဖြစ် ရွေးချယ်ခံရသူအသစ်က မည်သည့်နေရာတွင် ရောက်ရှိနေသည်ဖြစ်စေ ထိုအတိုင်းလုပ်ဆောင်ရမည်ဖြစ်ရာ ပစ္စည်းကိရိယာများ၊ ကွန်ပြူတာများ၊ တယ်လီဖုန်းများနှင့် ရုံးအဖွဲ့နေရာတို့ကို ကြိုတင်နေရာချထား၍ လုပ်ဆောင်ရမည်ဖြစ်သည်။
သမ္မတ ကလင်တန်သည် နေ့စဉ်သတင်းပေးပို့ချက်များကို မိမိဘာသာ ဘတ်ရှုခြင်းကို နှစ်သက်သည်ဖြစ်၍ လူခြင်းတွေ့ဆုံရှင်းလင်းခြင်းကို ရှောင်ရှားလေ့ရှိသည်။
ကလင်တန်၏ ပထမဗဟို ထောက်လှမ်းရေးမှူးဖြစ်သူ ဂျိမ်းစ်ဝူလ်ဆေသည် သမ္မတနှင့် အချိန်အနည်းငယ်မျှသာ တွေ့ခွင့်ရ၍ ၁၉၉၄ ခုနှစ်တွင် အိမ်ဖြူတော်မျက်ခင်းပြင်သို့ ပျက်ကျသည့် လေယာဉ်ငယ်မှာ သမ္မတနှင့် တွေ့ခွင့် ရရန်ကြိုးစားလျက်ရှိသည့် ၀ူလ်ဆေသာဖြစ်ကြောင်း ရယ်ရွှင်ဖွယ် ပျက်လုံးထုတ်ခဲ့ကြသည်။ ကလင်တန်အား ဆက်ခံသူ သမ္မတ ဂျော့ဒဘလျူဘုရှ်သည် ချက်ချင်းပင် ၄င်း၏ ထောက်လှမ်းရေး အကြီးအကဲအား နေ့စဉ်ရှင်းလင်းတင်ပြမှုများကို ဆောင်ရွက်ပေးခဲ့သည်ဖြစ်သည်။
ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရသူ ဂျိုးဇက်ဘီဒင်သည်လည်း ပီဒီဘီရှင်းလင်းတင်ပြမှုများကို လက်ခံမည်ဖြစ်သည်။

0 comments:
Post a Comment